Connect with us

China

၁၃၉ ကြိမ်မြောက် ကွမ်ကျိုး ကုန်စည်ပြပွဲ ပထမအဆင့်နှစ်ဆင့်တွင် ပြည်ပမှဝယ်ယူသူ ၂၄၅,၀၀၀ ဆွဲဆောင်ထားနိုင်

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုန်းပြည်နယ် ကွမ်ကျိုးမြို့တွင် ၁၃၉ ကြိမ်မြောက် တရုတ်နိုင်ငံ ပို့ကုန်သွင်းကုန်ပြပွဲ (ကွမ်ကျိုးကုန်စည်ပြပွဲ) ၌ ပြခန်းများ ကြည့်ရှုနေသူတစ်ဦးကို ၂၀၂၆ ခုနှစ် ဧပြီ ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကွမ်ကျိုး၊ ဧပြီ ၂၈ ရက် (ဆင်ဟွာ)
ကွမ်ကျိုး ကုန်စည်ပြပွဲဟု လူသိများသည့် ၁၃၉ ကြိမ်မြောက် တရုတ်နိုင်ငံ သွင်းကုန်ပို့ကုန်ပြပွဲ ပထမအဆင့်နှစ်ဆင့်တွင် ဧပြီ ၂၇ ရက် မွန်းလွဲပိုင်းအထိ နိုင်ငံနှင့် ဒေသ ၂၁၉ ခုမှ ပြည်ပဝယ်လက် ၂၄၅,၀၀၀ အား ဆွဲဆောင်ထားနိုင်ခဲ့ရာ ယခင်ပြပွဲ အလားတူကာလထက် ၂.၂ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း တရုတ်နိုင်ငံ ပြည်ပကုန်သွယ်မှုစင်တာထံမှ သိရသည်။
အဆိုပါ ကုန်စည်ပြပွဲသို့ ပြည်ပမှ စက်မှုလုပ်ငန်းနှင့် စီးပွားရေးလုပ်ငန်း အဖွဲ့အစည်း ၁၄၀ တက်ရောက်ခဲ့သည်။ ထို့ပြင် အမေရိကန်၊ မက္ကဆီကို၊ ဗြိတိန်၊ ဂျာမနီ၊ ဂျပန်နှင့် အခြားနိုင်ငံများမှ ထိပ်တန်းစီးပွားရေးလုပ်ငန်း ၃၄၄ ခုလည်း ကုန်စည်ပြပွဲ၌ ပါဝင်ပြသခဲ့ကြပြီး ယခင်ပြပွဲ အလားတူကာလထက် ၄.၉ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း သိရသည်။
ယခုနှစ် ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုန်းပြည်နယ် ကွမ်ကျိုးမြို့၌ အဆင့်သုံးဆင့်ဖြင့် မေလ ၅ ရက်အထိ ကျင်းပမည်ဖြစ်သည်။
ဒုတိယအဆင့်ပြပွဲကို ဧပြီ ၂၃ ရက်မှ ၂၇ ရက်အထိ အဆောက်အဦပစ္စည်းကိရိယာများ၊ ပရိဘောဂများ၊ အိမ်ထောင်စုသုံးထုတ်ကုန်ပစ္စည်းများ၊ လက်ဆောင်များနှင့် အလှဆင်ပစ္စည်းများ အပါအဝင် “အရည်အသွေးရှိသော နေပျော်ဖွယ်အိမ်” ဟူသော အဓိကခေါင်းစဉ်ဖြင့် ကျင်းပလျက်ရှိသည်။ တတိယအဆင့်ကိုမူ မေလ ၁ ရက်မှ ၅ ရက်အထိ ကျင်းပမည်ဖြစ်ပြီး အရုပ်များ၊ ကိုယ်ဝန်ဆောင်နှင့် ကလေးငယ်အသုံးအဆောင်ပစ္စည်းများ၊ အိမ်သုံးအထည်အလိပ်များ၊ စာရေးကိရိယာများ၊ ကျန်းမာရေးနှင့် အပန်းဖြေကုန်ပစ္စည်းများအား အဓိက ပြသမည်ဖြစ်သည်။
၁၉၅၇ ခုနှစ်တွင် စတင်သော ကွမ်ကျိုး ကုန်စည်ပြပွဲကို ကွမ်ကျိုးမြို့တွင် တစ်နှစ်လျှင် နှစ်ကြိမ် ကျင်းပခြင်းဖြစ်သည်။ ထိုကုန်စည်ပြပွဲမှာ တရုတ်နိုင်ငံ ကျင်းပသော ဘက်စုံ နိုင်ငံတကာ ကုန်သွယ်ရေးပြပွဲများစွာအနက်မှ အချိန်အကြာဆုံးကျင်းပသည့် ပြပွဲလည်းဖြစ်ပြီး တရုတ်နိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှုကို တိုင်းတာမှုစနစ်အဖြစ်လည်း ဖော်ညွှန်းလျက်ရှိကြောင်း သိရသည်။ (Xinhua)
……………………………………..
(English Version)
139th Canton Fair attracts 245,000 foreign buyers in first two phases
GUANGZHOU, April 27 (Xinhua) — The first two phases of the 139th China Import and Export Fair, also known as the Canton Fair, have attracted 245,000 overseas buyers from 219 countries and regions as of Monday afternoon, an increase of 2.2 percent from the same period of the previous edition, according to the China Foreign Trade Center.
A total of 140 overseas industrial and commercial organizations attended the fair. Another 344 leading enterprises from the United States, Mexico, the United Kingdom, Germany, Japan and other places also participated, marking a 4.9 percent increase from the same period of the previous edition.
This year’s fair is being held in three offline phases in Guangzhou, south China’s Guangdong Province, and will run until May 5.
The second phase, held from April 23 to 27, focuses on “quality home life,” including building materials, furniture, household products, gifts and decorations. The third phase, scheduled for May 1 to 5, will focus on toys, maternity and childcare products, home textiles, stationery, as well as health and leisure goods.
Established in 1957, the Canton Fair takes place twice a year in Guangzhou. It is the longest-running of several comprehensive international trade events in China, and it has been hailed as the barometer of China’s foreign trade.
Photo: A purchaser (R) views exhibits during the 139th edition of the China Import and Export Fair (Canton Fair) in Guangzhou, south China’s Guangdong Province, April 23, 2026. (Xinhua/Deng Hua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.