Connect with us

Social

မြန်မာနိုင်ငံ၌ ပထမဆုံး ကျင်းပမည့် ရေကြောင်း ပြပွဲနှင့် သင်္ဘောသား အလုပ်အကိုင် အခွင့်အလမ်း ဆိုင်ရာ ဆွေးနွေးပွဲကျင်းပမည်

Myanmar Maritime Expo And Conference 2016 ပြပွဲကြော်ငြာအားတွေ့ရစဉ် (မြဝတီ)

ရန်ကုန်၊ ဇူလိုင် ၂၅ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ၌ ပထမဆုံး ကျင်းပမည့် ရေကြောင်း ပြပွဲနှင့် သင်္ဘောသား အလုပ်အကိုင် အခွင့်အလမ်း ဆိုင်ရာ ဆွေးနွေးပွဲ Myanmar Maritime Expo And Conference 2016 ကို ဇူလိုင် ၂၉ ရက်မှ ၃ဝ ရက် နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ရန်ကုန်တိုင်း ဒေသကြီး မရမ်းကုန်း မြို့နယ် မင်းဓမ္မလမ်းရှိ မြန်မာ ကွန်ဗင်းရှင်း စင်တာ (MCC) ၌ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ရေကြောင်းဆိုင်ရာ ပြပွဲတွင် ရေကြောင်းဆိုင်ရာ ထုတ်ကုန်များ၊ သင်ထောက်ကူ ပစ္စည်းများ၊ သင်္ဘောသား ဝန်ဆောင်မှု လုပ်ငန်းများ၊ သင်္ဘော တည်ဆောက်ရေး လုပ်ငန်းများ၊ ဘေးအန္တရာယ် ကင်းရှင်းရေး ပစ္စည်း အရောင်းဆိုင်များ၊ ရေကြောင်းနှင့် သက်ဆိုင်သော အာမခံနှင့် ငွေကြေးဆိုင်ရာ လုပ်ငန်းများ၊ တခြားသော ရေကြောင်းနှင့် သက်ဆိုင်သည့် လုပ်ငန်းများကို ပြသသွားမည် ဖြစ်သည်။

အဆိုပါ ဆွေးနွေးပွဲကို မြန်မာနိုင်ငံ ရေကြောင်းပညာ တက္ကသိုလ် Myanmar Maritime University), Seaberg Co., Ltd. နှင့် SPL Co.,Ltd. တို့က ဦးစီး ကျင်းပခြင်းဖြစ်ပြီး ရေကြောင်းဆိုင်ရာ ကျွမ်းကျင် ပညာရှင်များက ဆွေးနွေးပို့ချ သွားမည် ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.