Europe
“ရပ်ဝန်းနှင့် ပိုးလမ်းမ” အတူတကွတည်ဆောက်ခြင်းက ဂျော်ဂျီယာအတွက် အရေးကြီး အနက်အဓိပ္ပာယ်ရှိကြောင်း ဂျော်ဂျီယာ ဝန်ကြီးချုပ် ဆို

တီဘလီစီ၊ အောက်တိုဘာ ၂၃ ရက် (ဆင်ဟွာ)
“ရပ်ဝန်းနှင့် ပိုးလမ်းမ” အတူတကွတည်ဆောက်ခြင်းသည် ဂျော်ဂျီယာနိုင်ငံအတွက် အရေးကြီး အနက်အဓိပ္ပာယ်ရှိကြောင်း၊ “ရပ်ဝန်းနှင့် ပိုးလမ်းမ” အတူတကွတည်ဆောက်ခြင်း မူဘောင်အောက်တွင် ဂျော်ဂျီယာနိုင်ငံ၏ အပြန်အလှန်ချိတ်ဆက်မှုစွမ်းရည် အဆက်မပြတ်တိုးတက်လာပြီး တရုတ်နိုင်ငံနှင့် ကုန်သွယ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများလည်း အဆက်မပြတ် တိုးချဲ့လာကြောင်း ဂျော်ဂျီယာနိုင်ငံ ဝန်ကြီးချုပ် Irakli Kobakhidze က အောက်တိုဘာ ၂၂ ရက်တွင် ဂျော်ဂျီယာနိုင်ငံ မြို့တော်တီဘလီစီ၌ ကျင်းပသည့် ၅ ကြိမ်မြောက် တီဘလီစီ ပိုးလမ်းမ နိုင်ငံတကာဖိုရမ်တွင် ပြောကြားခဲ့သည်။
“ဂျော်ဂျီယာက တရုတ်နိုင်ငံနဲ့ ကုန်သွယ်စီးပွားဆက်ဆံရေး တိုးတက်အောင် ဖော်ဆောင်ဖို့ကို အလွန်အလေးထားပါတယ်။ တရုတ်နိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ဖို့ ဆက်လက် ကြိုးပမ်းသွားလိုပါတယ်” ဟု Irakli Kobakhidze က ဆင်ဟွာသတင်းထောက်အား ပြောကြားခဲ့သည်။
ဂျော်ဂျီယာနိုင်ငံအနေဖြင့် တရုတ်လုပ်ငန်းကုမ္ပဏီများ ဂျော်ဂျီယာနိုင်ငံသို့ လာရောက် ရင်းနှီးမြှုပ်နှံ၍ လုပ်ငန်းထူထောင်ရန် ကြိုဆိုကြောင်း၊ ဂျော်ဂျီယာနိုင်ငံသည် စွမ်းအင်၊ ဒစ်ဂျစ်တယ်နည်းပညာ၊ အိမ်ခြံမြေ စသည့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍများတွင် အလားအလာ ကြီးမားကြောင်း ၎င်းက ပြောကြားခဲ့သည်။
ဂျော်ဂျီယာ-တရုတ် လွတ်လပ်သောကုန်သွယ်ရေး သဘောတူညီချက်သည် နှစ်နိုင်ငံ ကုန်သွယ်ရေးသွားလာမှုကို များစွာမြှင့်တင်ပေးလိုက်ကြောင်း၊ ဂျော်ဂျီယာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံထံသို့ ကုန်ပစ္စည်းများစွာတင်ပို့ခြင်း၊ တရုတ်နိုင်ငံ နိုင်ငံတကာ သွင်းကုန် ကုန်စည်ပြပွဲ၌ ပါဝင်ပြသခြင်းသည် နှစ်ဖက်ကုန်သွယ်ရေး တိုးချဲ့ရန်အတွက် ပိုမိုများပြားသော အခွင့်အလမ်းများ ဖန်တီးပေးလိုက်သည်ဟု Irakli Kobakhidze က ဆိုသည်။
“ကျွန်တော်တို့အနေနဲ့ ဒီနှစ် နိုင်ငံတကာ သွင်းကုန် ကုန်စည်ပြပွဲမှာ ဂျော်ဂျီယာနိုင်ငံ ထုတ်ကုန် အမျိုးအစားများစွာ ပြသသွားမှာဖြစ်ပါတယ်။ အနာဂတ်မှာလည်း တရုတ်နိုင်ငံကို ဂျော်ဂျီယာနိုင်ငံထုတ်ကုန် ပိုမိုများပြားစွာ တင်ပို့နိုင်ဖို့ မျှော်လင့်နေပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
ဂျော်ဂျီယာနိုင်ငံ၏ နယ်စပ်ဖြတ်ကျော် ပို့ဆောင်ရေးစွမ်းရည်နှင့်စပ်လျဉ်း၍ Irakli Kobakhidze က ၎င်း၏ဖွံ့ဖြိုးတိုးတက်မှုသည် တရုတ်နိုင်ငံပါဝင်မှုနှင့် မကင်းကွာနိုင်ကြောင်း၊ ဂျော်ဂျီယာအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ နယ်စပ်ဖြတ်ကျော် ပို့ဆောင်ရေး သက်ဆိုင်ရာကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်သွားလိုကြောင်း ပြောကြားခဲ့သည်။
၅ ကြိမ်မြောက် တီဘလီစီ ပိုးလမ်းမ နိုင်ငံတကာဖိုရမ်ကို အောက်တိုဘာ ၂၂ ရက်မှ ၂၃ ရက်အထိ ကျင်းပခဲ့ရာ ခေါင်းစဉ်မှာ “ရင်းနှီးမြှုပ်နှံမှု အပြန်အလှန်ချိတ်ဆက်၍ တည်ငြိမ်စွာ တိုးတက်ခြင်း” ဖြစ်ကြောင်း သိရသည်။ (Xinhua)
——————
(Chinese Version)
格鲁吉亚总理:共建“一带一路”对格鲁吉亚具有重要意义
新华社第比利斯10月22日电(记者刘书辰)格鲁吉亚总理科巴希泽22日在第五届第比利斯丝绸之路国际论坛期间表示,共建“一带一路”对格鲁吉亚具有重要意义。在共建“一带一路”框架下,格鲁吉亚的互联互通能力不断增强,对华经贸合作持续扩大。
“格鲁吉亚高度重视发展对华经贸关系,愿继续致力于加强对华合作。”科巴希泽对新华社记者说。他表示,格鲁吉亚欢迎中国企业来格投资兴业。格鲁吉亚在能源、数字技术、房地产等投资领域都富有潜力。
科巴希泽表示,格中自由贸易协定极大促进了两国贸易往来,格鲁吉亚向中国出口多种产品,参加中国国际进口博览会为扩大双边贸易创造了更多机会。“我们将在今年的进博会上展示多种格鲁吉亚产品,希望未来有更多格鲁吉亚产品出口到中国。”他说。
谈及格鲁吉亚的过境运输能力,科巴希泽说,其发展离不开中国的参与,格鲁吉亚愿同中方加强过境运输相关领域合作。
第五届第比利斯丝绸之路国际论坛22日至23日举行,主题为“投资互联,稳定增长”。(完)
图说:10月22日,格鲁吉亚总理科巴希泽在首都第比利斯举行的第五届第比利斯丝绸之路国际论坛期间表示,共建“一带一路”对格鲁吉亚具有重要意义。新华社发(格鲁吉亚政府供图)