Connect with us

Videos

တရုတ်နိုင်ငံက တည်ဆောက်ပေးခဲ့သည့် အာဖရိကတိုက်၏ပထမဆုံး အလုံးစုံ လျှပ်စစ်စွမ်းအင်သုံး နယ်စပ်ဖြတ်ကျော်ရထားလမ်း

အဒစ်အဘာဘာ၊ ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံက တည်ဆောက်ခဲ့သည့် အဒစ်အဘာဘာ-ဂျီဘူတီ စံချိန်မီ ရထားလမ်း သည် ဒေသတွင်း အဆင့်မြင့်ဖွံ့ဖြိုးတိုးတက်မှုများကို မြှင့်တင်ပေးနိုင်ခဲ့ကြောင်းသိရသည်။
အရှည် စုစုပေါင်း ၇၅၂ ကီလိုမီတာ ရှိသည့် နယ်စပ်ဖြတ်ကျော်ရထားလမ်း သည် ရပ်ဝန်းနှင့် ပိုးလမ်မ ပူးပေါင်းဆောင်ရွက်မှု ၏ အထင်ကရစီမံကိန်းတစ်ခုဖြစ်ပြီး အာဖရိကတိုက်အတွင်းရှိ နိုင်ငံများအားလုံး အခြေခံအဆောက်အဦ ချိတ်ဆက်မှုများအား မြှင့်တင်ကာ အာဖရိကတိုက် တွင်း လွတ်လပ်သောကုန်သွယ်ရေး ကို တွန်းအားဖြစ်စေလိုသည့် ရည်မှန်းချက် ကို ဖော်ညွှန်းရာရောက်ကြောင်း အီသီယိုးပီးယား နိုင်ငံ ဆက်သွယ်ရေးနှင့်သယ်ယူပို့ဆောင်ရေးဝန်ကြီး Dagmawit Moges က ဆိုသည်။

အီသီယိုးပီးယား နိုင်ငံ ဘဏ္ဍာရေးဝန်ကြီး Semereta Sewasew က အာဖရိကတိုက်နိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အပံ့ပြုကာ အပြန်အလှန် အကျိုးဖြစ်ထွန်းစေသည့် ပုံစံကို အားပေးဆောင်ရွက်နေသည့် တရုတ်နိုင်ငံ ၏ အခန်းကဏ္ဍအပေါ် အလေးထားပြောကြားခဲ့သည်။

အီသီယိုးပီးယားနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး Zhao Zhiyuan က လည်း ဝန်ကြီး Moges ၏ အဆိုကို မှတ်ချက်ပြုရာ၌ အဒစ်အဘာဘာ-ဂျီဘူတီ ရထားလမ်းသည် ကုန်းတွင်းပိတ် အီသီယိုးပီးယား နိုင်ငံ ၏ အသက်သွေးကြောသဖွယ်အရေးပါကြောင်း အလေးထားပြောကြားခဲ့သည်။

ဖက်စက်အကျိုးတူ ပူးပေါင်းဆောင်ရွက်ရေးကိန်းဂဏန်းများအရ ၂၀၂၁ ခုနှစ်တွင် ရထားလမ်း၏ လစဉ် သယ်ယူပို့ဆောင်ရေးအခွန်ငွေမှာ အောက်တိုဘာလနှင့် နိုဝင်ဘာလတို့တွင် အမေရိကန်ဒေါ်လာ ၉ သန်းနှင့် ၁၀ သန်း အသီးသီးကျော်လွန်ရရှိခဲ့ရာ ၎င်းမှာ ၂၀၁၈ ခုနှစ် စတင်ပြေးဆွဲခဲ့ စဉ်ကတည်းက အများဆုံး ရရှိခဲ့ခြင်းဖြစ်သည်။
ရထားလမ်းသည် ဒေသခံများအတွက် အလုပ်အကိုင်အခွင့်အလမ်းများစွာကို ဖော်ဆောင်ပေးနိုင်ခဲ့ပြီး ဒေသခံပေါင်း ၄,၀၀၀ ကျော်ကို အလုပ်အကိုင် ပေးနိုင်ခဲ့သောကြောင့် ဝန်ထမ်း စုစုပေါင်း ၏ ၉၀ ရာခိုင်နှုန်း ကျော်ကို ဒေသခံများဖြင့် ခန့်ထားနိုင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ (Xinhua)

………………………………………..
(English Version)
GLOBALink | Chinese-built Ethiopia-Djibouti railway boosts regional integration
ADDIS ABABA, Feb. 23 (Xinhua) — The Chinese-built Addis Ababa-Djibouti Standard Gauge Railway has won acclaim for facilitating regional integration and prosperity.
During a railway infrastructure-themed seminar on Monday here, participants, including officials and independent experts, discussed how Africa’s first fully electrified trans-boundary railway contributed to regional integration and the betterment of communities along the way.
The 752-km transnational railway, as a flagship project in the Belt and Road cooperation, demonstrated the aspirations of African countries to spur continental free trade by augmenting intra-Africa infrastructure connectivity, said Dagmawit Moges, Ethiopia’s minister of transport and logistics.
Ethiopia’s State Minister of Finance Semereta Sewasew stressed China’s role in supporting African countries’ development aspiration on win-win modalities.
Zhao Zhiyuan, Chinese ambassador to Ethiopia, also echoed Moges’ comments, stressing that the Addis Ababa-Djibouti rail line is a lifeline to landlocked Ethiopia.
According to figures from the joint venture, in 2021, the railway’s monthly transport revenue exceeded 9 million and 10 million U.S. dollars in October and November respectively, the best result since 2018. The transport revenue in 2021 is 37.4 percent higher than in 2020.
The railway has also created numerous job opportunities for locals, with more than 4,000 locals employed so far, which accounts for over 90 percent of the total staff.

Produced by Xinhua Global Service

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.