International Organizations
အသင်းအဝတ်လဲခန်း၌ အချင်းများခဲ့သည်ဆိုသော သတင်းများကို ရီးရဲလ်မက်ဒရစ်နောက်ခံလူ ကာရဲရက်စ် ငြင်းဆန်
မက်ဒရစ်၊ မေ ၇ ရက် (ဆင်ဟွာ)
ရီးရဲလ်မက်ဒရစ် နောက်ခံလူ အယ်လ်ဗာရို ကာရဲရက်စ်က အသင်းအဝတ်လဲခန်းအတွင်း အချင်းများခဲ့သည်ဆိုသော သတင်းများကို ငြင်းဆန်ခဲ့ပြီး ၎င်းနှင့်ပတ်သက်၍ လတ်တလော ပြောဆိုနေမှုများမှာ လက်တွေ့အခြေအနေနှင့် ကိုက်ညီမှုမရှိကြောင်း တုံ့ပြန်ပြောကြားခဲ့သည်။
လွန်ခဲ့သည့် နွေရာသီ၌ ဘင်ဖီကာအသင်းမှ ရောက်ရှိလာခဲ့သည့် အသက် ၂၃ နှစ်အရွယ် ကာရဲရက်စ်မှာ မကြာသေးမီ သီတင်းပတ်များအတွင်း နည်းပြ အယ်လ်ဗာရို အာဘီလိုအာ၏ နှစ်သက်သဘောကျမှုကို မရရှိခဲ့ပေ။ အလာဗက်စ်၊ ရီးရဲလ်ဘက်တစ်အသင်းတို့နှင့် ယှဉ်ပြိုင်ကစားခဲ့သည့် လာလီဂါပွဲစဉ်များအကြား အချင်းများမှု ဖြစ်ပွားခဲ့ပြီးနောက် ကာရဲရက်စ်မှာ အသင်းဖော်တစ်ဦး၏ ထိုးကြိတ်ခြင်းကို ခံခဲ့ရသည်ဟု စပိန်အသံလွှင့်ဌာန အွန်ဒါ ဆယ်ရိုက ဆိုသည်။
ကာရဲရက်စ်ကမူ ယင်းနှင့်ပတ်သက်၍ ဆိုရှယ်မီဒီယာ၌ ကြေညာချက်ထုတ်ပြန်ကာ တုံ့ပြန်ဖြေရှင်းခဲ့သည်။
“ပြီးခဲ့တဲ့ရက်ပိုင်းမှာ ကျွန်တော်နဲ့ပတ်သက်ပြီး ထွက်ပေါ်နေတဲ့ ထင်မြင်ချက်တွေနဲ့ သွယ်ဝိုက်ပြောဆိုမှုတချို့ဟာ လက်တွေ့အခြေအနေနဲ့ ကိုက်ညီမှုမရှိပါဘူး” ဟု ၎င်းက ဆိုရှယ်မီဒီယာ၌ ရေးသားခဲ့သည်။
“ဒီအသင်းအတွက်ရော အသင်းနည်းပြတွေအတွက်ပါ အပြည့်အဝပေးဆပ်ဖို့ ဒီအသင်းကို စရောက်တဲ့နေ့ကတည်းက စိတ်ပိုင်းဖြတ်ထားသလို အနာဂတ်မှာလည်း အဲဒီအတိုင်းပဲ ဆက်လုပ်သွားမှာပါ” ဟု ၎င်းက ဆိုသည်။
“အသင်းဖော်တစ်ယောက်နဲ့ အချင်းများခဲ့တဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး ပြောရရင်တော့ အဲဒါက သီးခြား အသေးအဖွဲကိစ္စတစ်ခုဖြစ်ပြီး အဲဒီကိစ္စကိုလည်း ဖြေရှင်းပြီးသွားပါပြီ။ ကျွန်တော်နဲ့ တစ်သင်းလုံးရဲ့ ဆက်ဆံရေးက အတော်လေး အဆင်ပြေပါတယ်။ ဆက်ကြိုးစားကြမယ် မက်ဒရစ်” ဟုလည်း ၎င်းက ရေးသားခဲ့သည်။
ကာရဲရက်စ်မှာ မေ ၃ ရက်က အက်စပန်ညိုအသင်းကို အဝေးကွင်း၌ ၂-၀ ဂိုးဖြင့် အနိုင်ရခဲ့သည့် ပွဲစဉ်၌ ပါဝင်ကစားခွင့် မရရှိခဲ့ဘဲ နောက်ခံလူ ဖာလန် မန်ဒီမှာ ကြွက်သားဒဏ်ရာကြောင့် ရာသီကုန်အထိ အနားယူရမည်ဖြစ်ရာ ဘယ်နောက်ခံလူနေရာအတွက် ဖရန် ဂါစီယာက ဦးစားပေးကစားသမား ဖြစ်လာခဲ့သည်။
မေ ၁၀ ရက်တွင် ရီးရဲလ်မက်ဒရစ်နှင့် ဘာစီလိုနာတို့ ယှဉ်ပြိုင်ကစားမည့် အယ်လ်ကလက်စီကို ပွဲစဉ်၌လည်း ဂါစီယာပင် ဆက်လက်ပွဲထွက်လာဖွယ်ရှိပြီး အဆိုပါပွဲစဉ်၌ ဘာစီလိုနာအနေဖြင့် မက်ဒရစ်အား ရှုံးနိမ့်ခဲ့ခြင်းမရှိပါက လာလီဂါချန်ပီယံအဖြစ် အောင်ပွဲခံနိုင်မည်ဖြစ်သည်။ (Xinhua)

စပိန်နိုင်ငံ မက်ဒရစ်မြို့ရှိ ဆန်တီယာဂို ဘာနေဗျူးအားကစားကွင်း၌ ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၆ ရက်က ရီးရဲလ်မက်ဒရစ်နှင့် ဘာစီလိုနာအသင်းတို့ ယှဉ်ပြိုင်ကစားသည့် လာလီဂါဘောလုံးပွဲစဉ်၌ ရီးရဲလ်မက်ဒရစ်အသင်းမှ အယ်လ်ဗာရို ကာရဲရက်စ် (ယာ) နှင့် ဘာစီလိုနာအသင်းမှ လာမင်း ယမားလ်တို့ ဘောလုံးယှဉ်လုနေစဉ် (ဆင်ဟွာ)

စပိန်နိုင်ငံ မက်ဒရစ်မြို့ရှိ ဆန်တီယာဂို ဘာနေဗျူးအားကစားကွင်း၌ ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၁ ရက်က ရီးရဲလ်မက်ဒရစ်နှင့် ဗလင်စီယာအသင်းတို့ ယှဉ်ပြိုင်ကစားသည့် လာလီဂါဘောလုံးပွဲစဉ်၌ ရီးရဲလ်မက်ဒရစ်အသင်းမှ အယ်လ်ဗာရို ကာရဲရက်စ် (ဝဲ-စတုတ္ထ) ဂိုးသွင်းပြီးနောက် အသင်းဖော်များနှင့်အတူ အောင်ပွဲခံနေစဉ် (ဆင်ဟွာ)
……………….
(English Version)
Carreras denies Real Madrid dressing-room bust-up reports
MADRID, May 6 (Xinhua) — Real Madrid defender Alvaro Carreras has denied reports of a dressing-room bust-up, saying recent claims about him “do not correspond to reality.”
The 23-year-old, who joined from Benfica last summer, has fallen out of favor with coach Alvaro Arbeloa in recent weeks. Spanish radio station Onda Cero reported that Carreras had been struck by a teammate following an argument between La Liga games against Alaves and Real Betis.
Carreras responded with a statement on social media.
“In recent days certain insinuations and comments have arisen about me that do not correspond to reality,” he wrote.
“My commitment to this club and to the coaches has been absolute from day one and will continue to be so.
“Regarding the incident with a teammate, it’s a minor, isolated matter that’s already been resolved. My relationship with the whole team is very good. Hala Madrid!”
Carreras was overlooked in Sunday’s 2-0 win away to Espanyol, with Fran Garcia preferred at left back after Ferland Mendy suffered a season-ending muscle injury.
Garcia is expected to retain his place when Real Madrid faces Barcelona in Sunday’s Clasico, where anything other than a Madrid win would see Barcelona crowned La Liga champion.
English Caption 1
Alvaro Carreras (R) of Real Madrid vies with Baptiste Santamaria of Valencia CF during the La Liga football match between Real Madrid and Valencia CF at Santiago Bernabeu Stadium in Madrid, Spain, Nov. 1, 2025. (Photo by Gustavo Valiente/Xinhua)
English Caption 2
Alvaro Carreras (R) of Real Madrid vies with Lamine Yamal of Barcelona during the La Liga football match between Real Madrid and FC Barcelona at Santiago Bernabeu Stadium in Madrid, Spain, on Oct. 26, 2025. (Photo by Gustavo Valiente/Xinhua)
English Caption 3
Alvaro Carreras (4th L) of Real Madrid celebrates his goal with teammates during the La Liga football match between Real Madrid and Valencia CF at Santiago Bernabeu Stadium in Madrid, Spain, Nov. 1, 2025. (Photo by Gustavo Valiente/Xinhua)
