China
တရုတ်နိုင်ငံ ဆန်းရမြို့တွင် ဆဋ္ဌမအကြိမ်မြောက် အာရှကမ်းခြေအားကစားပွဲ ဖွင့်လှစ်
ဆန်းရ၊ ဧပြီ ၂၃ ရက် (ဆင်ဟွာ)
ဆဋ္ဌမအကြိမ်မြောက် အာရှကမ်းခြေအားကစားပွဲကို တရုတ်နိုင်ငံ အပူပိုင်းအပန်းဖြေစခန်းမြို့ဖြစ်သော ဆန်းရမြို့တွင် ဧပြီ ၂၂ ရက် ညနေပိုင်းက ဖွင့်လှစ်ခဲ့ပြီး ပင်လယ်ကမ်းခြေနံဘေး ရာ့ဆားဥယျာဉ်တွင် ဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။
မူလက ၂၀၂၀ ပြည့်နှစ်တွင် ကျင်းပရန် လျာထားသော အဆိုပါ အာရှအားကစားပွဲအတွင်း ကိုယ်စားလှယ်အဖွဲ့ ၄၅ ဖွဲ့ ချီတက်ဝင်ရောက်လာခဲ့ပြီးနောက် တရုတ်နိုင်ငံတော်ကောင်စီဝင် ရှန့်ရီချင်က အားကစားပွဲဖွင့်လှစ်ကြောင်း ကြေညာခဲ့သည်။
အဓိကအားဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် နှစ်ကြိမ်တိုင်ရွှေ့ဆိုင်းခဲ့ပြီးနောက် ကျင်းပခဲ့သော ဆန်းရအားကစားပွဲသည် အားကစားသမား ၁,၇၉၀ ဦး အပါအဝင် ပါဝင်သူ ၁၀,၀၀၀ ခန့်အား ဆွဲဆောင်ထားနိုင်ခဲ့သည်။
ဟိုင်နန်ပြည်နယ်တွင် ပထမဆုံးအကြိမ် ကျင်းပသော ယင်းအားကစားပွဲတွင် ကမ္ဘာ့ကုန်းမြေတိုက်ကြီးများအဆင့် ကမ်းခြေအားကစားပြိုင်ပွဲကို လက်ခံကျင်းပခြင်းဖြစ်သည်။ ထိုအားကစားပွဲမှာ ယမန်နှစ် ဒီဇင်ဘာလက ဟိုင်နန် လွတ်လပ်သောကုန်သွယ်မှုဆိပ်ကမ်း စတင်ခဲ့ချိန်မှစ၍ ပထမဆုံး အဓိက နိုင်ငံတကာအားကစားပွဲလည်း ဖြစ်သည်။
ဧပြီ ၂၂ ရက်မှ ၃၀ ရက်အထိ ကျင်းပရန်လျာထားသော အဆိုပါ အားကစားပွဲတွင် အားကစားနည်း ၁၄ မျိုး၊ ပြိုင်ပွဲကြီး ၁၅ ပွဲနှင့် ပြိုင်ပွဲငယ် ၆၂ ပွဲဖြင့် ကျင်းပလျက်ရှိသည်။ ယခုအားကစားပွဲသည် တရုတ်နိုင်ငံက ၂၀၁၂ ခုနှစ်တွင် ဆန်းတုန်းပြည်နယ် ဟိုင်ယန်မြို့ပြီးနောက် အာရှကမ်းခြေအားကစားပွဲကို ဒုတိယအကြိမ် လက်ခံကျင်းပခြင်းလည်း ဖြစ်သည်။
တရုတ်နိုင်ငံသည် အားကစားနည်း ၁၃ နည်းနှင့် ပြိုင်ပွဲ ၆၀ တွင် ပါဝင်ယှဉ်ပြိုင်ကြမည့် အားကစားသမား ၁၇၁ ဦး အပါအဝင် အဖွဲ့ဝင် ၂၅၅ ဦး ရှိသော ကိုယ်စားလှယ်အဖွဲ့ကို စေလွှတ်ခဲ့ရာ အာရှကမ်းခြေအားကစားပွဲသမိုင်းတွင် အဖွဲ့ဝင်ဦးရေအများဆုံးနိုင်ငံလည်း ဖြစ်သည်။ (Xinhua)

တရုတ်နိုင်ငံ တောင်ပိုင်း ဟိုင်နန်ပြည်နယ် ဆန်းရမြို့တွင် ဆဋ္ဌမအကြိမ်မြောက် အာရှကမ်းခြေအားကစားပွဲ ဖွင့်ပွဲအခမ်းအနားအတွင်း တရုတ်ကိုယ်စားလှယ်အဖွဲ့ကို ၂၀၂၆ ခုနှစ် ဧပြီ ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ တောင်ပိုင်း ဟိုင်နန်ပြည်နယ် ဆန်းရမြို့တွင် ဆဋ္ဌမအကြိမ်မြောက် အာရှကမ်းခြေအားကစားပွဲ ဖွင့်ပွဲအခမ်းအနားအတွင်း တရုတ်နိုင်ငံတော်အလံ လွှင့်ထူထားသည်ကို ၂၀၂၆ ခုနှစ် ဧပြီ ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

……………………………………..
(English Version)
6th Asian Beach Games opens in Sanya
SANYA, April 22 (Xinhua) — The 6th Asian Beach Games opened on Wednesday evening in China’s tropical resort city of Sanya, with the opening ceremony held at the seaside Yasha Park.
Chinese State Councilor Shen Yiqin declared the Games open after 45 delegations marched in for the continental Games, which had previously been scheduled to be held in 2020.
After having twice been postponed, chiefly due to the COVID-19 pandemic, the Sanya Games has drawn around 10,000 participants, including 1,790 athletes.
The Games marks the first time Hainan has hosted a continental-level beach sports event. It is also the first major international sporting event since the island-wide Hainan Free Trade Port was inaugurated last December.
Scheduled from April 22 to 30, the Games features 14 sports, 15 disciplines and 62 events. It is the second time that China has hosted the Asian Beach Games, after the 2012 edition in Haiyang, Shandong Province.
China has sent a delegation of 255 members, including 171 athletes, competing in 13 sports and 60 events, marking the country’s highest participation in Asian Beach Games history.
Photo 1: Photo taken on April 22, 2026 shows the general view of the opening ceremony of the 6th Asian Beach Games in Sanya, south China’s Hainan Province. (Xinhua/Guo Cheng)
Photo 2 – 6: Members of the delegation of China parade during the opening ceremony of the 6th Asian Beach Games in Sanya, south China’s Hainan Province, April 22, 2026. (Xinhua/Pan Yulong)
Photo 7, 8: The Chinese national flag is raised during the opening ceremony of the 6th Asian Beach Games in Sanya, south China’s Hainan Province, April 22, 2026. (Xinhua/Chen Sihan)