Connect with us

Education & Health

မြန်မာနိုင်ငံ ကြက်ခြေနီစေတနာ့ဝန်ထမ်းများက  ကမ္ဘာ့ကြက်ခြေနီနေ့ကို လူသားချင်းစာနာထောက်ထားမှုစိတ်ဓာတ်ဖြင့် ကျင်းပဆင်နွှဲခဲ့ကြ 

မြန်မာနိုင်ငံ၊ ရန်ကုန်မြို့တွင် ကျင်းပပြုလုပ်သော ကမ္ဘာ့ကြက်ခြေနီနှင့် လခြမ်းနီလှုပ်ရှားမှုအထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်လာကြသည့် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းဝင်များကို ၂၀၂၆ ခုနှစ်၊ မေလ ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ မေ ၉ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ ကြက်ခြေနီအသင်း (MRCS) အဖွဲ့ဝင်များက ကမ္ဘာ့ကြက်ခြေနီနှင့် လခြမ်းနီလှုပ်ရှားမှုကို ဂုဏ်ပြုသောအားဖြင့် မေလ ၈ ရက်က  ရန်ကုန်တိုင်းဒေသကြီးအပါအဝင် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ အခြားသော တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်ပါ အသီးသီး စုဝေးခဲ့ကြပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းများနှင့် သဘာဝဘေးအန္တရာယ် တုံ့ပြန်ဆောင်ရွက်ရေးတို့တွင် စေတနာလုပ်အားရှင်၏ အခန်းကဏ္ဍကို မီးမောင်းထိုးပြခဲ့ကြသည်။

ယခုနှစ်အတွက် ကမ္ဘာလုံးဆိုင်ရာ ဆောင်ပုဒ်ဖြစ်သည့် “ညီညွတ်မှုအားနဲ့ တို့ကူညီ၊ လူသားချင်းစာနာတဲ့ ကြက်ခြေနီ”  (United in Humanity) ဆိုသည်မှာ အကျပ်အတည်းကာလများအတွင်း လူထုနှင့်အတူ တစ်သားတည်း ရပ်တည်ပေးခဲ့ကြသော စေတနာလုပ်အားရှင်များနှင့် ဝန်ထမ်းများကို ဂုဏ်ပြုခြင်းပင် ဖြစ်ကြောင်း သိရသည်။ 

ရန်ကုန်၊ မန္တလေးနှင့် အခြားသော တိုင်းဒေသကြီးများတွင် ကျင်းပခဲ့သည့် အခမ်းအနားများသည် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းဝင်များနှင့် စေတနာ့ဝန်ထမ်းများကို စုစည်းပေးခဲ့ပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများကို ဂုဏ်ပြုဆင်နွှဲခြင်း၊ စေတနာလုပ်အားရှင်များကို အသိအမှတ်ပြုခြင်းနှင့် လူငယ်လူရွယ်များအား လူသားချင်းစာနာမှုဆိုင်ရာ လုပ်ငန်းများတွင် ပါဝင်လာစေရန် တိုက်တွန်းအားပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။ 

ထိုသို့ဂုဏ်ပြုချီးမြှောက်ခြင်းခံရသူများထဲတွင် ၁၉၇၇ ခုနှစ်က မြန်မာနိုင်ငံ ကြက်ခြေနီအသင်းသို့ ဝင်ရောက်ခဲ့သူ အသက် (၆၃) နှစ်အရွယ် ဦးသန်းအေးလည်း တစ်ဦးအပါအဝင် ဖြစ်သည်။၎င်းသည် ဆယ်စုနှစ်ငါးခုနီးပါး ကာလအတွင်း ကယ်ဆယ်ရေးလုပ်ငန်းများ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးလုပ်ငန်းများနှင့် သွေးလှူဒါန်းမှုအစီအစဉ်များတွင် ပါဝင်ဆောင်ရွက်ခဲ့ပြီး သွေးလှူဒါန်းမှု အကြိမ်ရေ ၁၁၁ ကြိမ်အထိ လှူဒါန်းခဲ့သူဖြစ်ကြောင်း သိရသည်။ 

အဆိုပါ အခမ်းအနားတွင် ၎င်းက သွေးလှူဒါန်းမှုဆိုင်ရာ ပံ့ပိုးကူညီမှုများအတွက် ဂုဏ်ထူးဆောင်လက်မှတ် လက်ခံရရှိခဲ့သည်။ “ကျွန်တော်က ရေကြီးတာနဲ့ မုန်တိုင်းတိုက်ခတ်တာလိုမျိုး သဘာဝဘေးအန္တရာယ်တွေ ဖြစ်ပွားနေတဲ့အချိန်မှာ ကယ်ဆယ်ရေးနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းတွေမှာရော၊ သွေးလှူဒါန်းမှု လှုပ်ရှားမှုတွေမှာပါ ပါဝင်ဆောင်ရွက်ခဲ့ပါတယ်” ဟု ၎င်းက ဆင်ဟွာသတင်းဌာနသို့ ပြောကြားခဲ့သည်။

ကမ္ဘာ့ကြက်ခြေနီနှင့် လခြမ်းနီနေ့သည် မြန်မာတစ်နိုင်ငံလုံးရှိ ကြက်ခြေနီအဖွဲ့ဝင်များ စုစည်းကြရန်နှင့် စည်းလုံးညီညွတ်မှု ခိုင်မာစေရန်အတွက် အရေးပါသော အခါသမယတစ်ခုအဖြစ် ကာလရှည်ကြာစွာ တည်ရှိခဲ့သည်ဟု ၎င်းက ဆိုသည်။ “ဒီအထိမ်းအမှတ် အခမ်းအနားက စည်းလုံးညီညွတ်မှုကို ခိုင်မာစေဖို့ ကူညီပေးရုံသာမကဘူး အဖွဲ့ဝင်တွေ အချင်းချင်း ရင်းနှီးသိကျွမ်းခွင့်ကိုလည်း ရရှိစေပါတယ်” ဟု ၎င်းက ပြောသည်။ 

လူငယ်များအနေဖြင့်လည်း စေတနာလုပ်အားရှင် လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ကြရန် ၎င်းတိုက်တွန်းခဲ့သည်။“စေတနာလုပ်အားရှင် လုပ်ဆောင်ခြင်းဆိုတာ လူမှုရေး ဝန်ဆောင်မှု လုပ်ငန်းတစ်ခု ဖြစ်ပါတယ်။ 

စေတနာ့ဝန်ထမ်း တစ်ဦးအနေနဲ့ ဘေးအန္တရာယ်တွေ ကျရောက်နေတဲ့အချိန်မှာ ပြည်သူတွေကို ကူညီခွင့်ရမှာ ဖြစ်ပါတယ်” ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။ ရန်ကုန်မြို့တွင် ပြုလုပ်သည့် အဆိုပါအခမ်းအနားသို့ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ ဒုတိယကြက်ခြေနီတပ်ခွဲမှူးဖြစ်သူ အသက် ၃၉ နှစ်အရွယ် မသီတာလွင်က လုပ်ဖော်ကိုင်ဖက် အဖွဲ့ဝင်များနှင့်အတူ တက်ရောက်ခဲ့သည်။

စေတနာလုပ်အားရှင် လုပ်ဆောင်ခြင်းက ၎င်းအတွက် အရေးပေါ်အခြေအနေ ပြင်ဆင်မှုနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဝန်ဆောင်မှုတို့အပေါ် နားလည်သဘောပေါက်မှုကို ဖြစ်ပေါ်စေခဲ့ကြောင်း ပြောကြားခဲ့သည်။ “ရုတ်တရက် မတော်တဆမှုတစ်ခုခု ဖြစ်လာခဲ့ရင် ကျွန်မတို့အနေနဲ့ တုံ့ပြန်ဆောင်ရွက်ပေးနိုင်သလို အရေးပေါ် အခြေအနေတွေမှာလည်း ကူညီပေးနိုင်ပါတယ်” ဟု ၎င်းက ဆင်ဟွာသို့ ပြောကြားခဲ့သည်။၎င်းက ၁၉၉၀ ပြည့်လွန်နှစ်များတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း (MRCS) သို့ စတင်ဝင်ရောက်ခဲ့ပြီး ရန်ကုန်နှင့် မန္တလေးမြို့ရှိ ကယ်ဆယ်ရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။“ကျွန်မက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လှုပ်ရှားမှုတွေကို ဝါသနာပါပြီး သူတစ်ပါးကို ကူညီချင်တဲ့ စိတ်ဆန္ဒရှိတာကြောင့် မြန်မာနိုင်ငံ ကြက်ခြေနီအသင်း (MRCS) ထဲကို ဝင်ရောက်ခဲ့တာပါ” ဟု ၎င်းက ပြောကြားခဲ့သည်။နွေရာသီကာလအတွင်း အပူလျှပ်ခြင်း ကာကွယ်ရေးဆိုင်ရာ အချက်အလက်များ အပါအဝင် ရှေးဦးပြုစုခြင်း အသိပညာပေးမှုများကိုလည်း စေတနာလုပ်အားရှင်များက ဆောင်ရွက်ပေးလျက်ရှိကြောင်း ၎င်းက ဖြည့်စွက် ပြောကြားခဲ့သည်။

စေတနာလုပ်အားရှင် လုပ်ဆောင်ခြင်းသည် တစ်ဦးတစ်ယောက်ချင်းစီအတွက်သာမက လူမှုအသိုက်အဝန်းနှင့် မိသားစုများအတွက်ပါ အကျိုးကျေးဇူးရှိစေကြောင်း ၎င်းက လူငယ်များသို့ သတင်းစကားပါးခဲ့သည်။ 

ရန်ကုန်တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး ဦးကျော်မြင့်အောင်က ကမ္ဘာ့ကြက်ခြေနီနှင့် လခြမ်းနီနေ့သည် အဖွဲ့ဝင်များအတွက် အဓိပ္ပာယ်လေးနက်သော အခါသမယတစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။“ကြက်ခြေနီ စေတနာလုပ်အားရှင်တွေက ရှေးဦးပြုစုခြင်း သင်တန်းတွေမှာတင်မကဘဲ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းစဉ်တွေမှာလည်း ပါဝင်ဆောင်ရွက်နေကြပါတယ်” ဟု ၎င်းက ဆင်ဟွာသို့ ပြောကြားခဲ့သည်။စေတနာလုပ်အားရှင်များက ၎င်းတို့၏ လုပ်ဆောင်ချက်များအတွက် ငွေကြေးဆိုင်ရာ အကျိုးခံစားခွင့်များကို မမျှော်လင့်ကြောင်း ၎င်းကဆိုသည်။ “ကျွန်တော်တို့တွေက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းတွေကို ငွေကြေးအကျိုးအမြတ် ပြန်ရဖို့ မျှော်လင့်ပြီး လုပ်ဆောင်နေကြတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ တန်ဖိုးထားတာကတော့ စေတနာလုပ်အားရှင်တွေရဲ့ လုပ်ဆောင်ချက်တွေအပေါ် ပြည်သူလူထုရဲ့ အသိအမှတ်ပြုမှုကိုပဲ ဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။မန္တလေးတိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး ဦးကျော်ကျော်က အခမ်းအနားတွင် ရှေးဦးပြုစုခြင်းသင်တန်းဆင်းသူများနှင့် ထူးချွန်စေတနာလုပ်အားရှင်များကို ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခြင်းများ ပါဝင်ကြောင်း ပြောကြားခဲ့သည်။

ကမ္ဘာ့ကြက်ခြေနီနေ့သည် ကြက်ခြေနီလှုပ်ရှားမှုကို ပူးတွဲတည်ထောင်သူ ဟင်နရီဒူးနန့် (Henry Dunant) ၏ မွေးနေ့အထိမ်းအမှတ်လည်း ဖြစ်ကြောင်း ၎င်းက မှတ်ချက်ပြု ပြောကြားခဲ့သည်။ယမန်နှစ် မတ်လက လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီး လှုပ်ခတ်စဉ်နှင့် ငလျင်လှုပ်ခတ်ပြီးချိန်တွင် စေတနာလုပ်အားရှင်များက ဒဏ်ရာရရှိသူများကို ကယ်ဆယ်ခြင်း၊ ရှေးဦးပြုစုခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ ကယ်ဆယ်ရေးပစ္စည်းများ ဖြန့်ဝေခြင်းနှင့် ယာယီခိုလှုံရာစခန်းများ ဆောက်လုပ်ပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်း စေတနာလုပ်အားရှင်များ၏ ကဏ္ဍကို ၎င်းက အလေးပေးပြောကြားခဲ့သည်။ “မြန်မာနိုင်ငံ ကြက်ခြေနီအသင်းအနေနဲ့ လူမှုရေးနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းများကို ဆက်လက်လုပ်ဆောင်သွားမယ်လို့ သတင်းစကားပါးလိုပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။မြန်မာနိုင်ငံ ကြက်ခြေနီအသင်း အလုပ်အမှုဆောင် ပါမောက္ခ ဒေါက်တာတင်မောင်လှိုင်က မိမိတို့အဖွဲ့အစည်းအနေဖြင့် လူသားချင်းစာနာထောက်ထားခြင်း၊ ခွဲခြားမှုမရှိခြင်း၊ ကြားနေခြင်းနှင့် စေတနာ့ဝန်ထမ်းအကျိုးဆောင်ခြင်းတို့ အပါအဝင် နိုင်ငံတကာ ကြက်ခြေနီနှင့် လခြမ်းနီလှုပ်ရှားမှု၏ အခြေခံမူ ၇ ချက်နှင့်အညီ ဆက်လက်လုပ်ဆောင်နေကြောင်း ပြောကြားခဲ့သည်။

သဘာဝဘေးအန္တရာယ်များ၊ ကျန်းမာရေးဆိုင်ရာ အကျပ်အတည်းများ၊ ရာသီဥတုပြောင်းလဲမှုနှင့် ရန်ပုံငွေအခက်အခဲများ အပါအဝင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ဆောင်သူများသည် မြင့်မားလျက်ရှိသည့် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရကြောင်း ၎င်းက ပြောကြားခဲ့သည်။“ဒီလိုအခက်အခဲတွေရှိပေမဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စိတ်ဓာတ်နဲ့ လူထုရဲ့ ပံ့ပိုးကူညီမှုတွေနဲ့အတူ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းအနေနဲ့ လုပ်ငန်းများကို ဆက်လက်လုပ်ဆောင်နေပါတယ်” ဟု ၎င်းက ဆင်ဟွာသို့ ပြောကြားခဲ့သည်။၎င်းက အနာဂတ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကြိုးပမ်းဆောင်ရွက်မှုများတွင် လူငယ်များ၏ အခန်းကဏ္ဍ အရေးကြီးပုံကိုလည်း အလေးပေး ပြောကြားခဲ့သည်။“ကျွန်တော်တို့အနေနဲ့ အနာဂတ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ဖို့အတွက် လူငယ်များနဲ့ စေတနာလုပ်အားရှင်များကို အားကိုးအားထားပြုရပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

၂၀၂၅ ခုနှစ်၊ မတ်လက လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးနှင့်ပတ်သက်၍ ပြောကြားရာတွင် အခြားနိုင်ငံများမှ ကြက်ခြေနီစေတနာ့ဝန်ထမ်းများသည်လည်း မြန်မာနိုင်ငံသို့ လာရောက်ကာ ကယ်ဆယ်ရ

ေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် ကူညီပေးခဲ့ကြကြောင်း၊ ယင်းသို့ကူညီရာတွင် ဘေးဒဏ်သင့်သူများ၏ စားဝတ်နေရေးနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည်ထူထောင်ရေးတွင် ကူညီပေးခြင်းများလည်း ပါဝင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဘေးအန္တရာယ်သင့် လူမှုအသိုင်းအဝိုင်းများစွာအတွက် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ ပံ့ပိုးပေးသော အကူအညီများသည် အခက်အခဲများအတွက် သက်သာရာရစေရုံသာမက စိတ်ပိုင်းဆိုင်ရာ အားပေးကူညီမှုများကိုလည်း ရရှိစေခဲ့ကြောင်း သိရသည်။ 

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်တွင် နေထိုင်သူ မဇင်မာလင်းက ငလျင်လှုပ်ခတ်ပြီးနောက် ၎င်း၏မိသားစုသည် မိုးကာဖျင်များ၊ တစ်ကိုယ်ရေသန့်ရှင်းရေးသုံးပစ္စည်းများ၊ အဝတ်အထည်များ၊ ခြင်ထောင်များ၊ စားနပ်ရိက္ခာများနှင့် နေအိမ်များပြန်လည်တည်ဆောက်ရန်အတွက် အကူအညီများ ရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။“မြန်မာနိုင်ငံ ကြက်ခြေနီအသင်းဝင်တွေဆီကနေ ကျွန်မတို့ စိတ်ဒဏ်ရာကို ဖြေဖျောက်ဖို့အတွက် စိတ်ပိုင်းဆိုင်ရာ အားပေးကူညီမှုတွေကိုလည်း ရရှိခဲ့ပါတယ်” ဟု ၎င်းက ဆင်ဟွသို့ ပြောကြားခဲ့သည်။

“ငလျင်လှုပ်ပြီးတဲ့နောက် ကျွန်မတို့ ဘာမှမလုပ်နိုင်ဘဲ ကူကယ်ရာမဲ့နေတဲ့အချိန်မှာ သူတို့တွေ လာရောက်ကူညီပေးခဲ့ကြလို့ ရွာသားအားလုံး အရမ်းဝမ်းသာခဲ့ကြပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။“ကျွန်မအနေနဲ့ အခက်အခဲဆုံးအချိန်မှာ အကူအညီတွေ ရရှိခဲ့တဲ့အတွက် အခုဆိုရင် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှာ ပါဝင်ပြီးတော့ လုပ်ကိုင်ပေးချင်တဲ့စိတ်တွေ ဖြစ်ပေါ်မိပါတယ်” ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။  (Xinhua) 

မြန်မာနိုင်ငံ၊ ရန်ကုန်မြို့တွင် ကျင်းပပြုလုပ်သော ကမ္ဘာ့ကြက်ခြေနီနှင့် လခြမ်းနီလှုပ်ရှားမှုအထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်လာကြသည့် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းဝင်များကို ၂၀၂၆ ခုနှစ်၊ မေလ ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မြန်မာနိုင်ငံ၊ ရန်ကုန်မြို့တွင် ကျင်းပပြုလုပ်သော ကမ္ဘာ့ကြက်ခြေနီနှင့် လခြမ်းနီလှုပ်ရှားမှုအထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်လာကြသည့် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းဝင်များကို ၂၀၂၆ ခုနှစ်၊ မေလ ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

…………………………..

(English Version)

Feature: Myanmar Red Cross volunteers mark World Red Cross Day with spirit of humanityYANGON, May 8 (Xinhua) — Members of the Myanmar Red Cross Society (MRCS) gathered in Yangon and other regions across Myanmar on Friday to commemorate World Red Cross and Red Crescent Day, highlighting the role of volunteers in humanitarian work 

and disaster response. This year’s global theme, “United in Humanity,” honors volunteers and staff who stand alongside communities during times of crisis.Events held in Yangon, Mandalay, and other regions brought together MRCS members and volunteers to celebrate humanitarian service, recognize volunteers, and encourage young people to join humanitarian activities. Among those honored was U Than Aye, 63, who joined the Myanmar Red Cross Society in 1977. Over nearly five decades, he has participated in rescue operations, humanitarian assistance, and blood donation drives, donating blood 111 times.At the event, he received a certificate of honor for his contributions to blood donation. “I participated in rescue and humanitarian work during natural disasters such as floods and storms, as well as blood donation activities,” he told Xinhua. He said World Red Cross and Red Crescent Day has long been an important occasion for members across the country to gather and strengthen solidarity. “The commemoration event helps strengthen solidarity and allows members to get to know each other,” he said.   He also encouraged young people to take part in volunteer work.          “Volunteering is a social service. As a member, you have the opportunity to help people during disasters,” he added.  In Yangon, Ma Thida Lwin, 39, a deputy company officer from the Myanmar Red Cross Society, attended the event with fellow members. She said volunteering had shaped her understanding of emergency preparedness and humanitarian service.  “If a sudden incident happens, we are able to respond and help in emergency situations,” she told Xinhua.She joined the MRCS in the 1990s and has participated in rescue and humanitarian operations in Yangon and Mandalay. “I joined the MRCS because I am passionate about humanitarian activities and willing to help others,” she said.She added that volunteers also provide first aid awareness during the hot season, including information on heatstroke prevention.Addressing young people, she said volunteering benefits not only individuals but also communities and families.

U Kyaw Myint Aung, secretary of Yangon Region Red Cross Supervisory Committee, described World Red Cross and Red Crescent Day as a meaningful occasion for members. “Red Cross volunteers are involved not only in first aid training but also in search and rescue operations,” he told Xinhua.He said volunteers do not expect financial rewards for their work. “We do not carry out humanitarian work expecting money in return. What we value is recognition from the public for the work of our volunteers,” he said.In Mandalay, U Kyaw Kyaw, secretary of Mandalay Region Red Cross Supervisory Committee, said events included awarding certificates to trainees who completed first aid courses and outstanding volunteers.He noted that the day also marks the birth anniversary of Henry Dunant, co-founder of the Red Cross Movement.He highlighted the role of volunteers during and after the Mandalay earthquake that occurred in March last year, saying they rescued injured people, provided first aid and medical care, distributed relief supplies, and built temporary shelters. “We would like to convey the message that the Myanmar Red Cross Society will continue its social and humanitarian activities,” he said.Professor Dr. Tin Maung Hlaing, an executive committee member of MRCS, said the organization continues to work according to the Seven Fundamental Principles of the International Red Cross and Red Crescent Movement, including humanity, impartiality, neutrality, and voluntary service.He said humanitarian workers are facing growing challenges, including natural disasters, health crises, climate change, and funding difficulties. “Despite these difficulties, with humanitarian spirit and the support of communities, the Myanmar Red Cross Society continues its work,” he told Xinhua.He also stressed the importance of young people in future humanitarian efforts. “We rely on youth and volunteers to support our future humanitarian work,” he said.Referring to the March 2025 earthquake, he said Red Cross volunteers from other countries also came to Myanmar to assist in rescue and recovery operations, including helping victims rebuild their livelihoods.For many disaster-affected communities, the assistance provided by the Myanmar Red Cross Society has brought both relief and emotional support.Ma Zin Mar Lin, a resident of Amarapura township in Mandalay region, said her family 

received tarpaulins, hygiene kits, clothing, mosquito nets, food, and support for rebuilding homes after the earthquake.“We also received psychological support from the members of the Myanmar Red Cross Society,” she told Xinhua. “After the earthquake, the whole village felt happy because they came to help us when we were helpless,” she said.“Because of the support I received, I now want to join and work with the Myanmar Red Cross Society,” she added.  Enditem