Connect with us

Environment, Disasters & Accidents

မြန်မာနိုင်ငံ အလယ်ပိုင်း အင်အား ရစ်ချ်တာစကေး ၅.၄ အဆင့်ရှိ မြေငလျင် တစ်ခု လှုပ်ခတ်

မုံရွာမြို့ တည်နေရာပြမြေပုံ (Google Map)

ရန်ကုန် ၊ နိုဝင်ဘာ ၂၇ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံ အလယ်ပိုင်း မုံရွာမြို့၏ အနောက်မြောက်ဘက် ၃၅ မိုင်ခန့်အကွာကို ဗဟိုပြု၍ အင်အား ရစ်ချ်တာစကေး ၅.၄ အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု ယနေ့ နေ့လည် ၃ နာရီ ၄မိနစ် အချိန်တွင် လှုပ်ခတ် သွားခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

မုံရွာမြို့ကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့သော မြေငလျင်မှာ စစ်ကိုင်း ပြတ်ရွေ့ကြောအနီး ဆက်စပ် လှုပ်ခတ်ခဲ့ပြီး မန္တလေးနှင့် မြင်းခြံမြို့များရှိ လူနေအိမ်များလည်း ငလျင်ဒဏ် အသင့်အတင့် ခံစားခဲ့ရကြောင်း၊ တစ်ချို့နေရာများတွင် အသေးစား ပျက်စီးမှု အနည်းငယ်ရှိခဲ့ပြီး ကနီမြို့ရှိ ရွှေမြင်းဖြူတောင်ပေါ်မှ စေတီများ ပျက်စီးသွားခဲ့ကြောင်း ကနဦး သတင်းများ အရ သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.