Media
ဖရန်ကီ ဒီဂျောင် ဘာစီလိုနာအသင်းနှင့် စာချုပ်သစ်ချုပ်ဆို
မက်ဒရစ်၊ အောက်တိုဘာ ၁၆ ရက် (ဆင်ဟွာ)
ဘာစီလိုနာအသင်းမှ နယ်သာလန်လက်ရွေးစင် ကွင်းလယ်လူ ဖရန်ကီ ဒီဂျောင်မှာ ၂၀၂၉ ခုနှစ် ဇွန်လအထိ အသင်း၌ ဆက်ရှိနေမည့် စာချုပ်သစ်တစ်ရပ်အား လက်မှတ်ရေးထိုးခဲ့ကြောင်း ဘာစီလိုနာအသင်းက အောက်တိုဘာ ၁၅ ရက်၌ ကြေညာခဲ့သည်။
ယခုကဲ့သို့ စာချုပ်သက်တမ်းတိုးခဲ့သည့်အတွက် အဆိုပါ အသက် ၂၈ နှစ်အရွယ် ကစားသမားအနေဖြင့် ၂၀၁၉ ခုနှစ်တွင် အေဂျက်စ်အသင်းမှ ပြောင်းရွှေ့လာပြီးနောက် ဘာစီလိုနာအသင်း၌ ဆယ်စုနှစ်တစ်ခုကြာ ဖြတ်သန်းသွားမည်ဖြစ်ကာ ၎င်းအနေဖြင့် ပွဲပေါင်း ၂၆၇ ပွဲ ပါဝင်ကစားခဲ့ပြီး ၁၉ ဂိုး သွင်းယူထားသည်။
ဒီဂျောင်က စာချုပ်သက်တမ်းတိုးရေးအတွက် ဆွေးနွေးမှုများ ပြုလုပ်နေပြီဖြစ်ကြောင်း နွေရာသီ၌ အတည်ပြုပြောဆိုခဲ့သလို အခြားအသင်းများက ၎င်းအား စိတ်ဝင်စားနေသည်ဟု သတင်းထွက်ပေါ်နေသော်လည်း ဘာစီလိုနာအသင်းအတွက် ကစားခွင့်ရရေးမှာ ၎င်း၏ ရာသက်ပန် ရည်မှန်းချက်ဖြစ်သည်ဟု အောက်တိုဘာ ၁၅ ရက်က စာချုပ်လက်မှတ်ရေးထိုးသည့် အခမ်းအနားတွင် ထပ်လောင်းပြောကြားခဲ့သည်။
“ကျွန်တော် ဘာစီလိုနာအသင်းအတွက် ကစားခွင့်ရဖို့ အမြဲတမ်းမျှော်လင့်ခဲ့ရတာပါ။ အခု ကျွန်တော်မျှော်လင့်တဲ့အတိုင်း ဖြစ်လာပြီမို့ ဒီအသင်းမှာပဲ နောင်နှစ်ပေါင်းများစွာ ဆက်ကစားပြီး ဆုဖလားတွေကို ထပ်ပြီးရယူချင်ပါသေးတယ်” ဟု ဒီဂျောင်က ဆိုသည်။
ဒီဂျောင်မှာ ကတ်တလန်အခြေစိုက်အသင်းတွင် ခြောက်ရာသီကြာ ဖြတ်သန်းခဲ့ရာတွင် လာလီဂါဆုဖလားနှစ်ကြိမ်၊ စပိန်ဘုရင့်ဖလား (ကိုပါဒယ်ရေး) နှစ်ကြိမ်နှင့် စပိန်စူပါဖလားနှစ်ကြိမ် ဆွတ်ခူးထားပြီးဖြစ်သည်။
“ကျွန်တော် ဘာစီလိုနာအသင်းအတွက် အမြဲတမ်းကစားချင်ခဲ့သလို ဒီအသင်းမှာ တတ်နိုင်သလောက် အချိန်အကြာကြီး ဆက်ရှိချင်ပါတယ်။ ကျွန်တော် ဒီအသင်းမှာရော၊ ဒီမြို့မှာရော၊ အသင်းဖော်တွေ၊ ဘုတ်အဖွဲ့ဝင် ဒါရိုက်တာတွေနဲ့ရော သိပ်ကိုအဆင်ပြေပါတယ်။ ဘာစီလိုနာအသင်းမှာ ကစားရတာကို အမြဲတမ်း တန်ဖိုးထားပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
……………..
(English Version)
Dutch midfielder Frenkie de Jong signs new Barcelona contract
MADRID, Oct. 15 (Xinhua) — FC Barcelona announced on Wednesday that Dutch international midfielder Frenkie de Jong has signed a new contract keeping him at the club until June 2029.
The extension means the 28-year-old will complete a decade with Barcelona, having joined from Ajax in 2019. De Jong has made 267 appearances for the club, scoring 19 goals.
De Jong had confirmed during the summer that talks were underway over a renewal, and at Wednesday’s signing ceremony, he reiterated his lifelong ambition to represent Barcelona despite reports of interest from other clubs.
“I always dreamed of playing for Barca and now that I am living the dream, I want to continue it for many more years and win more titles,” he said.
During his six seasons with the Catalan side, De Jong has won two La Liga titles, two Copas del Rey and two Spanish Super Cups.
“I have always wanted to play for Barcelona, and I want to stay here as long as possible. I am very happy at the club, in the city, with my companions and with the Board of Directors,” said the midfielder, adding that he has “always felt valued at FC Barcelona.”