China
တရုတ်နိုင်ငံက AI နည်းပညာနှင့် စွမ်းအင် အပြန်အလှန်စွမ်းဆောင်ရည်ကို မြှင့်တင်မည်
ပေကျင်း၊ မေ ၉ ရက် (ဆင်ဟွာ)
တရုတ်အာဏာပိုင်များက ဉာဏ်ရည်တု (AI) နှင့် စွမ်းအင်တို့၏ အပြန်အလှန် စွမ်းဆောင်ရည်အား မြှင့်တင်ရန် ရည်ရွယ်သည့် လုပ်ငန်းအစီအစဉ်ကို မကြာသေးမီက ထုတ်ပြန်လိုက်သည်။
၂၀၃၀ ပြည့်နှစ်မကုန်မီ AI စနစ်လည်ပတ်ရေးဆိုင်ရာ ကွန်ပျူတာစွမ်းအား အခြေခံအဆောက်အအုံအတွက် သန့်စင်သော စွမ်းအင်ထောက်ပံ့နိုင်စွမ်းကို သိသိသာသာ တိုးမြှင့်လာစေမည်ဖြစ်ပြီး စွမ်းအင်ကဏ္ဍတွင် AI အသုံးချမှုကိုလည်း သိသိသာသာ တိုးတက်လာစေမည်ဟု အဆိုပါအစီအစဉ်က မျှော်မှန်းထားသည်။
တရုတ်နိုင်ငံက AI နှင့် စွမ်းအင်တို့၏ အပြန်အလှန် စွမ်းဆောင်ရည်နှင့် နက်ရှိုင်းစွာပေါင်းစည်းမှုဖြင့် သွင်ပြင်လက္ခဏာဖော်ပြသည့် ဖွံ့ဖြိုးတိုးတက်မှုပုံစံအသစ်ကို အဆိုပါ အစီအစဉ်၏ တွန်းအားပေးမှုဖြင့် တည်ထောင်ရန် ရည်ရွယ်ထားကြောင်း အမျိုးသားစွမ်းအင်စီမံခန့်ခွဲရေး (NEA) မှ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင်၊ စက်မှုနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာနနှင့် အမျိုးသားအချက်အလက်စီမံခန့်ခွဲရေးဌာနတို့နှင့်အတူ ထုတ်ပြန်သော လုပ်ငန်းအစီအစဉ်အရ သိရသည်။
အဆိုပါလုပ်ငန်းအစီအစဉ်မှာ ကွန်ပျူတာစွမ်းအားအခြေခံအဆောက်အအုံအတွက် ဘေးကင်း၍ ယုံကြည်စိတ်ချရသော စွမ်းအင်ထောက်ပံ့မှုကို သေချာစေရန်၊ ကွန်ပျူတာစွမ်းအား အခြေခံအဆောက်အအုံတွင် ကာဗွန်ထုတ်လွှတ်မှုနည်းသော အစိမ်းအရောင်ကူးပြောင်းမှုကို မြှင့်တင်ရန်နှင့် ကွန်ပျူတာစွမ်းအားနှင့် လျှပ်စစ်ဓာတ်အားအကြား ထိရောက်သော စီးပွားရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းမှုကို အဆင်ပြေချောမွေ့စေရန် ရည်ရွယ်ကြောင်း NEA က မှတ်ချက်ပြုခဲ့သည်။
ထိုအစီအစဉ်အနေဖြင့် စွမ်းအင်ကဏ္ဍတွင် AI အတွက် တန်ဖိုးမြင့်မားသော အသုံးချမှုအခြေအနေများကို ဖွင့်လှစ်ရန်၊ စွမ်းအင်နှင့်ပတ်သက်သော အချက်အလက်များ၏ တန်ဖိုးကို ဖွင့်လှစ်ရန်နှင့် စွမ်းအင်နယ်ပယ်အတွင်း AI မော်ဒယ်ဆန်းသစ်တီထွင်မှုကို အားကောင်းစေရန်လည်း ရည်ရွယ်ကြောင်း သိရသည်။ (Xinhua)
………………
(English Version)
China to boost mutual empowerment of AI, energy
BEIJING, May 8 (Xinhua) — Chinese authorities have recently issued an action plan that aims to promote the mutual empowerment of artificial intelligence (AI) and energy.
The plan envisions that by 2030, the clean energy supply capacity for AI computing power infrastructure will be significantly increased, while the application of AI in the energy sector will also be considerably improved.
Driven by this endeavor, the country aims to establish a new development paradigm characterized by the mutual empowerment and deep integration of AI and energy, according to the action plan issued by the National Energy Administration (NEA) together with the National Development and Reform Commission, the Ministry of Industry and Information Technology, and the National Data Administration.
The NEA noted that this action plan aims to ensure safe and reliable energy supply for computing power infrastructure, promote green and low-carbon transition in computing power infrastructure, and facilitate efficient and economical coordination between computing power and electricity.
It also seeks to open up high-value application scenarios for AI in the energy sector, unlock the value of energy data, and strengthen AI model innovation within the energy field. ■
English Caption
An aerial drone photo taken on May 17, 2025 shows a photovoltaic base with a capacity of one million kilowatts in Dalad Banner of Ordos, north China’s Inner Mongolia Autonomous Region. (Photo by Yang Yaozhong/Xinhua)
