Connect with us

International Organizations

နှစ်နိုင်ငံဖြေရှင်းမှုနည်းလမ်းသည် ပါလက်စတိုင်းအရေးအား ဖြေရှင်းရန် တစ်ခုတည်းသော ဖြစ်နိုင်ခြေရှိသည့် ထွက်ပေါက်ဖြစ်ကြောင်း တရုတ်ဘက်က အလေးထားပြောကြား

ဂါဇာဒေသ ဂါဇာမြို့တွင် သဲမုန်တိုင်းရာသီဥတုကြား၌ ယာယီရွက်ဖျင်တဲစခန်းတစ်နေရာအား ၂၀၂၆ ခုနှစ် မတ် ၁၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကုလသမဂ္ဂ၊ မေ ၉ ရက် (ဆင်ဟွာ)

နှစ်နိုင်ငံဖြေရှင်းမှုနည်းလမ်းသည် ပါလက်စတိုင်းအရေးအား ဖြေရှင်းရန် တစ်ခုတည်းသော ဖြစ်နိုင်ခြေရှိသည့် ထွက်ပေါက်ဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ သံမှူး ထိန်ဖေးက မေ ၈ ရက်တွင် ကျင်းပသည့် ဂျော်ဒန်မြစ်အနောက်ဘက်ကမ်း အခြေအနေဆိုင်ရာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ Arria-formula အစည်းအဝေး၌ ပါဝင်ဆွေးနွေးမှုအတွင်း ပြောကြားခဲ့သည်။

လတ်တလောကာလတွင် ဂျော်ဒန်မြစ်အနောက်ဘက်ကမ်းအခြေအနေသည် အရှိန်မြင့်ဆိုးရွားလာနေပြီး အကြမ်းဖက်မှုနှင့် တရားမဝင်လှုပ်ရှားမှုများက တစ်နေ့တခြားသောင်းကျန်းလာကြောင်း ပါလက်စတိုင်းပြဿနာ ကြာရှည်စွာဖြစ်ပွားနေသည်မှာ နှစ်ဆယ်ချီကြာပြီဖြစ်ကာ လုံခြုံရေးကောင်စီနှင့် ကုလသမဂ္ဂ အထွေထွေညီလာခံတို့က ဆက်စပ်ဆုံးဖြတ်ချက်များ အတည်ပြုပြီးဖြစ်သလို နိုင်ငံတကာတရားရုံး (ICJ) ကလည်း သိမ်းပိုက်မှုအရေးနှင့်စပ်လျဉ်း၍ အကြံပြုချက်များ ပေးအပ်ပြီးဖြစ်ကြောင်း၊ သို့သော် အခြေအနေတိုးတက်ပြောင်းလဲလာရန် ခက်ခဲရခြင်း၏ အရင်းခံအကြောင်းရင်းမှာ သက်ဆိုင်ရာ ဆုံးဖြတ်ချက်များ အကောင်အထည်ဖော်နိုင်မှု မရှိခြင်းကြောင့်ဖြစ်ကြောင်း၊ နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် လက်တွေ့လှုပ်ရှားမှုများ လုပ်ဆောင်ကာ ဂျော်ဒန်မြစ်အနောက်ဘက်ကမ်း တည်ငြိမ်မှုကို အမြန်ဆုံး ပြန်လည်ဖော်ဆောင်ပြီး ပါလက်စတိုင်းအရေးကိစ္စ ဘက်စုံ၊ တရားမျှတစွာနှင့် ရေရှည်ဖြေရှင်းနိုင်မှု ဆောလျင်စွာရရှိရန် တွန်းအားပေးဆောင်ရွက်သင့်ကြောင်း ထိန်ဖေးက ပြောကြားခဲ့သည်။

တရားမဝင် အခြေချနေထိုင်ရာနေရာ လှုပ်ရှားမှုကို မဖြစ်မနေတားဆီးရမည်ဟု ထိန်ဖေးက ထောက်ပြခဲ့သည်။ လက်ရှိတွင် သိမ်းပိုက်သူဘက်က အခြေချနေထိုင်ရာမူဝါဒများကို အရှိန်မြှင့် ထုတ်ပြန်၍ အခြေချနေထိုင်ရာနေရာ လှုပ်ရှားမှုများကို တိုးချဲ့လုပ်ဆောင်ခဲ့သောကြောင့် ပါလက်စတိုင်း နေအိမ် အများအပြား ပျက်စီးမှုနှင့် ပြည်သူများနေရပ်စွန့်ခွာမှု ဖြစ်ခဲ့ကြောင်း၊ အခြေချနေထိုင်ရာနေရာ လှုပ်ရှားမှုသည် နိုင်ငံတကာဥပဒေနှင့် လုံခြုံရေးကောင်စီ၏ အမှတ် ၂၃၃၄ ဆုံးဖြတ်ချက်ကို ချိုးဖောက်ပြီး တရားမဝင်သိမ်းပိုက်မှုကို ဆိုးရွားစေကာ နှစ်နိုင်ငံဖြေရှင်းမှုနည်းလမ်း အုတ်မြစ်ကို တိုက်စားနေကြောင်း၊ အစ္စရေးအနေဖြင့် နိုင်ငံတကာအသိုင်းအဝိုင်း၏ ပြင်းပြင်းထန်ထန် တိုက်တွန်းတောင်းဆိုသံကို နားဆင်ကာ အခြေချနေထိုင်ရာနေရာ လှုပ်ရှားမှုကို ချက်ချင်းရပ်တန့်ပြီး တရားမဝင်သိမ်းပိုက်မှုကို အဆုံးသတ်သင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ပါလက်စတိုင်း အရပ်သားပြည်သူများ၏ ဘေးကင်းလုံခြုံမှုကို မဖြစ်မနေ ကာကွယ်ပေးရမည်ဖြစ်ကြောင်း၊ တရုတ်ဘက်အနေဖြင့် အရပ်သားပြည်သူများအား ရည်ရွယ်သည့် အကြမ်းဖက်မှုမှန်သမျှကို ပြစ်တင်ရှုတ်ချကြောင်း၊ အစ္စရေးအနေဖြင့် လက်တွေ့အစီအမံများဖြင့် အနောက်ဘက်ကမ်း အကြမ်းဖက်မှု အခြေအနေကို ချက်ချင်းတားဆီးရန်၊ တိုက်ခိုက်မှုဖြစ်ရပ်အားလုံးအပေါ် လေးလေးနက်နက် အရေးယူရန် တိုက်တွန်းကြောင်း ထိန်ဖေးက ပြောကြားခဲ့သည်။

ကန့်သတ်ချက်အထပ်ထပ်နှင့် ဖိနှိပ်မှုများကြားတွင် ပါလက်စတိုင်း အမျိုးသားအာဏာပိုင်အဖွဲ့၏ ဘဏ္ဍာရေးအကျပ်အတည်းသည် တစ်နေ့တခြားဆိုးရွားလာပြီး အများပြည်သူဝန်ဆောင်မှုသည်လည်း မဖြစ်မနေ လျှော့ချရကာ ပြည်သူများလူနေမှုဘဝ ပိုမိုခက်ခဲလာကြောင်း၊ အစ္စရေးအနေဖြင့် အနောက်ဘက်ကမ်း စီးပွားရေးအပေါ် ကျိုးကြောင်းဆီလျော်မှုမရှိသော ကန့်သတ်ချက်များ ပယ်ဖျက်ကာ ကိုယ်စားကောက်ခံထားသော စည်းကြပ်ခွန်များ အမြန်ဆုံးပြန်လည်ပေးအပ်ပြီး ပါလက်စတိုင်း အမျိုးသားအာဏာပိုင်အဖွဲ့၏ စီမံခန့်ခွဲမှုအခြေခံအား ဖျက်ဆီးခြင်းကို ရပ်တန့်သင့်ကြောင်း ထိန်ဖေးက ပြောကြားခဲ့သည်။

နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် ပါလက်စတိုင်းအပေါ် ထောက်ခံအားပေးမှုကို မြှင့်တင်ပြီး ပါလက်စတိုင်း၏ စီမံခန့်ခွဲမှုစွမ်းရည်တိုးမြှင့်ရန်၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှု ဖော်ဆောင်ရန် ကူညီပေးသင့်ကြောင်း၊ နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် ပိုမိုကျယ်ပြန့်သော နိုင်ငံရေးအရ ထောက်ခံအားပေးမှုများကို စုစည်းပြီး ပါလက်စတိုင်းက ဆောလျင်စွာ ကိုယ်ပိုင်ရပ်တည်၍ နိုင်ငံထူထောင်ရန်၊ ကုလသမဂ္ဂ၏ တင်းပြည့် အဖွဲ့ဝင်နိုင်ငံဖြစ်လာရန် ထောက်ခံအားပေးရမည်ဖြစ်ကြောင်း၊ ဂါဇာနှင့် အနောက်ဘက်ကမ်းတို့သည် ပါလက်စတိုင်းနိုင်ငံ၏ ဖွဲ့စည်းပုံအစိတ်အပိုင်းဖြစ်ရာ ဂါဇာဒေသ ရေရှည်အပစ်ရပ်မှုဖော်ဆောင်ပြီး လူသားချင်းစာနာထောက်ထားမှု အကျပ်အတည်း ပြေလျော့ကာ စစ်ပွဲအလွန် ပြန်လည်တည်ဆောက်ရေး တွန်းအားပေးဖော်ဆောင်ရမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် နိုင်ငံတကာအသိုင်းအဝိုင်းနှင့်အတူ ပါလက်စတိုင်းပြည်သူများ အကျပ်အတည်း အဆုံးသတ်ရန်၊ နှစ်နိုင်ငံဖြေရှင်းမှုနည်းလမ်း အကောင်အထည်ဖော်ရန်၊ ပါလက်စတိုင်း-အစ္စရေး ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်မှုဖော်ဆောင်ရန်အတွက် မဆုတ်မနစ် ကြိုးပမ်းသွားလိုကြောင်း ၎င်းက‌ ပြောကြားခဲ့သည်။ (Xinhua)

—————–
(Chinese Version)
中方强调“两国方案”是解决巴勒斯坦问题唯一可行出路
新华社联合国5月8日电 中国常驻联合国代表团参赞滕飞8日在约旦河西岸局势安理会阿里亚模式会议上发言,强调“两国方案”是解决巴勒斯坦问题的唯一可行出路。
滕飞说,近期,约旦河西岸局势正加速恶化,暴力和非法活动日益猖獗。巴勒斯坦问题延宕几十年,安理会和联大早已通过系列决议,国际法院也就占领问题给出咨询意见,但局势难以改善的根本原因在于有关决定无法得到落实。国际社会应当采取实际行动,尽快恢复约旦河西岸稳定,推动巴勒斯坦问题早日得到全面、公正、持久解决。
滕飞指出,必须制止非法定居点活动。当前占领方加速出台定居点政策,扩张定居点活动,造成大量巴勒斯坦房屋毁坏和民众流离失所。定居点活动违反国际法和安理会第2334号决议,加剧非法占领,侵蚀“两国方案”基础。以色列应当听取国际社会的强烈呼声,立即停止定居点活动,结束非法占领。
滕飞表示,必须保护巴勒斯坦平民安全。中方谴责任何针对平民的暴力,呼吁以色列拿出切实措施,立即遏制西岸暴力形势,并对所有袭击事件严肃追责。
滕飞说,在多重限制和打压下,巴勒斯坦民族权力机构财政危机日益严峻,公共服务被迫压缩,民众生活愈发艰难。以色列应当取消对西岸经济的不合理限制,尽快返还代征税款,停止破坏巴勒斯坦民族权力机构治理基础。国际社会应加大对巴勒斯坦的支持,帮助巴勒斯坦增强治理能力,实现可持续发展。国际社会要汇聚更广泛的政治支持,推动巴勒斯坦早日独立建国和成为联合国正式会员国。加沙和西岸都是巴勒斯坦国的组成部分,要实现加沙持久停火,缓解人道危机,推进战后重建。中方愿同国际社会一道,为结束巴勒斯坦人民苦难、落实“两国方案”、实现巴以和平共处作出不懈努力。(完)
图说:这是3月14日在加沙城拍摄的沙尘天气中的一处临时帐篷营地。 新华社发(里泽克·阿卜杜勒贾瓦德摄)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.