Connect with us

Myanmar

၂၀၂၄ ခုနှစ် စက်တင်ဘာ ၂၁ ရက်အတွက် ပြည်တွင်းသတင်းကောက်နုတ်ချက်

– လေဖိအားနည်းဆဲလ် ကယား၊ ကရင်၊ မွန်ပြည်နယ်နှင့် ပဲခူး၊ ရန်ကုန်၊ ဧရာဝတီတိုင်းဒေသကြီးတို့တွင် ဆက်လက်ဖြတ်ကျော်နိုင် (၂၁/၉/၂၀၂၄ – MOI)
– ရာဂီမုန်တိုင်းဒဏ်ကြောင့် ရေကြီး/ရေလျှံမှုများ ကြုံတွေ့နေရသည့် ရေဘေးသင့်ပြည်သူများအတွက် ဆက်သွယ်ရေးကဏ္ဍ၏ လူမှုအကျိုးပြုလုပ်ငန်း Corporate Social Responsibility (CSR) အဖြစ် ထပ်မံကူညီပံ့ပိုးဆောင်ရွက်ပေးသွားမည့် အစီအစဉ်များ (၂၁/၉/၂၀၂၄ – MOI)
-လျှပ်စစ်သုံးမော်တော်ယာဉ်များ တင်သွင်းရောက်ရှိ (၂၀/၉/၂၀၂၄ – MDN)
-နေပြည်တော်အတွင်း သဘာဝဘေးအန္တရာယ်လျော့ပါးရေးနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ (၂၀/၉/၂၀၂၄ – MDN)
– မြန်မာ့ယွန်းပညာရပ်များ မပျောက်ပျက်စေရေးအတွက် ယွန်းပညာ ကောလိပ်အနေဖြင့် ယွန်းအတတ်ပညာရှင်များကို စဉ်ဆက်မပြတ် မွေးထုတ်ပေးလျက်ရှိ (၂၁/၉/၂၀၂၄ – MRTV)
– နတ်မောက်ရေလှောင်တမံရေပိုလွှဲမှ (၄ ဒသမ ၅) ပေ ရေကျော်ကျလျက်ရှိ (၂၁/၉/၂၀၂၄ – MRTV)
-ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဆည်တာတမံများ သဘာဝဘေးအန္တရာယ်မှ ကာကွယ်နိုင်ရန်အတွက် လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ (၂၁/၉/၂၀၂၄ – MRTV)
– မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့ ဌာနမှ ရန်ကုန်တိုင်းဒေသကြီးအတွင်း အသုံးပြုလျက်ရှိသော CNGမော်တော်ယာဉ်များအတွက် တစ်နေ့ကို CNG ကုဗပေသန်း (၂၀) ခန့် ရောင်းချပေးလျက်ရှိ (၂၁/၉/၂၀၂၄ – MRTV)
-မကွေးတိုင်းဒေသကြီး၊ မြိုသစ်မြိုနယ်ရှိ ပုလင်းဆည်၊ စွန်ဆည်နှင့် ဆဒ္ဒန်ဆည်ရေလှောင်တမံ ရေပိုလွှတိုမှ ဆက်လက်ရေကျော်ကျ လျက်ရှိ (၂၁/၉/၂၀၂၄ – MRTV)
-ရန်ကုန် – မန္တလေးရထားလမ်းပိုင်းအတွင်း ရန်ကုန်မှသာစည်အထိ အမှတ် (၁၁) အဆန်နှင့် သာစည်မှ ရန်ကုန်အထိ (၁၂) အစုန် ရထားခရီးစဉ်များ စတင်ပြေးဆွဲပေးမည် (၂၁/၉/၂၀၂၄ – MOI)