Connect with us

North America

အီရန်နှင့် ပဋိပက္ခ မည်သည့်အချိန်တွင် အဆုံးသတ်မည်မှာ လက်ရှိ “အချိန်ဇယား” မရှိသေးဟု ထရမ့် ဆို

အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့ရှိ အိမ်ဖြူတော် တောင်ဘက်မြက်ခင်းပြင်၌ မီဒီယာ တွေ့ဆုံမေးမြန်းမှုအား ဖြေကြားနေသည့် အမေရိကန်သမ္မတ ထရမ့်ကို ၂၀၂၆ ခုနှစ် ဧပြီ ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ ဧပြီ ၂၃ ရက် (ဆင်ဟွာ)

အီရန်နှင့် ပဋိပက္ခ မည်သည့်အချိန်တွင် အဆုံးသတ်မည်မှာ လက်ရှိ “အချိန်ဇယား” မရှိသေးသလို အလျင်စလိုလုပ်ရန်လည်း မလိုအပ်ကြောင်း အမေရိကန်သမ္မတ ထရမ့်က ဧပြီ ၂၂ ရက် Fox News Channel မှ သတင်းထောက်၏ မေးမြန်းမှုကို ဖြေကြားရာတွင် ပြောကြားခဲ့သည်။
ထရမ့်က “ကြားဖြတ် ရွေးကောက်ပွဲအတွက်ကြောင့်သာ ဒီပဋိပက္ခကို အဆုံးသတ်ဖို့ စိတ်အားထက်သန်နေတယ်လို့ တချို့လူတွေက ကျွန်တော့်ကို ပြောကြပေမဲ့ ဒါလုံးဝမမှန်ပါဘူး” ဟု ပြောကြားခဲ့သည်။ အပစ်အခတ်ရပ်စဲရေးကို သက်တမ်းတိုးရန် “၃ ရက်မှ ၅ ရက်အထိ အချိန်ရှိသေးသည်” ဟူ၍ ယခင်က ထုတ်ပြန်ခဲ့သည့်သတင်းများမှာ “မမှန်ကန်” ကြောင်း၊ အပစ်အခတ်ရပ်စဲရေးနှင့် ပတ်သက်၍ “မည်သည့်အချိန်ဖိအား” မရှိကြောင်းလည်း ၎င်းက ဆိုသည်။

အီရန်စစ်တပ်သည် ဟော်မုဇ်ရေလက်ကြားတွင် ဖြတ်သန်းသွားလာသော သင်္ဘောများကို ပစ်ခတ်၍ ၎င်းတို့အား ဖမ်းဆီးခဲ့သည့် ကိစ္စရပ်နှင့် စပ်လျဉ်း၍ ထရမ့်က “အဲဒါတွေက အမေရိကန်သင်္ဘောတွေ မဟုတ်ဘူး” ဟု ပြောကြားခဲ့သည်။ ၎င်းအနေဖြင့် ထိုကိစ္စရပ် အခြေအနေတိုးတက်ဖြစ်ပေါ်မှုများကို အနီးကပ်အာရုံစိုက်သွားမည်ဖြစ်ကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။
“အီရန်ဘက်အား ကိစ္စများ ရှင်းလင်းစိစစ်ရန်” ထရမ့်အနေဖြင့် အပစ်အခတ်ရပ်စဲရေးကို “၃ ရက်မှ ၅ ရက်” ထပ်မံသက်တမ်းတိုးရန် ဆန္ဒရှိသော်လည်း အပစ်အခတ်ရပ်စဲရေးကို အကန့်အသတ်မရှိ သက်တမ်းတိုးသွားမည်မဟုတ်ကြောင်း အမေရိကန် Axios သတင်းဝက်ဘ်ဆိုက်က ထိုနေ့ နံနက်အစောပိုင်းတွင် ဖော်ပြခဲ့သည်။ (Xinhua)

………………………………
(Chinese Version)
特朗普:何时结束同伊朗冲突目前“没有时间表”
新华社华盛顿4月22日电(记者黄强 徐剑梅)美国总统特朗普22日在接受福克斯新闻频道记者采访时说,何时结束同伊朗的冲突目前“没有时间表”,也无需着急。
特朗普说:“有人说我是为了中期选举才急于结束这场冲突,但这绝非事实。”他还说,此前关于延长停火存在“3到5天窗口期”的报道“不属实”,并称关于停火“没有任何时间压力”。
关于伊朗军方在霍尔木兹海峡向过往船只开火并将其扣押一事,特朗普说:“那些并非美国船只。”他同时补充道,他将密切关注事态发展。
当天早些时候,美国阿克西奥斯新闻网站报道称,特朗普愿意将停火再延长3到5天,“让伊朗方面把事情理顺”,但停火不会无限期延长。(完)
图说:4月16日,美国总统特朗普在华盛顿白宫南草坪接受媒体采访。新华社发(李源清摄)