Connect with us

Politics, Law & Military

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် အင်ဒိုနီးရှားနိုင်ငံ သမ္မတ ဂျိုကိုဝီဒိုဒို ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေး 

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် အင်ဒိုနီးရှားနိုင်ငံ သမ္မတ ဂျိုကို ဝီဒိုဒိုအား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဖေဖော်ဝါရီ ၁၂ ရက်(ဆင်ဟွာ) 

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် အင်ဒိုနီးရှားနိုင်ငံ သမ္မတ ဂျိုကိုဝီဒိုဒိုနှင့် ဖေဖော်ဝါရီ ၁၁ ရက်က ချိန်းဆိုထားသည့်အတိုင်း ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့ကြောင်း သိရသည်။ 

ထိုသို့ ဆွေးနွေးရာတွင် သမ္မတ ရှီက တရုတ်နိုင်ငံ၏ COVID-19 ရောဂါ တိုက်ဖျက်ရေး အရေးကြီးအချိန်အခါတွင် ယခုကဲ့သို့ ဆက်သွယ်ဆေးနွေးခြင်းသည် ဘက်စုံမဟာဗျူဟာမြောက်မိတ်ဖက်နိုင်ငံဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံ၏ တရုတ်နိုင်ငံအပေါ်ထားရှိသည့် ချစ်ကြည်ရေးနှင့်ထောက်ခံ့မှုကို ထင်ဟပ်စေကြောင်း ၊ မိတ်ဆွေ အင်ဒိုနီးရှားနိုင်ငံ၏ တရုတ်နိုင်ငံအပေါ်ထားရှိသည့် ယုံကြည်မှုနှင့်နားလည်မှုကို ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။

တရုတ်-အင်ဒိုနီးရှား နှစ်နိုင်ငံ သည် ဖွံ့ဖြိုးဆဲနိုင်ငံကြီးများဖြစ်ရာ နိုင်ငံကြီးတာဝန်ကို လက်တွဲထမ်းဆောင်အကျိုးပြုသင့်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် အင်ဒိုနီးရှားနိုင်ငံနှင့်အတူ အစဉ်အလာမပြတ် ချစ်ကြည်ရေးကို တိုးပွားအောင် ဆောင်ရွက်သွားလိုကြောင်း ၊ ဖွံ့ဖြိုးရေးမဟာဗျူဟာများကို နက်ရှိုင်းစွာချိတ်ဆက်ကာ ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်ရထားလမ်းစသည့် ရပ်ဝန်းနှင့်ပိုးလမ်းမ အဓိက စီမံကိန်းတည်ဆောက်မှုများကို အကောင်အထည်ဖော်ကာ နှစ်နိုင်ငံပြည်သူများ အကျိုးဖြစ်ထွန်စေရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သမ္မတရှီက ပြောကြားခဲ့သည်။

 COVID-19 ရောဂါ တိုက်ဖျက်ရေးသည် လက်ရှိ တရုတ်နိုင်ငံအစိုးရ၏ အထူးအလေးထားသည့် အရေးကြီးဆုံး ကိစ္စဖြစ်ကြောင်း ၊ မိမိတို့သည် နည်းစနစ်အားသာချက်ဖြင့် ရောဂါကာကွယ် တိုက်ဖျက်ရေးပြည်သူ့တိုက်ပွဲကို ဆောင်ရွက်ခဲ့ရာတွင် ထောင့်စေ့အောင် တင်းကြပ်စွာ လုပ်ဆောင်ခဲ့ရာ အပြုသဘော ထိရောက်မှုများရရှိခဲ့ကြောင်း ၊ တရုတ်လူမျိုးများသည် အန္တရာယ် အခက်အခဲများကို နောက်မဆုတ် ရဲဝံ့စွာလျှောက်လှမ်းကြသူများဖြစ်ရာ  အကြပ်အတည်း စိန်ခေါ်မှု ကြီးလေ စည်းလုံးညီညွတ်မှုနှင့် ရှေ့တိုးလျှောက်လှမ်းမည့် တိုက်ရည်ခိုက်ရည် မြင့်မားလေဖြစ် ကြောင်း ၊ မိမိတို့အနေဖြင့် ရောဂါကပ်ဘေးကို လုံးဝတိုက်ဖျက်နိုင်သလို လူမှုစီးပွား ဖွံ့ဖြိုး တိုးတက်ရေး ရည်မှန်းချက်တာဝန်များကို သတ်မှတ်သည့်အတိုင်း ပြီးဆုံးအောင် ဆောင်ရွက်နိုင်မည့် ယုံကြည်ချက်ရှိသလို လုပ်ဆောင်နိုင်စွမ်း လည်းရှိကြောင်း ၊ တရုတ်နိုင်ငံသည် ရောဂါတိုက်ဖျက်ရေး အောင်ပွဲရရှိပြီး မကြာမီ ပိုမိုစည်ပင်ဝပျောလာမည်ဟု ယုံကြည်ကြောင်း သမ္မတရှီက ပြောကြားခဲ့ သည်။

မိမိတို့သည် လူသားမျိုးနွယ် ကံကြမ္မာတူ အကျိုးတူ အသိုက်အဝန်း ခံယူချက်ကို လက်ကိုင်ထားရာ မိမိနိုင်ငံပြည်သူများ၏ အသက်အိုးအိမ်လုံခြုံမှုနှင့် ကျန်းမာရေးကို တာဝန်ယူတာဝန်ခံသလို ကမ္ဘာ့ ပြည်သူအများ ကျန်းမာရေးလုပ်ငန်းကိုလည်း အစွမ်းကုန် တာဝန်ကျေပွန်စွာ ဆောင်ရွက်လျက်ရှိ ကြောင်း ၊ တရုတ်နိုင်ငံသည် ပွင့်လင်းမြင်သာစွာဖြင့် အင်ဒိုနီးရှားနိုင်ငံအပါအဝင် နိုင်ငံတကာနှင့် ရောဂါကာကွယ်ထိန်းချုပ်ရေးပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက် တိုးမြှင့်ဆောင်ရွက်ကာ ဒေသနှင့်ကမ္ဘာ၏ အများပြည်သူကျန်းမာရေး လုံခြုံမှုကို ကာကွယ်သွားမည်ဖြစ်ကြောင်း ၊ တရုတ်နိုင်ငံရှိ အင်ဒိုနီးရှားနိုင်ငံသားများနှင့်အခြားနိုင်ငံသားများကို မိမိနိုင်ငံသားနှင့်မခြား စောင့်ရှောက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

မိတ်ဆွေများအကြား အရေးကြီးလျှင် သွေးနီးလေ့ရှိရာ ရောဂါဖြစ်ပွားပြီးနောက် အင်ဒိုနီးရှားနိုင်ငံ အပါအဝင် အိမ်နီးချင်း မိတ်ဆွေနိုင်ငံများက တရုတ်နိုင်ငံကို ဘက်စုံအားပေးထောက်ခံခဲ့ကြပြီး အေးတူပူအမျှ၊ ကိုင်းကျွန်းမှီ၊ကျွန်းကိုင်းမှီ အပြန်အလှန်ရိုင်းပင်းကူညီခဲ့ကြကြောင်း ၊ မိမိတို့အနေဖြင့် ရောဂါကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို လုပ်ဆောင်မည်ဖြစ်သလို ဒေသတွင်းနိုင်ငံများနှင့် ပူးပေါင်းဖလှယ်ရေးလုပ်ငန်းလုပ်ဆောင်သွားလိုကြောင်း ၊ ၎င်းမှာ နှစ်ဖက်နှစ်နိုင်ငံနှင့်ဒေသတွင်း နိုင်ငံများ၏ ဘုံအကျိုးစီးပွားနှင့် ကိုက်ညီကြောင်း သမ္မတရှီကျင့်ဖိန်က ပြောကြားခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံ သမ္မတ ဂျိုကို ဝီဒိုဒိုကလည်း အင်ဒိုနီးရှားနိုင်ငံ အစိုးရနှင့်ပြည်သူများကိုယ်စား တရုတ်နိုင်ငံ အစိုးရနှင့်ပြည်များကို COVID-19 ရောဂါဖြစ်ပွားခြင်းအတွက် နှစ်သိမ့်စကား ပြောကြားခဲ့သည်။ သမ္မတ ဂျိုဂို ဝီဒိုဒိုက တရုတ်နိုင်ငံ COVID-19 ရောဂါတိုက်ဖျက်ရေး အခက်အခဲကာလတွင် အင်ဒိုနီးရှားနိုင်ငံသည် တရုတ်နိုင်ငံ၏ စစ်မှန်သည့်မိတ်ဆွေမိတ်ဖက်အဖြစ် တရုတ်နိုင်ငံပြည်သူများ နှင့်အတူ အစဉ်အမြဲခိုင်မာစွာ ရပ်တည်သွားမည်ဖြစ်ပြီး ရောဂါတိုက်ဖျက်ရေးလုပ်ငန်းများကို အောင်မြင်အောင် အတူကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဆေးကုသသုံးကာကွယ်ရေးပစ္စည်းများကို တရုတ်နိုင်ငံသို့ ပေးပို့ပြီးဖြစ်ရာ လိုအပ်သည်များကိုလည်း ကူညီသွားရန် အသင့်ရှိကြောင်း ၊ အင်ဒိုနီးရှားနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ ရပ်ဝန်းနှင့်ပိုးလမ်းမ အတူတည်ဆောက်ရေးကို ဆက်လက်တွန်းအားပေးဆောင်ရွက်သွားမည်ဖြစ် ကြောင်း၊ ယခုရောဂါကပ်ဘေးသည် နှစ်နိုင်ငံချစ်ကြည်ရေးနှင့်ဆက်ဆံရေးကို ပို၍ရှေ့တိုးနက်ရှိုင်း စေမည်ဟု ယုံကြည်ကြောင်း သမ္မတ ဂျိုကို ဝီဒိုဒိုက ပြောကြားခဲ့သည်။ (Xinhua) 

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.