Videos
တရုတ်နိုင်ငံမှ စူပါကွန်ပျူတာ ကမ္ဘာ့အမြန်ဆုံး အဖြစ်ဂင်းနစ်စံချိန်သစ်တင်
ပေကျင်း၊ ဇူလိုင် ၂၁ ရက် (ဆင်ဟွာ)
ကမ္ဘာ့အမြန်ဆုံးနှင့် စွမ်းအားအမြင့်ဆုံးစာရင်းတွင် တစ်လခန့် ပါဝင်ခဲ့ပြီးနောက် တရုတ်နိုင်ငံ ဝူရှီ က ထုတ်လုပ်သည့် Sunway TaihuLight ကွန်ပျူတာမှာ ကမ္ဘာပေါ်တွင် အမြန်ဆုံးအဖြစ် ဇူလိုင်လ ၁၅ ရက်နေ့က ပေကျင်းတွင် ကျင်းပသည့် ကမ္ဘာ့ဂင်းနစ်စံချိန်တင်မှတ်တမ်းစာအုပ်တွင် တရားဝင်မှတ်တမ်းတင် နိုင်ခဲ့ပြီဖြစ်ကြောင်း ဝူရှီ လီယွမ် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဒေသမှ သတင်းထုတ်ပြန်သည်။
ဇွန်လတွင် Sunway TaihuLight ကွန်ပျူတာသည် ကမ္ဘာပေါ်တွင် တစ်စက္ကန့်ကို 93 petaflops ဖြင့် အသုံးပြုနိုင်သည့် ပထမတန်းစားစူပါကွန်ပျူတာ တစ်လုံးဖြစ်လာသည်။
Processor အစိတ်အပိုင်းများအားလုံးကိုတရုတ်နိုင်ငံ က ဒီဇိုင်းတီထွင်ထုတ်လုပ်ခြင်းဖြစ်သည့် Sunway Taihu Light စူပါကွန်ပျူတာသည် အနာဂတ်တွင် ရာသီဥတု ခန့်မှန်းခြင်း၊ အာကာသ လုပ်ငန်းစဉ်များလေ့လာခြင်းနှင့် ရေကြောင်းသိပ္ပံဆိုင်ရာနှင့် အခြားနယ်ပယ်များတွင် များစွာအထောက်အကူဖြစ်လာမည်ဖြစ်သည်။ (Xinhua)