Connect with us

Eastern Europe

အပစ်ရပ်ရေး အဆိုပြုချက်ကို ရုရှားက လျစ်လျူရှုသည်ဟု ယူကရိန်း စွပ်စွဲ

ရုရှားကာကွယ်ရေးဝန်ကြီးဌာနမှ ၂၀၂၅ ခုနှစ် မတ် ၁၃ ရက်က ထုတ်ပြန်သည့် ဗီဒီယိုမှ စခရင်ရှော့ဓာတ်ပုံတွင် ရုရှားနိုင်ငံ Kursk ဒေသရှိ Sudzha မြို့ မြင်ကွင်းတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ - Russian Defense Ministry/Handout via Xinhua)

ကိဗ်၊ မေ ၇ ရက် (ဆင်ဟွာ)

ယူကရိန်း၏ အပစ်ရပ်ရေး အဆိုပြုကြေညာချက်ရှိနေသည့်တိုင် ရုရှားက ၎င်း၏ စစ်ရေးလှုပ်ရှားမှုများကို ဆက်လက်လုပ်ဆောင်နေကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီးက မေ ၆ ရက်၌ ပြောကြားခဲ့ပြီး ယူကရိန်းအစိုးရအနေဖြင့် အလားတူ တုံ့ပြန်မည်ဖြစ်ကြောင်းလည်း ၎င်းက သတိပေးခဲ့သည်။
“ရုရှားက သူတို့ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ရပ်တန့်ခြင်း မရှိပါဘူး။ ဝမ်းနည်းဖွယ်ရာပါပဲ၊ အပစ်ရပ်မသွားပါဘူး။ အပြန်အလှန်အားဖြင့် ယူကရိန်းကလည်း ပြန်လည်တုံ့ပြန်မှာပါ” ဟု ဇယ်လန်းစကီးက Telegram တွင် ရေးသားခဲ့သည်။
ယူကရိန်းဘက်မှ အဆိုပြုကြေညာခဲ့သည့် အပစ်ရပ်မှုက သန်းခေါင်ယံတွင် စတင်အသက်ဝင်ခဲ့သော်လည်း မေ ၆ ရက်၌ ရုရှားက ယူကရိန်းဒေသ ခုနစ်ခုကို တိုက်ခိုက်ခဲ့ကြောင်း ဇယ်လန်းစကီးက မှတ်ချက်ပြုခဲ့သည်။

“ဒီညနဲ့ မနက်ဖြန် အခြေအနေပေါ် မူတည်ပြီး ကျွန်တော်တို့ကလည်း ကျွန်တော်တို့ရဲ့ အပြည့်အဝ တရားမျှတတဲ့ တုံ့ပြန်မှုကို ဆုံးဖြတ်မှာပါ” ဟု ဇယ်လန်းစကီးက ပြောကြားခဲ့သည်။
ယူကရိန်းအနေဖြင့် ငြိမ်းချမ်းရေးအတွက် လုပ်ဆောင်ရန် ကတိကဝတ်ပြုထားပြီး ပဋိပက္ခကို ဂုဏ်သိက္ခာရှိရှိ အဆုံးသတ်ရန် ကြိုးပမ်းနေကြောင်းလည်း ၎င်းက အလေးပေးပြောကြားခဲ့သည်။
ရုရှားကာကွယ်ရေးဝန်ကြီးဌာနကမူ မေ ၈ ရက်မှ ၉ ရက်အထိ ယူကရိန်းနှင့် အပစ်ရပ်ကြောင်း မေ ၄ ရက်၌ ကြေညာခဲ့သည်။
ဇယ်လန်းစကီးကလည်း ယူကရိန်းအနေဖြင့် ရုရှားနှင့် အပစ်ရပ်မှုကို မေ ၆ ရက်မှစ၍ အကောင်အထည်ဖော်မည်ဟု မေ ၄ ရက်၌ပင် ပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua)
……………..
(English Version)
Ukraine accuses Russia of ignoring ceasefire proposal
KIEV, May 6 (Xinhua) — Ukrainian President Volodymyr Zelensky said Wednesday that Russia continues its military operations despite Ukraine’s proposal for a ceasefire and warned that Kiev will respond in kind.
“Russia has not stopped any of its military activity. Unfortunately, it has not ceased. Ukraine will respond in a reciprocal manner,” Zelensky wrote on Telegram.
He noted that Russia attacked seven Ukrainian regions on Wednesday despite a Kiev-proposed ceasefire that took effect at midnight.
“Depending on the situation tonight and tomorrow, we will also decide on our fully fair response,” Zelensky said.
He emphasized that Ukraine remains committed to working for peace and seeks to end the conflict with dignity.
On Monday, the Russian Defense Ministry announced a ceasefire with Ukraine on May 8-9.
Also on Monday, Zelensky said Ukraine would implement a ceasefire with Russia starting Wednesday. ■
English Caption
This video screenshot published by Russian Defense Ministry on March 13, 2025 shows a view of Sudzha in the Kursk region, Russia. (Russian Defense Ministry/Handout via Xinhua)