Europe
အီရန်စစ်ပွဲမပြီးဆုံးမီ ရုရှား-ယူကရိန်း ငြိမ်းချမ်းရေးဆွေးနွေးမှု တိုးတက်မှုရှိရန်ခက်ခဲဟု ဇယ်လန်းစကီး ဆို
ကိဗ်၊ ဧပြီ ၂၃ ရက် (ဆင်ဟွာ)
ယူကရိန်း သမ္မတ ဇယ်လန်းစကီးက ၎င်းအနေဖြင့် ရုရှား-ယူကရိန်း အပစ်ရပ်မှုအပေါ် တံခါးဖွင့်လှစ်သည့် သဘောထားရှိကြောင်း၊ သို့သော် အီရန်စစ်ပွဲပြီးဆုံး၍ အမေရိကန်နှင့် အစ္စရေးသည် အီရန်နှင့် နောက်ဆုံးအပစ်ရပ်မှု မရရှိခင်အထိ ၎င်းအနေဖြင့် ရုရှား-ယူကရိန်း ငြိမ်းချမ်းရေးဆွေးနွေးမှုတွင် တိုးတက်မှုရရှိနိုင်သည့် ဖြစ်နိုင်ခြေကို မတွေ့မြင်ရကြောင်း ဧပြီ ၂၂ ရက်တွင် အမေရိကန်မီဒီယာ တွေ့ဆုံမေးမြန်းမှုအား ဖြေကြားရာ၌ ပြောကြားခဲ့သည်။
ဇယ်လန်းစကီးက အမေရိကန်အနေဖြင့် အီရန်အပေါ် အာရုံစိုက်နေခြင်းကို နားလည်ကြောင်း၊ သို့သော် ယူကရိန်းသည်လည်း အလားတူ လျစ်လျူရှုထား၍မရကြောင်း၊ ယူကရိန်းစစ်ပွဲကို “နောင်မှ ဖြေရှင်း” ၍ မရကြောင်း၊ အကျပ်အတည်းကြီးနှစ်ရပ်ကို တစ်ပြိုင်နက်တည်းဖြေရှင်းနိုင်သည့် လမ်းကြောင်း ရှာဖွေရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု Interfax-Ukraine သတင်းဌာန၏ သတင်းဖော်ပြချက်အရ သိရသည်။
အီရန်စစ်ပွဲကြောင့် အမေရိကန်က ယူကရိန်းအပေါ် အဓိကကျသောလက်နက်အချို့ ပံ့ပိုးပေးမှု အတားအဆီးဖြစ်ကြောင်း၊ အထူးသဖြင့် လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်များဖြစ်ကာ အမေရိကန်၏ ထုတ်လုပ်နိုင်မှုစွမ်းရည် အကန့်အသတ်ကြောင့် ယူကရိန်းဘက်သည် လုံလောက်သည့်ပံ့ပိုးမှု မရရှိကြောင်း၊ တစ်ချိန်တည်းတွင် ယူကရိန်းဘက်အနေဖြင့် လက်နက်ထုတ်လုပ်မှုကို တိုးချဲ့ရန် ကြိုးပမ်းလျက်ရှိကြောင်း၊ ဥပမာအားဖြင့် ကြားဖြတ်တားဆီးရေးဒရုန်းများ တစ်နေ့ထုတ်လုပ်နိုင်သည့်ပမာဏ ထုတ်လုပ်မှုစွမ်းရည်ကို အစင်းရေ ၁,၀၀၀ ခန့်မှ အစင်းရေ ၂,၀၀၀ အထိ မြှင့်တင်လျက်ရှိကြောင်း၊ သို့သော် ပြဿနာမှာ အရင်းအနှီးလိုအပ်ခြင်းဖြစ်ကြောင်း ဇယ်လန်းစကီးက ပြောကြားခဲ့သည်။
ဥရောပသမဂ္ဂ အလှည့်ကျဥက္ကဋ္ဌနိုင်ငံ ဆိုက်ပရက်စ်ဘက်၏ သတင်းအရ ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ ကိုယ်စားလှယ်များက ဧပြီ ၂၂ ရက်တွင် ယူကရိန်းထံသို့ ချေးငွေ ယူရို ၉၀ ဘီလီယံ ပံ့ပိုးပေးသည့်အစီအစဉ်အား ခွင့်ပြုခဲ့ပြီး တစ်ချိန်တည်းတွင် ရုရှားအပေါ် အသစ်တစ်ကြိမ် ပိတ်ဆို့အရေးယူမှုအစီအစဉ်ကိုလည်း အတည်ပြုခဲ့ရာ နောက်ဆုံးစာရွက်စာတမ်းလုပ်ငန်းစဉ်သည် ခန့်မှန်းခြေ ဧပြီ ၂၃ ရက်တွင် လုပ်ဆောင်ပြီးမည်ဟု သိရသည်။ ယူကရိန်းနိုင်ငံ ဒုတိယဝန်ကြီးချုပ် Taras Kachka က ဇွန်လကုန်မတိုင်မီ ဥရောပသမဂ္ဂ၏ ပထမဆုံးအသုတ် ချေးငွေ ယူရို ၉၀ ဘီလီယံ ရရှိရန်မျှော်လင့်ကြောင်း ဧပြီ ၂၁ ရက်က ပြောကြားခဲ့သည်။ (Xinhua)
—————–
(Chinese Version)
泽连斯基:伊朗战事结束前俄乌和谈难有进展
新华社基辅4月22日电(记者李东旭)乌克兰总统泽连斯基22日接受美国媒体采访时称,他对俄乌停火持开放态度,但在伊朗战事结束、美国和以色列与伊朗达成最终停火前,他看不到俄乌和平谈判取得进展的可能性。
据乌克兰国际文传电讯社报道,泽连斯基对美方关注焦点在伊朗表示理解,但强调乌克兰同样不容忽视,乌克兰战事不容“稍后解决”,必须找到同步解决两大危机的途径。
泽连斯基称,伊朗战事导致美方对乌部分关键武器援助受阻,尤其是防空导弹,由于美方产能受限,乌方无法获得充足供应。同时,乌方正努力扩大武器生产,比如,将拦截无人机日产量从约1000架提升至产能可达的2000架,但问题在于缺乏资金。
据欧盟轮值主席国塞浦路斯方面的消息称,欧盟各成员国代表22日批准向乌克兰提供900亿欧元贷款方案,同时通过新一轮对俄制裁方案,最终书面程序预计23日完成。乌副总理卡奇卡21日表示,希望6月底前收到欧盟900亿欧元的首批贷款。(完)
图说:2月14日,在德国慕尼黑,乌克兰总统泽连斯基在慕尼黑安全会议上发表讲话。新华社记者李颖摄
