China
တရုတ်နိုင်ငံ လူလိုက်ပါအာကာသအေဂျင်စီ၏ ပထမအသုတ် နိုင်ငံခြားသား အာကာသယာဉ်မှူးများ တရုတ်နိုင်ငံသို့လာရောက်၍ လေ့ကျင့်မှုလုပ်ဆောင်
ပေကျင်း၊ ဧပြီ ၂၄ ရက် (ဆင်ဟွာ)
ပါကစ္စတန်နိုင်ငံသား အာကာသယာဉ်မှူး နှစ်ဦးသည် ဧပြီ ၂၄ ရက်တွင် တရုတ်အာကာသယာဉ်မှူး သိပ္ပံသုတေသနလေ့ကျင့်ရေးစင်တာသို့ ရောက်ရှိပြီး တရုတ်အာကာသယာဉ်မှူးများနှင့်အတူ လေ့ကျင့်မှု လုပ်ဆောင်နေပြီဖြစ်ကြောင်း တရုတ်နိုင်ငံ လူလိုက်ပါအာကာသအေဂျင်စီ (CMSA) ရုံးမှ သိရသည်။
တရုတ်နိုင်ငံ လူလိုက်ပါအာကာသအေဂျင်စီ (CMSA) ၏ ပထမအသုတ် နိုင်ငံခြားသား အာကာသယာဉ်မှူး ရွေးချယ်ရေးလုပ်ငန်းသည် ဧပြီလ လဆန်းပိုင်းတွင် ပြီးစီးခဲ့ရာ ပါကစ္စတန်နိုင်ငံသားနှစ်ဦးဖြစ်သည့် Muhammad Zeeshan Ali နှင့် Khurram Daud တို့ နောက်ဆုံးတွင် ရွေးချယ်ခံခဲ့ရသည်။ လေ့ကျင့်မှုအသီးသီးလုပ်ဆောင်ပြီးကာ အရည်အချင်းစစ်ဆေးမှု အောင်မြင်ပြီးနောက် ၎င်းတို့အနက် တစ်ဦးသည် Payload ကျွမ်းကျင်သူအနေဖြင့် ပျံသန်းမှုမစ်ရှင်၌ ပါဝင်၍ တရုတ်အာကာသစခန်းသို့ ဝင်ရောက်သည့် ပထမဆုံး နိုင်ငံခြားသား အာကာသယာဉ်မှူး ဖြစ်လာမည်ဖြစ်သည်။ (Xinhua)
——————–
(Chinese Version)
中国载人航天工程首批外籍航天员来华参加训练
新华社北京4月24日电(李国利、邓孟)记者从中国载人航天工程办公室了解到,2名巴基斯坦航天员于24日进入中国航天员科研训练中心,与中国航天员一起参加训练。
中国载人航天工程首批外籍航天员选拔工作于4月上旬结束,2名巴基斯坦候选对象穆罕默德·齐尚·阿里(Muhammad Zeeshan Ali)和胡拉姆·达乌德(Khurram Daud)最终入选。在完成各项训练并通过考核后,其中1人将以载荷专家身份参加飞行任务,成为首位进入中国空间站的外籍航天员。(完)
图说:这是4月16日在北京航天飞行控制中心屏幕上拍摄的神舟二十一号乘组航天员武飞在舱外工作的画面。新华社发(张帆 摄)
