Connect with us

Africa & Middle East

စစ်ပွဲပြန်လည်စတင်ရန် ပြင်ဆင်ထားပြီးဖြစ်ရာ အမေရိကန်ဘက်က “မီးစိမ်းပြရန်” သာ စောင့်နေသည်ဟု အစ္စရေး ကာကွယ်ရေးဝန်ကြီး အီရန်ကို ခြိမ်းခြောက်

အီရန်နိုင်ငံ မြို့တော်တီဟီရန်၌ အမေရိကန်နှင့် အစ္စရေး၏ တိုက်ခိုက်မှုကြောင့် ဆိုးရွားစွာ ပျက်စီးသွားသော အဆောက်အဦတွင် အီရန်နိုင်ငံအလံ ချိတ်ဆွဲထားသည်ကို ၂၀၂၆ ခုနှစ် ဧပြီ ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂျေရုဆလမ်၊ ဧပြီ ၂၄ ရက် (ဆင်ဟွာ)

အစ္စရေးအနေဖြင့် အီရန်အပေါ် စစ်ရေးလှုပ်ရှားမှု ပြန်လည်စတင်ရန် ပြင်ဆင်ထားပြီးဖြစ်ရာ “အမေရိကန်ဘက်က မီးစိမ်းပြရန်” စောင့်ဆိုင်းနေကြောင်း အစ္စရေးကာကွယ်ရေးဝန်ကြီး Israel Katz က ဧပြီ ၂၃ ရက် ညပိုင်းတွင် ပြောကြားခဲ့သည်။
“အစ္စရေးအနေနဲ့ အီရန်အပေါ် စစ်ပွဲထပ်မံစတင်ဖို့ ပြင်ဆင်ထားပြီးဖြစ်ပါတယ်။ အစ္စရေးကာကွယ်ရေးတပ်က ခုခံကာကွယ်မှုနဲ့ တိုက်ခိုက်မှုအတွက် ပြင်ဆင်ပြီးဖြစ်သလို ပစ်မှတ်ကိုလည်း အတည်ပြုပြီးဖြစ်ပါတယ်” ဟု Israel Katz က ထိုနေ့တွင်ထုတ်ပြန်သော ဗီဒီယိုကြေညာချက်တစ်ခုတွင် ပြောကြားခဲ့သည်။ “အီရန်အစိုးရကို အပြည့်အဝချေမှုန်းရန်” အတွက် အစ္စရေးသည် “အမေရိကန်ဘက်က မီးစိမ်းပြရန်” စောင့်ဆိုင်းနေကြောင်း၊ အစ္စရေးစစ်တပ်အနေဖြင့် အီရန်၏ “အားအနည်းဆုံးနေရာ” ကို “ပျက်သုဉ်းမှုအသွင်တိုက်ခိုက်ရန်” ပြင်ဆင်ထားပြီးဖြစ်ကြောင်း Israel Katz က ဆိုသည်။
အစ္စရေး Channel 12 ရုပ်မြင်သံကြားဌာန၏ သတင်းဖော်ပြချက်အရ Israel Katz သည် ထိုနေ့တွင် အစ္စရေးစစ်တပ်ရုံးချုပ်၌ အထူးအခြေအနေ အကဲဖြတ်သုံးသပ်မှုအစည်းအဝေး တစ်ကြိမ် ကြီးမှူးကျင်းပခဲ့ပြီး အစ္စရေးစစ်တပ် အဆင့်မြင့်အကြီးအကဲနှင့် ကာကွယ်ရေးအဖွဲ့အစည်းအရာရှိများ အစည်းအဝေးကိုလည်း တက်ရောက်ခဲ့ကြောင်း သိရသည်။
Israel Katz က အစ္စရေးစစ်တပ်အနေဖြင့် အပြည့်အဝပြင်ဆင်မှု လုပ်ဆောင်ပြီးဖြစ်ကာ အီရန်အပေါ် စစ်ရေးလှုပ်ရှားမှု အချိန်မရွေး ပြန်လည်စတင်နိုင်ကြောင်း၊ စစ်ဆင်ရေးအစီအစဉ်တွင် အီရန်အဆင့်မြင့်အကြီးအကဲအလွှာ၏ “ဆက်ခံသူ” ၊ အီရန်အဓိကစွမ်းအင်နှင့် လျှပ်စစ်အဆောက်အဦ၊ စီးပွားရေးအခြေခံအဆောက်အဦ စသည်တို့အား တိုက်ခိုက်ခြင်းပါဝင်ပြီး အီရန်ကို “မှောက်မိုက်သောကျောက်ခေတ်” ဆီသို့ ခေတ်နောက်ပြန်ဆွဲသွားစေမည်ဖြစ်ကြောင်း အစည်းအဝေးပြီးနောက် ပြောကြားခဲ့သည်။
အမေရိကန် သမ္မတ ထရမ့်က မည်သည့်အချိန်တွင် အီရန်အပေါ်စစ်ပွဲအဆုံးသတ်မည်နည်းနှင့်စပ်လျဉ်း၍ “အချိန်စာရင်းမရှိ” သလို အလျင်မလိုကြောင်း ဧပြီ ၂၂ ရက်တွင် ပြောကြားခဲ့သည်။ အိမ်ဖြူတော်ကလည်း ထရမ့်သည် အီရန်နှင့် အပစ်ရပ်မှုသက်တမ်းတိုးခြင်းအတွက် နောက်ဆုံးအချိန် သတ်မှတ်ထားရှိသည်ကို ငြင်းဆိုထားသည်။ (Xinhua)

——————
(Chinese Version)
以防长威胁伊朗:准备好重启战事 就等美国“开绿灯”
新华社耶路撒冷4月23日电(记者庞昕熠 陈君清)以色列国防部长卡茨23日晚称,以色列已准备好重启对伊朗的军事行动,正在等待“美国开绿灯”。
卡茨当天在一段视频声明中说:“以色列已做好再次对伊朗开战的准备。以色列国防军已做好防御和进攻的准备,目标已经确定。”卡茨称,以色列正在等待“美国开绿灯”,以“彻底消灭伊朗政权”,以军已准备好对伊朗“最脆弱的地方”进行“毁灭性打击”。
以色列第12频道电视台报道说,卡茨当天在以军总部主持一次特别形势评估会议,以军高级将领和国防机构官员参加了会议。卡茨在会后称,以军已做好充分准备,随时可重启对伊朗军事行动,作战方案包括打击伊朗最高领导层的“接班人”、伊朗重点能源和电力设施、经济基础设施等,将使伊朗倒退回“黑暗的石器时代”。
美国总统特朗普22日称,何时结束对伊朗战事“没有时间表”,也无需着急。白宫同样否认特朗普就与伊朗停火的延长时间设最后期限。(完)
图说:4月20日,在伊朗首都德黑兰,伊朗国旗悬挂在遭美以袭击被严重损毁的建筑上。新华社记者 沙达提 摄