Connect with us

Media

မြန်မာနိုင်ငံ၌ စက်ရုပ်ပြိုင်ပွဲ စီစဉ်ကျင်းပ

ရန်ကုန်၊ စက်တင်ဘာ ၁၆ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ၌ စက်ရုပ်ပြိုင်ပွဲတစ်ရပ်အား စက်တင်ဘာ ၁၅ ရက်က ရန်ကုန်မြို့၌ ကျင်းပခဲ့ရာ နိုင်ငံတစ်ဝန်း အဖွဲ့ ၁၅ ဖွဲ့မှ ပါဝင်သူ ၅၀ ကျော်အား ဆွဲဆောင်ခဲ့ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲတွင် Robo Mission နှင့် Future Innovators ဟူ၍ အဓိကကဏ္ဍနှစ်ခု ပါဝင်ပြီး မြန်မာနိုင်ငံရှိ ကျောင်းသား/ကျောင်းသူများအား ၎င်းတို့၏ စက်ရုပ်တီထွင်အသုံးချမှုပညာစွမ်းရည်များအား ပြသနိုင်ရေးနှင့် နိုင်ငံတကာနှင့် ယှဉ်ပြိုင်နိုင်ရေးတို့အတွက် ပလက်ဖောင်းတစ်ခုအနေဖြင့် ပံ့ပိုးပေးနိုင်ရန် ရည်ရွယ်ကြောင်း WRO Myanmar ၏ တာဝန်ရှိသူတစ်ဦးက ဆင်ဟွာသို့ စက်တင်ဘာ ၁၅ ရက်တွင် ပြောကြားခဲ့သည်။
ယခုပြိုင်ပွဲမှတစ်ဆင့် Robo Mission ကဏ္ဍမှ အဖွဲ့နှစ်ဖွဲ့နှင့် Future Innovators ကဏ္ဍမှ အဖွဲ့တစ်ဖွဲ့တို့အား တူကီယဲနိုင်ငံ၌ နိုဝင်ဘာလတွင် ကျင်းပမည့် World Robot Olympiad 2024 International Final တွင် ယှဉ်ပြိုင်ရန် မြန်မာနိုင်ငံ ကိုယ်စားပြုအနေဖြင့် ရွေးချယ်သွားမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
အဆိုပါပြိုင်ပွဲသည် ဒေသတွင်းသမိုင်းမှတ်တိုင်တစ်ခုအနေဖြင့်သာမက ကမ္ဘာလုံးဆိုင်ရာ အသိအမှတ်ပြုမှု အတွက် လမ်းစတစ်ခုဖြစ်ကြောင်း ၊ အသက် ၈ နှစ်မှ ၁၉ နှစ်အရွယ် ပါဝင်သူများက တီထွင်ဖန်တီးနိုင်စွမ်းအား မြှင့်တင်ပေးသည့် အကြောင်းအရာအမျိုးမျိုးအပေါ်တွင် အစီအစဉ်များအား ပြင်ဆင်ထားခြင်းဖြင့် ၎င်းတို့၏ တင်ဆက်မှုစွမ်းရည်အား မြှင့်တင်ရန် အခွင့်အလမ်းများ ရရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။
ပြိုင်ပွဲတွင် အနိုင်ရဗိုလ်စွဲသူများအနေဖြင့် ၎င်းတို့၏ စွမ်းရည်များအား နိုင်ငံတကာစင်မြင့်တွင် ပြသနိုင်မည် ဖြစ်ပြီး အခြားနိုင်ငံများမှ ကျောင်းသား/ကျောင်းသူများထံမှ လေ့လာသင်ယူနိုင်ခြင်း ၊ အသိပညာများ မျှဝေနိုင်ခြင်းနှင့် ကမ္ဘာလုံးဆိုင်ရာအဆင့်တွင် ပူးပေါင်းဆောင်ရွက်မှုများအား တွေ့ကြုံရနိုင်မည် ဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.