Connect with us

China

အကြီးအကျယ်မီးလောင်ပြီးနောက် ပျောက်ဆုံးနေသည်ဟု ယခင်က သတင်းထုတ်ပြန်ခဲ့သော ဒေသခံ ၁၅၉ ဦး ဘေးကင်းလုံခြုံမှုရှိနေကြောင်း ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသရဲတပ်ဖွဲ့အတည်ပြု

တရုတ်နိုင်ငံတောင်ပိုင်း တာ့ဖူခရိုင်တွင် မီးလောင်မှုဖြစ်ပွားခဲ့ပြီးနောက် ဟုန်ဖူအိမ်ရာကို ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၂၈ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

ဟောင်ကောင်၊ ဒီဇင်ဘာ ၁ ရက် (ဆင်ဟွာ)

နိုဝင်ဘာ ၂၆ ရက်က လူနေအဆောက်အအုံတစ်ခုတွင် အကြီးအကျယ်မီးလောင်မှု ဖြစ်ပွားပြီးနောက် ပျောက်ဆုံးနေသည်ဟု ယခင်ကသတင်းထုတ်ပြန်ခဲ့သော ဒေသခံ ၁၅၉ ဦးမှာ ဘေးကင်း လုံခြုံမှုရှိနေသည်ကို သေဆုံးမှုစုံစမ်းစစ်ဆေးရေးအဖွဲ့က အတည်ပြုနိုင်ခဲ့ကြောင်း ဟောင်ကောင် အထူး အုပ်ချုပ်ခွင့်ရဒေသရဲတပ်ဖွဲ့က နိုဝင်ဘာ ၃၀ ရက်က ပြောကြားခဲ့သည်။
ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသရဲတပ်ဖွဲ့၏ သေဆုံးဒဏ်ရာရမှုစုံစမ်းစစ်ဆေးရေးအဖွဲ့တာဝန်ခံ ကျန်းစူးရှန်က နိုဝင်ဘာ ၃၀ ရက် ဒေသစံတော်ချိန် ညနေ ၄ နာရီက ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့မှုအရ မီးလောင်ကျွမ်းမှုကြောင့် သေဆုံးခဲ့ရသူအရေအတွက်မှာ ၁၄၆ ဦးအထိ မြင့်တက်လာပြီး ၇၉ ဦး ဒဏ်ရာရခဲ့သည်ဟု သိရသည်။

လက်ရှိအချိန်တွင် ကွဲပြားနေသည့် သတင်းအချက်အလက်အကြောင်းရင်းများနှင့်အတူ ခြေရာမခံနိုင် သေးသည့်ဖြစ်စဥ် ၁၀၀ ကို အမျိုးအစားခွဲခြားထားကြောင်း၊ ဟုန်ဖူအိမ်ရာတွင်နေထိုင်ခြင်းမရှိသော လူပုဂ္ဂိုလ်များ သို့မဟုတ် ပျောက်ဆုံးနေသူများ၏ နေရပ်လိပ်စာများကို သတင်းပေးသူများလည်း မရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

…………………………
(English Version)
Hong Kong police confirm safety of 159 residents previously reported missing after major fire
HONG KONG, Nov. 30 (Xinhua)
The Hong Kong police said on Sunday the casualty enquiry unit has confirmed the safety of 159 residents previously reported missing after a major fire broke out in a residential complex on Nov. 26.
Speaking at a press briefing, Tsang Shuk-yin, officer in charge of the casualty enquiry unit of the Hong Kong Police Force, said that as of 4 p.m. local time on Sunday, the death toll from the fire had risen to 146, with 79 people injured.
At present, 100 cases have been classified as untraceable, due to reasons such as fragmented information, the individuals not residing in Wang Fuk Court, or informants lacking the missing persons’ addresses, she said. ■
Photo:
The Wang Fuk Court is pictured after a fire broke out here in Tai Po, Hong Kong, south China, Nov. 28, 2025. (Xinhua/Zhu Wei)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.