Connect with us

Politics, Law & Military

တရုတ် နိုင်ငံ နိုင်ငံတော် ကောင်စီဝင် ၊ နိုင်ငံခြားရေး ဝန်ကြီး နှင့် နော်ဝေ နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး တို့ တွေ့ဆုံ ဆွေးနွေး

တရုတ် နိုင်ငံ နိုင်ငံတော် ကောင်စီဝင် ၊ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိ နှင့် နော်ဝေ နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး Soreide တို့ စင်ကာပူ တွင် တွေ့ဆုံစဉ်(ဆင်ဟွာ)

စင်ကာပူ ၊ သြဂုတ် ၂ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ နိုင်ငံတော် ကောင်စီဝင် ၊ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိ က သြဂုတ်လ ၁ ရက် တွင် စင်ကာပူ နိုင်ငံ ၌ အရှေ့အာရှ ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး မတက်ရောက်မီ နော်ဝေ နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး Soreide နှင့် တွေ့ဆုံ ဆွေးနွေးမှု ပြုလုပ် ခဲ့သည်။

တွေ့ဆုံ ဆွေးနွေးမှု အတွင်း ဝမ်ရိ က တရုတ်-နော်ဝေ နှစ်နိုင်ငံ ဆက်ဆံရေး က လက်ရှိချိန်တွင် ကောင်းမွန်သည့် ဦးတည်ချက် တွင် ဖွံ့ဖြိုးတိုးတက်နေကြောင်း ၊ တရုတ် နိုင်ငံ က လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်နေသည့် နိုင်ငံကြီး တစ်နိုင်ငံ အနေဖြင့် ကမ္ဘာ့လူသားတစ်ရပ်လုံး အတွက် ပေးစပ်သွားမည် ဖြစ်ပြီး နော်ဝေ နိုင်ငံ အပါအဝင် ကမ္ဘာ့ နိုင်ငံ အသီးသီး နှင့် ပူးပေါင်းဆောင်ရွက်ရန် အတွက် အရေးပါသည့် အခွင့်အလမ်းများကို ဖော်ဆောင်ပေးသွား နိုင်မည် ဖြစ်ကြောင်း ၊ အနာဂတ် တွင် နှစ်နိုင်ငံ အနေဖြင့် တစ်ဖက် နိုင်ငံ ၏ အဓိက အကျိုးစီးပွား နှင့် အလေးထားသည့် ကိစ္စရပ် များတွင် အပြန်အလှန် လေးစားမှု ထားရှိပြီး အပြန်အလှန် ယုံကြည်မှု ကို ခိုင်မြဲအောင် တည်ဆောက်ကာ နှစ်နိုင်ငံ အနာဂတ် ဆက်ဆံရေး အဆက်မပြတ် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံ နှင့် နော်ဝေ နိုင်ငံ တို့က လွတ်လပ်စွာ ကုန်သွယ်မှု ကို ထောက်ခံသည့် နိုင်ငံများ ဖြစ်ကြသဖြင့် နှစ်နိုင်ငံ မှ လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူညီမှု စာချုပ် ဆွေးနွေးမှု ကို တိုးမြှင့် ဆောင်ရွက်ကာ စည်းကမ်းသတ်မှတ်ချက် ကို အခြေခံသည့် ကမ္ဘာလုံးဆိုင်ရာ လွတ်လပ်စွာ ကုန်သွယ်မှု စနစ်ကို လက်တွေ့ဆောင်ရွက်မှု ဖြင့် ထိန်းသိမ်းသွားရမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

နော်ဝေ နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး Soreide က လက်ရှိချိန်တွင် နှစ်နိုင်ငံ ကဏ္ဍအသီးသီး ပူးပေါင်းဆောင်ရွက်မှု က လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်နေ သဖြင့် ဝမ်းမြှောက်မီကြောင်း ၊ နော်ဝေ နိုင်ငံ အနေဖြင့် တရုတ် နိုင်ငံ ၏ အချုပ်အခြာ အာဏာ နှင့် နယ်မြေတည်တံ့ခိုင်မြဲရေး အပေါ် လေးစားမှု ထားရှိပြီး တရုတ် နိုင်ငံ ၏ အဓိက အကျိုးစီးပွား နှင့် အလေးထားသည့် ကိစ္စရပ်များ အပေါ် လေးစားမှု ထားရှိကြောင်း ၊ နော်ဝေ နိုင်ငံ အနေဖြင့် တရုတ် နိုင်ငံ အဆင့်မြင့် အရာရှိ ဆက်ဆံရေး ကို တိုးချဲ့သွားပြီး ကဏ္ဍအသီးသီး ပူးပေါင်းဆောင်ရွက်မှု တွင် အောင်မြင်မှုများ ရရှိအောင် ဆောင်ရွက်သွား လိုကြောင်း ၊ လက်ရှိချိန်တွင် ကမ္ဘာလုံးဆိုင်ရာ လွတ်လပ်စွာ ကုန်သွယ်မှု က ကြီးမားသည့် စိန်ခေါ်မှု နှင့် ခြိမ်းခြောက်မှု အောက်သို့ရောက်ရှိနေသဖြင့် တရုတ် နိုင်ငံ နှင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှု ကို မြှင့်တင်သွားလိုကြောင်း ၊ တရုတ် နိုင်ငံ နှင့် အတူတကွ သက်ဆိုင်ရာ တာဝန်များကို ထမ်းဆောင်ပြီး စည်းကမ်း သတ်မှတ်ချက်ကို အခြေခံသည့် နိုင်ငံတကာ စည်းစနစ် နှင့် ဘက်ပေါင်းစုံ ကုန်သွယ်မှု အသိုက်အဝန်း ကို ထိန်းသိမ်းသွားလိုကြောင်း ပြောကြား ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.