Connect with us

Business

မြန်မာနိုင်ငံ၌ ပထမသုံးလပတ်အတွင်း နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ သန်း ၁၄၀ ကျော် ဝင်ရောက်

မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ အေးရှားဝေါလ်ဆိပ်ကမ်းကို ၂၀၁၈ ခုနှစ် မေ ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇူလိုင် ၂၇ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံသည် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ပထမသုံးလပတ်အတွင်း နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) အမေရိကန်ဒေါ်လာ ၁၄၇ သန်း ဆွဲဆောင်ထားနိုင်ခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) က ဇူလိုင် ၂၆ ရက်၌ ထုတ်ပြန်သော အချက်အလက်အရ သိရသည်။
ယခုနှစ် ဧပြီ ၁ ရက်မှ ဇွန် ၃၀ ရက်အထိ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ခွင့်ပြုခဲ့သော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၉ ခု ရှိကြောင်း DICA အချက်အလက်၌ ဖော်ပြထားသည်။
အဆိုပါကာလအတွင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍတွင် FDI အများဆုံးဝင်ရောက်ခဲ့ခြင်းဖြစ်ကာ အမေရိကန်ဒေါ်လာ ၈၂ သန်းရှိကြောင်း၊ ယင်းနောက်တွင် စက်မှုကုန်ချောကဏ္ဍက ဒေါ်လာ ၆၄ သန်းဖြင့်လည်းကောင်း၊ မွေးမြူရေးနှင့် ရေလုပ်ငန်းက ဒေါ်လာ ၁ သန်းဖြင့်လည်းကောင်း အသီးသီးဝင်‌ရောက်ခဲ့ကြောင်း သိရသည်။
ယင်းကာလအတွင်း မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုအများဆုံးမှာ စင်ကာပူ၊ တရုတ်နှင့် အင်ဒိုနီးရှား စသည့်နိုင်ငံများဖြစ်ကြောင်း DICA အချက်အလက်အရ သိရသည်။ (Xinhua)
……………………………………..
(English Version)
Myanmar attracts over 140 mln USD in FDI in Q1
YANGON, July 26 (Xinhua) — Myanmar has attracted 147 million U.S. dollars in foreign direct investment (FDI) in the first quarter of the fiscal year 2024-25, according to figures released by the Directorate of Investment and Company Administration (DICA) on Friday.
From April 1 to June 30 this year, the Myanmar Investment Commission approved 19 foreign invested enterprises, showed the DICA data.
During the period, the transport and communication sector attracted the most FDI with 82 million dollars, followed by the manufacturing sector with 64 million dollars, and livestock and fisheries sector with 1 million dollars, it said.
Singapore, China and Indonesia are the largest investors in Myanmar during the period, it added.
Photo: Photo taken on May 19, 2018, shows the Asia World Port in Yangon, Myanmar. (Xinhua/U Aung)