Environment, Disasters & Accidents
ယာယီရပ်နားထားသည့် ချင်းတွင်းမြစ်အတွင်းသွား မော်တော်ရေ ယာဉ် ခရီးစဉ်များ သြဂုတ် ၂၅ ရက်နေ့တွင် ပြန်လည်ပြေးဆွဲသွားမည်
ရန်ကုန်၊ သြဂုတ် ၂၃ ရက် (ဆင်ဟွာ)
ချင်းတွင်းမြစ်ရေ ဒုတိယအကြိမ် ကြီးမြင့်လာမှုကြောင့် သြဂုတ်လ (၁၆) ရက်မှ စတင်ရပ်နားထားသည့် မုံရွာမြို့တွင် အခြေပြုပြီး ချင်းတွင်းအ ထက်ပိုင်း ဒေသများသို့ ပြေးဆွဲလျက်ရှိသော လူစီးအမြန်ရေယာဉ်များနှင့် ကုန်တင်ရေယာဉ် ခရီးစဉ်များကို သြဂုတ်လ(၂၅)ရက်နေ့တွင် ပြန်လည်ပြေး ဆွဲသွားမည် ဖြစ်ကြောင်း သိရသည်။
ချင်းတွင်းမြစ်ရေသည် သြဂုတ်လအတွင်း ဒုတိယအကြိမ်မြစ်ရေကြီး လာသဖြင့် သြဂုတ်လ (၁၆)ရက် နေ့မှ (၂ဝ)ရက်နေ့ ထိတစ်ကြိမ်၊ (၂၁)ရက်နေ့မှ(၂၃)ရက်နေ့အထိတစ်ကြိမ် ရပ်နားခဲ့ပြီးချင်းတွင်း အထက်ပိုင်း မြို့နယ်များတွင် စိုးရိမ်ရေအမှတ်အထက်တွင် ဆက်လက် တည်ရှိနေသဖြင့် သြဂုတ်လ (၂၄)ရက် နေ့တစ်ရက်အား ထပ်မံတိုးမြင့် ရပ်နားမည်ဖြစ်ပြီး ယခုနှစ်မိုးရာသီတွင် ဒုတိယအကြိမ် ချင်းတွင်းမြစ်ရေ မြင့်တက်မှုကြောင့် ခရီးစဉ်များ ကို (၉)ရက်ကြာ ရပ်နားထားခဲ့ရကြောင်သိရသည်။
မုံရွာမြို့ချင်းတွင်းဆိပ်ကမ်းမှ အထက်ပိုင်းဒေသများသို့ ချင်းတွင်းမြစ်အတွင်း ပြေးဆွဲလျက်ရှိသော ကုန်တင် ရေယာဉ်(၁၉)သင်းတွင် အစီးရေ(၅၄၄)စီး လူစီးအမြန်ရေယာဉ် (၁ဝ)သင်း အစီးရေ(၁၂၄)စီးဖြင့် ကုန်စည်နှင့် ခရီးသည်များကို အထက်အောက်စုန်ဆန် ပြေးဆွဲပေးလျက်ရှိရာ ချင်း တွင်းမြစ်ရေကြီးမြင့်လာ သဖြင့် လမ်းခရီးတွင် အန္တရာယ် မဖြစ်ပေါ်စေရေး အတွက် ခရီးစဉ်များကိုခေတ္တရပ်နားထားခြင်းဖြစ်ပြီး သြဂုတ်လ(၂၅)ရက်နေ့ တွင် ပြန်လည် ပြေးဆွဲသွားမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ (Xinhua)