Connect with us

Europe

ပြင်သစ်နှင့် ဗြိတိန်က ဟော်မုဇ်ရေလက်ကြား ရေကြောင်းစောင့်ရှောက်ရေးလှုပ်ရှားမှုအား ဦးဆောင်ရန် အီရန်ထံ အဆိုပြုပြီးဖြစ်ကြောင်း မက်ခရွန် ဆို

ဟော်မုဇ်ရေလက်ကြားကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပဲရစ်၊ မေ ၇ ရက် (ဆင်ဟွာ)
ပြင်သစ် သမ္မတ မက်ခရွန်သည် မေ ၆ ရက်တွင် အီရန်သမ္မတ မာဆော့ ပါဇက်ရှ်ကီရမ်နှင့် ဖုန်းဖြင့်ဆက်သွယ်ပြီးနောက် လူမှုမီဒီယာ၌ ပို့စ်တင်၍ ၎င်းအနေဖြင့် ပြင်သစ်နှင့် ဗြိတိန်က ဦးဆောင်သော ဟော်မုဇ်ရေလက်ကြား နိုင်ငံစုံရေကြောင်းစောင့်ရှောက်ရေးလှုပ်ရှားမှုကို စဉ်းစားပေးရန် အီရန်ထံသို့ အဆိုပြုခဲ့ကြောင်း၊ တစ်ချိန်တည်းတွင် ဘက်အသီးသီးက အဆိုပါရေလက်ကြားအပေါ် ပိတ်ဆို့မှုများကို “ချက်ချင်း ခြွင်းချက်မရှိဘဲ” ပယ်ဖျက်ပေးရန်လည်း တိုက်တွန်းခဲ့ကြောင်း ပြောကြားခဲ့သည်။
အဆိုပါ ရေကြောင်းစောင့်ရှောက်ရေးလှုပ်ရှားမှုသည် “အနက်အဓိပ္ပာယ်အရ ကြားနေပြီး စစ်ပွဲဖြစ်ပွားနေသည့် ဘက်အသီးသီးပြင်ပ၌ လွတ်လပ်စွာရပ်တည်” နေကာ သင်္ဘောပိုင်ရှင်နှင့် အာမခံလုပ်ငန်းလောက၏ ယုံကြည်ချက်အား ပြန်လည်တည်ဆောက်ပေးရန် အထောက်အကူပြုကြောင်း၊ “အီရန်သမ္မတက ဒီတစ်ခါအခွင့်အရေးကို အမိအရဖမ်းဆုပ်ဖို့ ကျွန်တော်ဖိတ်ခေါ်ပြီးဖြစ်သလို တစ်ချိန်တည်းမှာလည်း အဆိုပါအကြောင်းအရာနဲ့ ပတ်သက်ပြီး (အမေရိကန်) သမ္မတ ထရမ့်နဲ့ ဆွေးနွေးညှိနှိုင်းဖို့ စီစဉ်နေပါတယ်” ဟု မက်ခရွန်က ပို့စ်တွင် ပြောကြားခဲ့သည်။
မက်ခရွန်က ဖုန်းဖြင့်ဆက်သွယ်ရာ၌ လက်ရှိအခြေအနေ အဆင့်မြင့်တက်လာမှုနှင့် စပ်လျဉ်းပြီး “များစွာဂရုပြု” ကြောင်း ပြောကြားခဲ့ပြီး ယူအေအီးနိုင်ငံ အရပ်ဘက်သုံးအဆောက်အဦများနှင့် သင်္ဘောအစင်းများစွာကို ဦးတည်၍ “အကြောင်းမဲ့တိုက်ခိုက်မှု” ကို ပြစ်တင်ရှုတ်ချကြောင်း ဆိုခဲ့သည်။ ဥရောပအနေဖြင့် ဟော်မုဇ်ရေလက်ကြား ရေကြောင်းဖြတ်သန်းသွားလာမှုနှင့် အီရန်နျူကလီးယားအရေး စသည့် ဒေသတွင်း အရေးကြီးကိစ္စရပ်များတွင် ပါဝင်သင့်သည့် အခန်းကဏ္ဍမှ ပါဝင်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ထို့ပြင် အီရန်မီဒီယာများ၏ မေ ၆ ရက် သတင်းဖော်ပြချက်အရ မာဆော့ ပါဇက်ရှ်ကီရမ်သည် မက်ခရွန်နှင့် ဖုန်းဖြင့်ဆက်သွယ်ရာတွင် အီရန်က အမေရိကန်အပေါ် ယုံကြည်မှုမရှိကြောင်း၊ ထိုကဲ့သို့ မယုံကြည်မှုသည် အမေရိကန်၏ ရန်လိုသည့်လှုပ်ရှားမှုကြောင့်ဖြစ်ကြောင်း၊ အမေရိကန်ဘက်က လတ်တလောနှစ်ကြိမ် ဆွေးနွေးညှိနှိုင်းမှုအတွင်း အီရန်အား တိုက်ခိုက်ခဲ့ရာ ယင်းသည်လက်တွေ့တွင် “နောက်ကျောမှ ဓားဖြင့်ထိုးခြင်း” ဖြစ်ကြောင်း၊ အစ္စရေးက အပစ်ရပ်ရေး သဘောတူညီချက်အား လုံးဝလိုက်နာခြင်းမရှိကြောင်း ပြောကြားခဲ့သည်။

ဟော်မုဇ်ရေလက်ကြားအား အပြည့်အဝပြန်လည်ဖွင့်လှစ်ရေးနှင့် စပ်လျဉ်းသည့် ဆွေးနွေးညှိနှိုင်းမှု မှန်သမျှသည် အမေရိကန်ရေတပ်က ဖော်ဆောင်ထားသည့် ပိတ်ဆို့မှုကို ဖယ်ရှားရေးနှင့် ပတ်သက်ရမည်ဖြစ်ရာ ယင်းအချက်ကို မဖြစ်မနေ ဖြေရှင်းရမည်ဖြစ်ကြောင်း၊ ဆွေးနွေးညှိနှိုင်းမှုက ထိရောက်မှုရလဒ်ရရှိနိုင်မှု ရှိ၊ မရှိမှာမူ စစ်ပွဲ အဆုံးသတ်ခြင်းနှင့် ရန်လိုသောလှုပ်ရှားမှုများ ထပ်မံဖြစ်ပွားခြင်းမှ ကာကွယ်ရန် အပြည့်အဝ အာမခံမှုပေးနိုင်ခြင်း ရှိ၊ မရှိတို့အပေါ်မူတည်ကြောင်း မာဆော့ ပါဇက်ရှ်ကီရမ်က ပြောကြားခဲ့သည်။
ပြင်သစ် ကာကွယ်ရေးဝန်ကြီးဌာနက မေ ၆ ရက်တွင် သတင်းကြေညာချက်ထုတ်ပြန်၍ ဒေသတွင်းလုံခြုံရေး မြှင့်တင်ရန်နှင့် ဟော်မုဇ်ရေလက်ကြား နိုင်ငံစုံရေကြောင်းစောင့်ရှောက်ရေးလှုပ်ရှားမှုအတွက် ပြင်ဆင်နိုင်ရန်အတွက် ပြင်သစ်ရေတပ် Charles de Gaulle လေယာဉ်တင်သင်္ဘောသည် စူးအက်တူးမြောင်းအား ဖြတ်သန်း၍ ပင်လယ်နီတောင်ပိုင်းသို့ ခုတ်မောင်းသွားလျက်ရှိကြောင်း ပြောကြားခဲ့သည်။
ဧပြီ ၁၇ ရက်တွင် မက်ခရွန်နှင့် ဗြိတိန် ဝန်ကြီးချုပ် ကီယာစတားမားတို့သည် ပဲရစ်၌ ဟော်မုဇ်ရေလက်ကြား ရေကြောင်းသွားလာမှု လုံခြုံရေးကို အာမခံနိုင်ရန်အတွက် နှစ်နိုင်ငံက အခြေအနေပေးချိန်တွင် ခုခံမှုအသွင် နိုင်ငံစုံလှုပ်ရှားမှုတစ်ရပ် ဦးဆောင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဧပြီ ၂၂ ရက်တွင် ပြင်သစ်၊ ဗြိတိန်နှစ်နိုင်ငံက လန်ဒန်မြို့၌ နှစ်ရက်ကြာသည့် နိုင်ငံစုံစစ်ရေးအစီအစဉ် အစည်းအဝေးကိုလည်း ထပ်မံကြီးမှူးကျင်းပခဲ့ပြီး ဟော်မုဇ်ရေလက်ကြား ရေကြောင်းသွားလာမှု ပြန်လည်ဖော်ဆောင်ရေးအတွက် သက်ဆိုင်ရာအစီအစဉ်များချမှတ်ခြင်းလုပ်ငန်းကို တွန်းအားပေးဖော်ဆောင်ခဲ့သည်။ မက်ခရွန်က ပြင်သစ်နှင့် ဗြိတိန်မှ ပူးတွဲအဆိုပြုသည့် ရေကြောင်းစောင့်ရှောက်ရေး အဆိုပြုချက်သည် အမေရိကန်-အီရန် ရန်လိုသည့် လှုပ်ရှားမှု အဆုံးသတ်ပြီးနောက်မှသာ ဖော်ဆောင်နိုင်သည့်အခြေအနေရှိကြောင်း မေ ၄ ရက်တွင် ထပ်လောင်းပြောကြားခဲ့သည်။ (Xinhua)

——————-
(Chinese Version)
马克龙说已向伊朗提议法英牵头霍尔木兹海峡护航行动
新华社巴黎5月6日电(记者乔本孝)法国总统马克龙6日与伊朗总统佩泽希齐扬通话后在社交媒体发文,表示向对方提议考虑由法国和英国牵头的霍尔木兹海峡多国护航行动,他同时呼吁各方“立即、无条件”解除对该海峡的封锁。
马克龙在帖文中说,这一护航行动“性质中立,独立于交战各方之外”,有助于重塑船东与保险业界的信心。“我已邀请伊朗总统把握此次契机,同时计划就该议题与(美国)总统特朗普展开磋商。”
马克龙在通话中就当前局势升级表示“严重关切”,谴责针对阿联酋民用基础设施及多艘船只的“无端袭击”。他表示欧洲将在霍尔木兹海峡通航及伊朗核问题等地区热点问题上发挥应有作用。
另据伊朗媒体6日报道,佩泽希齐扬在与马克龙通话时表示,伊朗对美国缺乏信任,这种不信任源于美方的敌对行为。美方最近两次在谈判期间攻击伊朗,这实际上是“背后捅刀”。以色列完全没有遵守停火承诺。佩泽希齐扬说,任何关于全面重开霍尔木兹海峡的谈判,都必须涉及解除美国海军实施的封锁,这一点必须予以解决。谈判能否取得成效,取决于战争能否结束,以及能否提供充分的保障以防止敌对行动重演。
法国国防部6日发布新闻公告说,法国海军“戴高乐”号航母正穿越苏伊士运河驶向红海南部,以加强地区安全,并为霍尔木兹海峡多国护航行动做准备。
4月17日,马克龙和英国首相斯塔默在巴黎表示,两国将在条件允许时牵头一项防御性多国行动,以保障霍尔木兹海峡航运安全。4月22日,法英两国又在伦敦主持召开为期两天的多国军事规划会议,推进霍尔木兹海峡恢复通航相关方案制定工作。马克龙5月4日重申,法英联合发起的护航倡议只有在美伊敌对行动结束后才具备实施条件。(完)
图说:这是2025年2月19日拍摄的霍尔木兹海峡的资料照片。新华社记者汪强摄