ရန်ကုန် ၊ နိုဝင်ဘာ ၂၆ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန် ဘေးထွက်ဆိုးကျိုးနည်းပြီး စွမ်းရည်ထက်မြက်သည့် COVID-19 ကာကွယ်ဆေးများ ရရှိလာပါက မိမိတို့နိုင်ငံ ပြည်သူများအား ဦးစားပေးအစီအစဉ်အလိုက် စနစ်တကျ ထိုးနှံနိုင်ရေးအတွက် လုပ်ငန်းများကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားခဲ့သည်။
ဗျူနိုအေရစ် ၊ နိုဝင်ဘာ ၂၆ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ် ကွယ်လွန်သွားသော အာဂျင်တီးနားဂန္တဝင်ဘောလုံးသမား ဒီယေဂိုမာရာဒိုနာ၏ ခန္ဓာကိုယ်ပေါ်တွင်မည်သည့် ဒဏ်ရာလက္ခဏာမျှမတွေ့ရကြောင်း နှင့် ၎င်းသည် သဘာဝအတိုင်း လူကြီးရောဂါများဖြင့်ကွယ်လွန်သွားခြင်းသာဖြစ်ကြောင်း အာဂျင်တီးနားနိုင်ငံ San Isidro မြို့မှ ရှေ့နေချုပ် John Broyad က နိုဝင်ဘာ ၂၅ ရက်တွင် ပြောကြားခဲ့သည်။
ပေကျင်း၊ နိုဝင်ဘာ ၂၅ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ ရှီကျင့်ဖိန်က မစ္စတာ ဂျိုးဘိုင်ဒန်အား အမေရိကန်နိုင်ငံ သမ္မတအဖြစ် ရွေးချယ် ခံရခြင်းအပေါ် ဝမ်းမြောက်ကြောင်း ဂုဏ်ပြုသဝဏ်လွှာတစ်စောင်ကို နိုဝင်ဘာ ၂၅ ရက်တွင် ပေးပို့ခဲ့ကြောင်း သိရသည်။
ပေကျင်း ၊ နိုဝင်ဘာ ၂၅ ရက်(ဆင်ဟွာ) ဘာသာပြန်/ကိုငယ် တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် အမေရိကန်နိုင်ငံသမ္မတအဖြစ်ရွေးကောက်တင်မြှောက်ခံရသည့် ဂျိုးဘိုင်ဒန်ထံသို့ ဝမ်းမြောက်ဂုဏ်ယူကြောင်း သဝဏ်လွှာတစ်စောင်ကို ယနေ့ နိုဝင်ဘာ ၂၅ ရက်တွင် ပေးပို့ခဲ့ကြောင်း သိရသည်။(Xinhua)
ရန်ကုန် ၊ နိုဝင်ဘာ ၂၅ ရက်(ဆင်ဟွာ) ရေးသားသူ/ အိမွန်ကျော် မြန်မာနိုင်ငံ၌ ယနေ့ (နိုဝင်ဘာ ၂၅ ရက်) ညပိုင်းတွင် COVID-19 ဓာတ်ခွဲအတည်ပြုလူနာသစ် ၁,၃၃၀ ဦး ထပ်မံစစ်ဆေးတွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရသိရသည်။
ကျိလင်၊ နိုဝင်ဘာ ၂၄ ရက် (ဆင်ဟွာ) ဘာသာပြန်နှင့် တည်းဖြတ် / စုဝင့် တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ကျိလင်ပြည်နယ် တွင် ချန်ချွမ်းမြို့နှင့် ဟွမ်ချွမ်းမြို့သို့ဆက်သွယ်ပြေးဆွဲထားသည့် မြန်နှုန်းမြင့်ရထားလမ်းတစ်လျှောက်တွင် ဖုံးလွှမ်းနေသော ဆီးနှင်းများနှင့် ရေခဲများကို ဖယ်ရှားရန် လုပ်သားပေါင်း ၄၀၀ ခန့် အသုံးပြုဆောင်ရွက်ခဲ့ရသည်။ ၎င်းတို့သည် လျှပ်စစ်ဓါတ်အားလိုင်းများ...
စီချွမ်း၊ နိုဝင်ဘာ ၁၉ ရက် (ဆင်ဟွာ) ဘာသာပြန် နှင့် ရုပ်သံတည်းဖြတ် / စုဝင့် တရုတ်နိုင်ငံအနောက်တောင်ပိုင်း စီချွမ်းပြည်နယ် ပြည်သူ့ဆေးရုံတွင် အသက် ၄၂ နှစ်အရွယ်ရှိ နှလုံးရောဂါသည်တစ်ဦးအား အစားထိုးလဲလှယ်ကုသမှုကို အောင်မြင်စွာလုပ်ဆောင်ပေးနိုင်ခဲ့ကြောင်းသိရသည်။ အဆိုပါ လူနာသည် နှလုံးကြွက်သား အားနည်းပြီး နှလုံးယောင်ရမ်းခြင်းဝေဒနာခံစားနေရသူတစ်ဦးဖြစ်သည်။ နှစ်ပေါင်းများစွာ ပုံမှန်နှလုံး...
ပေကျင်း၊ နိုဝင်ဘာ ၂၅ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်တစ်ဝိုက်တွင် ကပ်ရောဂါထိန်းချုပ်ရေးနည်းလမ်းများကို တိုးမြှင့်ထားပြီး မလေးရှားနိုင်ငံတွင် ထပ်တိုးအတည်ပြုလူနာဦးရေ ဆက်တိုက် စံချိန်တင် မြင့်တက်နေကြောင်း နိုဝင်ဘာ ၂၄ ရက်အထိ ရရှိသော သတင်းများအရ သိရသည်။
ဘမ်ယန်၊ အာဖဂန်နစ္စတန်၊ နိုဝင်ဘာ ၂၅ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် အာဖဂန်နစ္စတန်နိုင်ငံအလယ်ပိုင်း ဘမ်ယန်ပြည်နယ် မြို့တော် ဘမ်ယန်ရှိ ဈေးဝယ်စင်တာတစ်ခုတွင် နိုဝင်ဘာ ၂၄ ရက်က ပေါက်ကွဲမှုနှစ်ခုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၁၇ ဦး သေဆုံးပြီး ၅၀ကျော် ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများက...
ပဲရစ်၊ နိုဝင်ဘာ ၂၅ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် ပြင်သစ်နိုင်ငံရှိ ပြည်သူများအနေဖြင့် နိုဝင်ဘာ ၂၈ ရက်မှစတင်ကာ အိမ်အပြင်ဘက်ထွက်၍ လှုပ်ရှားသွားလာမှုများကို လွတ်လွတ်လပ်လပ် ပိုမိုလုပ်ဆောင်နိုင်တော့မည်ဖြစ်ပြီး ကျန်းမာရေး အခြေအနေများဖြင့် ကိုက်ညီမှုရှိပါက ဒီဇင်ဘာ ၁၅ ရက်တွင် နိုင်ငံတစ်ဝန်း ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် အသွားအလာကန့်သတ်မှုများကို...