China
အမေရိကန်-အီရန် ရေရှည်တည်တံ့သော အပစ်အခတ်ရပ်စဲရေးအတွက် သံတမန်ရေး ကြိုးပမ်းမှုများကို တရုတ်နိုင်ငံက အားပေးထောက်ခံဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ပြောကြား
ပေကျင်း၊ ဧပြီ ၂၃ ရက် (ဆင်ဟွာ)
အမေရိကန်နှင့် အီရန်တို့အကြား ရေရှည်တည်တံ့သော အလုံးစုံအပစ်အခတ်ရပ်စဲမှု လက်တွေ့အကောင်အထည်ပေါ်လာရန်၊ အရှေ့အလယ်ပိုင်းဒေသနှင့် ပါရှန်ပင်လယ်ကွေ့ဒေသ တည်ငြိမ်အေးချမ်းမှုကို ထိန်းသိမ်းရန် ရည်ရွယ်လျက် ပဋိပက္ခအား ဖြေရှင်းရေးအတွက် နိုင်ငံရေးနှင့် သံတမန်ရေးအရ ကြိုးပမ်းမှုများ ဆက်လက်လုပ်ဆောင်ရာတွင် သက်ဆိုင်ရာနိုင်ငံများအား တရုတ်နိုင်ငံက ထောက်ခံအားပေးလျက်ရှိကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကောကျားခွန်းက ဧပြီ ၂၂ ရက်၌ ပြောကြားခဲ့သည်။
ဧပြီ ၂၂ ရက် ညပိုင်းတွင် သက်တမ်းကုန်ဆုံးမည့် အပစ်အခတ်ရပ်စဲမှုအား သတ်မှတ်ချက်အချို့ဖြင့် သက်တမ်းတိုးကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကြေညာခဲ့ပြီးနောက် ကောက ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
“လက်ရှိအခြေအနေဟာ ပဋိပက္ခကို အဆုံးသတ်နိုင်ခြင်း ရှိမရှိဆိုတဲ့ သိပ်ကိုအရေးကြီးတဲ့ အဆင့်ကို ရောက်နေပါပြီ။ အပူတပြင်း ဦးစားပေးလုပ်ဆောင်ရမှာကတော့ တိုက်ခိုက်မှုတွေ တစ်ကျော့ပြန်မဖြစ်ပွားအောင် အစွမ်းကုန်တားဆီးဖို့ပါပဲ” ဟု ကောက ဆိုသည်။
တရုတ်နိုင်ငံအနေဖြင့် အချက်လေးချက်ပါဝင်သော အဆိုပြုချက်နှင့်အညီ လုပ်ဆောင်ကာ ယင်းအား လက်တွေ့အကောင်အထည်ဖော်ရာတွင် တက်ကြွ၍ အပြုသဘောဆောင်သည့် အခန်းကဏ္ဍမှ ပါဝင်ရန်အတွက် နိုင်ငံတကာအသိုင်းအဝိုင်းနှင့် လက်တွဲဆောင်ရွက်ရန် အသင့်ရှိသည်ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။ (Xinhua)
……………..
(English Version)
China backs diplomatic efforts for lasting U.S.-Iran ceasefire: FM spokesperson
BEIJING, April 22 (Xinhua) — China supports relevant parties in continuing the political and diplomatic effort to resolve dispute with the aim of realizing a full and lasting ceasefire between the United States and Iran, and keeping the Middle East and the Gulf region peaceful and stable, said Guo Jiakun, a foreign ministry spokesperson, on Wednesday.
Guo made the remarks at a regular press briefing after U.S. President Donald Trump announced to extend the ceasefire, which is set to expire on Wednesday night, on some conditions.
“The current situation is at a critical stage of whether the conflict could end or not. The pressing priority is to prevent by all means a relapse in fighting,” Guo said.
He added that China stands ready to act in the spirit of the four-point proposition and work with the international community to play an active and constructive role to this end.
