Connect with us

Environment, Disasters & Accidents

Junction Squareဈေးဝယ်စင်တာ၌ မီးချောင်း ဝါယာရှော့ခ်ဖြစ်ကာ မီးလောင်ကျွမ်း

နိုဝင်ဘာ ၂၃ ရက်နေ့တွင် ရန်ကုန်မြို့ရှိ Junction Square ဈေးဝယ်စင်တာ၌ မီးလောင်ကျွမ်းမှု ဖြစ်ပွား ခဲ့သည် ကို မြင်တွေ့ခဲ့ရစဉ်(ဆင်ဟွာ)

ရန်ကုန်၊ နိုဝင်ဘာ ၂၃ ရက် (ဆင်ဟွာ)

ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ Junction Square ဈေးဝယ်စင်တာအတွင်း ယနေ့ ည ၈နာရီအချိန်တွင် လေးပေမီးချောင်း ဝါယာရှော့ခ်ဖြစ်ကာ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း မီးသတ်ဦးစီးဌာနထံမှ သိရသည်။

Junction Square ဈေးဝယ်စင်တာတွင် လောင်ကျွမ်းခဲ့သောမီးမှာ တတိယထပ်ရှိ YKKO ကြေးအိုးဆိုင် မျက်နှာကျက်ရှိ လေးပေမီးချောင်း ဝါယာရှော့ခ်ဖြစ်ကာ ပြုတ်ကျရာမှ မီးလောင်မှု စတင်ခဲ့ခြင်းဖြစ်ကြောင်း မီးသတ်ဦးစီးဌာနမှ သတင်းထုတ်ပြန်သည်။

အဆိုပါ မီးလောင်မှုသည် မိနစ်ပိုင်းသာ ကြာမြင့်ခဲ့သော်လည်း ငြှိမ်းသတ်သည့် 50Kg မီးသတ်ဆေးဗူးများမှ ထွက်သော ပေါင်ဒါမှုန့်များကြောင့် မီးခိုးအူများ အဆက်မပြတ်ထွက်သကဲ့သို့ ဖြစ်ခဲ့ပြီး ထွက်လာသော အနံ့မှာလည်း ထိုအနံ့များသာဖြစ်ကြောင်း မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောကြားသည်။ မီးခိုး အလွန်များပြားသောကြောင့် ခက်ခဲစွာ ငြှိမ်းသက်ခဲ့ရကြောင်း ၎င်းက ဆိုသည်။

“မီးလောင်တယ်ဆိုတော့ ရုပ်ရှင်ရုံထဲကနေ ထွက်ပေါက်မနည်းရှာ ထွက်လာရတာ၊မီးခိုးလုံးကြားထဲမှာ အသက်ရူကြပ်ပြီး မနည်းထွက်လာရတာ”ဟု မီးလောင်ကျွမ်းစဉ် ဈေးဝယ်စင်တာတွင် ရုပ်ရှင် လာကြည့်သူ တစ်ဦးက ဆိုသည်။

ယင်းမီးလောင်မှုကို level 2 သတ်မှတ်ထားပြီး မီးသတ်ကား အစီး ၂၀ ကျော်ခန့်ဖြင့် ငြှိမ်းသတ်ခဲ့ပြီး လက်ရှိအချိန်တွင် မီးလောင်မှုအား ငြှိမ်းသတ်နိုင်ခဲ့ပြီဖြစ်သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.