Connect with us

Politics, Law & Military

တရုတ် နိုင်ငံ နိုင်ငံတော် ကောင်စီဝင် ၊ နိုင်ငံခြားရေး ဝန်ကြီး နှင့် ရုရှား နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး တွေ့ဆုံ ဆွေးနွေး

တရုတ် နိုင်ငံ နိုင်ငံတော် ကောင်စီဝင် ၊ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိ က သြဂုတ်လ ၂ ရက် တွင် ရုရှား နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး Sergey Lavrov နှင့် တွေ့ဆုံစဉ်(ဆင်ဟွာ)

စင်ကာပူ ၊ သြဂုတ် ၃ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ နိုင်ငံတော် ကောင်စီဝင် ၊ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိ က သြဂုတ်လ ၂ ရက် တွင် စင်ကာပူ နိုင်ငံ ၌ အရှေ့အာရှ ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး မတက်ရောက်မီ ရုရှား နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး Sergey Lavrov နှင့် တွေ့ဆုံ ဆွေးနွေးမှု ပြုလုပ် ခဲ့သည်။

တွေ့ဆုံဆွေးနွေးမှု အတွင်း ဝမ်ရိ က လတ်တလောရက်ပိုင်း အတွင်း တရုတ် နိုင်ငံ သမ္မတ နှင့် ရုရှား နိုင်ငံ သမ္မတ တို့က BRICS ထိပ်သီး အစည်းအဝေး တက်ရောက်စဉ် အတွင်း အောင်မြင်စွာ တွေ့ဆုံ ဆွေးနွေး ခဲ့ကြပြီး တရုတ်-ရုရှား ဘက်စုံ မဟာဗျူဟာ မိတ်ဖက် ညှိနှိုင်းဆောင်ရွက်မှု ဆက်ဆံရေး နှင့် ပတ်သက်၍ မဟာဗျူဟာ အရ နက်ရှိုင်းစွာ ဆွေးနွေး ခဲ့ကြကြောင်း ၊ နှစ်နိုင်ငံ ခေါင်းဆောင် တို့ က ဆွေးနွေးမှု မှ အရေးပါသည့် သဘောတူညီမှုများ ရရှိခဲ့ပြီး နှစ်နိုင်ငံ အနေဖြင့် အပြန်အလှန် အရေးပါသည့် မဟာဗျူဟာ မိတ်ဖက် နိုင်ငံ အဖြစ် သတ်မှတ်ထားသည် ကို ထပ်မံ ပေါ်လွင်စေခဲ့ကြောင်း ၊ နှစ်နိုင်ငံ အနေဖြင့် အခြား အဆင့်မြင့် အရာရှိ ဆက်သွယ်မှု များမှ အောင်မြင်မှု ရရှိအောင် ဆောင်ရွက်ပြီး နှစ်နိုင်ငံ ဘက်စုံ မဟာဗျူဟာ မိတ်ဖက် ညှိနှိုင်းဆောင်ရွက်မှု ဆက်ဆံရေး အတွက် အားအင်သစ်များ ဖြည့်စွက်ကာ လမ်းညွှန်မှုများကို တိုးချဲ့ ဆောင်ရွက်ပေးသွားရမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ရုရှား နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး Sergey Lavrov က ရုရှား-တရုတ် နှစ်နိုင်ငံ တွင် လွန်စွာနီးကပ်သည့် ဆက်ဆံရေး တည်ရှိပြီး လတ်တလောကာလ အတွင်း ရုရှား နိုင်ငံ သမ္မတ က တရုတ် နိုင်ငံ သို့ အောင်မြင်စွာ သွားရောက်လည်ပတ် နိုင်ခဲ့ကြောင်း ၊ တောင်အာဖရိက နိုင်ငံ တွင် အစည်းအဝေး တက်ရောက်စဉ် တွင်လည်း နှစ်နိုင်ငံ ခေါင်းဆောင်များ အနေဖြင့် အောင်မြင်စွာ တွေ့ဆုံဆွေးနွေးခဲ့ပြီး ယခုနှစ် အတွင်း နှစ်နိုင်ငံ အဆင့်မြင့် အရာရှိများ တွေ့ဆုံမှု သည်လည်း များစွာ ကျန်ရှိနေသေးကြောင်း ၊ ရုရှား နိုင်ငံ အနေဖြင့် တရုတ် နိုင်ငံ နှင့် အနီးကပ် ပူးပေါင်း ဆောင်ရွက်မှု ထားရှိပြီး တွေ့ဆုံမှုများ အောင်မြင်မှု ရရှိအောင် ဆောင်ရွက်သွားလိုကြောင်း ၊ ရုရှား နိုင်ငံ အနေဖြင့် တရုတ် နိုင်ငံ မှ ဆက်လက်၍ အရေးကြီး နိုင်ငံတကာ ကိစ္စရပ်များ တွင် မဟာဗျူဟာ အရ ဆက်သွယ်ညှိနှိုင်းဆောင်ရွက်မှုများ တိုးမြှင့် ဆောင်ရွက်သွားလိုကြောင်း ပြောကြား ခဲ့သည်။

ထို့ပြင် တွေ့ဆုံဆွေးနွေးမှု အတွင်း နိုင်ငံခြားရေး ဝန်ကြီး တို့ အနေဖြင့် ကိုရီးယား ကျွန်းဆွယ်အရေး စသည့် အတူတကွ အလေးထားသည့် နိုင်ငံတကာ ကိစ္စရပ်များနှင့် ပတ်သက်၍ သဘောထား အမြင်များ ဖလှယ်ခဲ့ကြောင်း သိရှိရသည်။(Xinhua)