China
ထိုင်းနိုင်ငံ ဝန်ကြီးချုပ် အနူတင်နှင့် ဝမ်ရိ တွေ့ဆုံဆွေးနွေး
ဘန်ကောက်၊ ဧပြီ ၂၅ ရက် (ဆင်ဟွာ)
ထိုင်းနိုင်ငံ ဝန်ကြီးချုပ် အနူတင်နှင့် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိတို့သည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ဧပြီ ၂၄ ရက်က တွေ့ဆုံဆွေးနွေးခဲ့သည်။
ထိုသို့တွေ့ဆုံရာတွင် အနူတင်က တရုတ်နိုင်ငံအကြီးအကဲအပေါ် ရင်းနှီးသောနှုတ်ခွန်းဆက်စကားအား ဝမ်ရိမှ တစ်ဆင့်ပြောကြားခဲ့ပြီး ယမန်နှစ်တွင် ထိုင်း-တရုတ် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးထူထောင်ခြင်း နှစ် ၅၀ ပြည့်အား အတူတကွ ဂုဏ်ပြုခဲ့ရာ နှစ်နိုင်ငံဆက်ဆံရေးသည် သမိုင်းစမှတ်အသစ်တွင် ရောက်ရှိခဲ့ကြောင်း၊ မိမိသည် ဘုရင် မဟာဝဇီရာလောင်ကွန်းနှင့်အတူ တရုတ်နိုင်ငံသို့ ခရီးစဉ်အောင်မြင်စွာသွားရောက်ခဲ့ရာ “တရုတ်-ထိုင်း မိသားစုပမာ ချစ်ကြည်ရင်းနှီးခြင်း” ၏ “ ပို၍ ထပ်လောင်း ချစ်ကြည်ရင်းနှီးလာခြင်း” အား ကိုယ်တိုင်ကိုယ်ကျ ခံစားခဲ့ရကြောင်း ပြောကြားခဲ့သည်။
လက်ရှိမတည်မငြိမ်လှုပ်ခတ်နေသော နိုင်ငံတကာအခြေအနေအား ရင်ဆိုင်ရာတွင် ထိုင်းနိုင်ငံသည် တရုတ်တစ်နိုင်ငံတည်းမူဝါဒကို ခိုင်မာစွာ လိုက်နာကျင့်သုံးသွားမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံနှင့်အတူ နှစ်နိုင်ငံအကြီးအကဲများ၏ သဘောတူညီချက်ကို ကောင်းမွန်စွာ အကောင်အထည်ဖော်ပြီး ဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာ ချိတ်ဆက်မှုကို မြှင့်တင်ကာ ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုများကို နီးကပ်စွာ ဆောင်ရွက်သွားလိုကြောင်း၊ အွန်လိုင်းလောင်းကစားနှင့် ဆက်သွယ်ရေးလိမ်လည်မှုများကို ခိုင်မာပြတ်သားစွာ တိုက်ဖျက်၍ ထိုင်း-တရုတ် ချစ်ကြည်ရင်းနှီးမှုကို ပြည်သူများစိတ်နှလုံးတွင် ပိုမိုအမြစ်တွယ်စေရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခ သင့်လျော်ကောင်းမွန်စွာ စီမံရေးအတွက် တရုတ်နိုင်ငံ၏ မဆုတ်မနစ် ကြိုးပမ်းဆောင်ရွက်ပေးမှုကို ကျေးဇူးတင်ရှိကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် အပြုသဘောဆောင်သည့်အခန်းကဏ္ဍမှ ဆက်လက်ပါဝင်သွားရန် မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ဝမ်ရိက ရှေးဦးစွာ တရုတ်နိုင်ငံ အကြီးအကဲ၏ ရင်းနှီးစွာ နှုတ်ခွန်းဆက်စကားကို တစ်ဆင့်ပြောကြားခဲ့ပြီး ယမန်နှစ်တွင် ဘုရင် မဟာဝဇီရာလောင်ကွန်းက တရုတ်နိုင်ငံသို့ နိုင်ငံတော်ခရီးစဥ် အောင်မြင်စွာလာရောက်ခဲ့ကာ နှစ်နိုင်ငံအကြီးအကဲများက တရုတ်-ထိုင်း အေးအတူပူအမျှအသိုက်အဝန်း တည်ဆောက်ရေးအတွက် စာမျက်နှာသစ်ကို အတူတကွ စတင်ဖွင့်လှစ်ခဲ့ကြောင်း၊ တရုတ်နိုင်ငံသည် ထိုင်းနိုင်ငံ၏ အစဉ်အမြဲ ယုံကြည်ရသော၊ အားထားရသော မဟာဗျူဟာမြောက်မိတ်ဖက်ဖြစ်ကြောင်း၊ “တရုတ်-ထိုင်းမိသားစုပမာ ချစ်ကြည်ရင်းနှီးမှု” သည် ခိုင်မြဲသောပြည်သူ့သဘောထားနှင့် လူမှုအသိုက်အဝန်း အခြေခံရှိသလို ပိုမိုကျယ်ပြန့်သော အနာဂတ်အလားအလာကို ဖော်ပြလျက်ရှိကြောင်း ပြောကြားခဲ့သည်။
ပြောင်းလဲရှုပ်ထွေးမှုများ ရောယှက်နေသည့် နိုင်ငံတကာအခြေအနေအား ကိုင်တွယ်စီမံရာတွင် တရုတ်နိုင်ငံအနေဖြင့် ထိုင်းနိုင်ငံနှင့်အတူ အပြန်အလှန်လေးစားမှု၊ အပြန်အလှန်ယုံကြည်မှု၊ အပြန်အလှန် ထောက်ခံအားပေးမှုတို့ဖြင့် အစဉ်အလာချစ်ကြည်ရေးကို မြှင့်တင်ကာ မဟာဗျူဟာမြောက်ညှိနှိုင်းပူးပေါင်းမှုကို မြှင့်တင်ပြီး စွမ်းအင်သစ်၊ အခြေခံအဆောက်အဦတည်ဆောက်မှု၊ စိုက်ပျိုးရေး စသည့်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများကို တိုးချဲ့သွားလိုကြောင်း၊ ပိုမိုတည်ငြိမ်သော၊ ပိုမိုစည်ပင်ဝပြောသော၊ ပိုမိုစဉ်ဆက်မပြတ်ဖြစ်သော တရုတ်-ထိုင်း အေးအတူပူအမျှအသိုက်အဝန်း တည်ဆောက်မှုကို တွန်းအားပေးခြင်းဖြင့် ဒေသတွင်း တည်ငြိမ်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် အကျိုးထမ်းဆောင်မှု အသစ်များ ဖော်ဆောင်သွားလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။
ဝမ်ရိက တရုတ်နိုင်ငံအနေဖြင့် အဆွေတော်ဝန်ကြီးချုပ် ဦးဆောင်သော ထိုင်းနိုင်ငံ အစိုးရသစ်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အရှိန်မြှင့်တင်ရန်၊ ပြည်သူလူနေမှုဘဝ အကျိုးစီးပွား တိုးတက်ကောင်းမွန်အောင် လုပ်ဆောင်ရန် ထောက်ခံအားပေးကြောင်း၊ ထိုင်းနိုင်ငံဘက်အနေဖြင့် အွန်လိုင်းလောင်းကစားနှင့် ဆက်သွယ်ရေးလိမ်လည်မှု တိုက်ဖျက်ရေးကို မြှင့်တင်ကာ တရုတ်-ထိုင်းဆက်ဆံရေးအတွက် ကောင်းမွန်သော ပတ်ဝန်းကျင် ဖန်တီးပေးရန် မျှော်လင့်ကြောင်း၊ ထိုင်း-ကမ္ဘောဒီးယား၏ ဘုံမိတ်ဆွေအနေဖြင့် တရုတ်နိုင်ငံသည် ဆက်လက်ပြီး နှစ်ဖက်ထိတွေ့ဆွေးနွေးမှု၊ အပြန်အလှန်ယုံကြည်မှု ပြန်လည်တည်ဆောက်ရေး၊ ဆက်ဆံရေး တိုးတက်ကောင်းမွန်လာမှုအတွက် ပလက်ဖောင်းတည်ဆောက်ပေးလိုကြောင်း ပြောကြားခဲ့သည်။ (Xinhua)
——————
(Chinese Version)
泰国总理阿努廷会见王毅
新华社曼谷4月24日电(记者常天童 林淑婷)泰国总理阿努廷24日在曼谷会见中共中央政治局委员、外交部长王毅。
阿努廷请王毅转达对中国领导人的良好祝愿,表示去年泰中共同庆祝建交50周年,两国关系站上新的历史起点。我陪同哇集拉隆功国王成功访华,亲身感受“泰中一家亲”又“亲上加亲”。面对当前动荡国际形势,泰方坚定奉行一个中国政策,愿同中方一道落实好两国元首共识,加强发展战略对接,密切各领域合作,坚决打击网赌电诈,让泰中友好更加深入人心。感谢中方为泰柬妥处边境冲突所作不懈努力,期待中方继续发挥建设性作用。
王毅首先转达中国领导人亲切问候,表示去年哇集拉隆功国王成功对华进行国事访问,两国元首共同开启中泰命运共同体建设新篇章。中国始终是泰方可信赖、可依靠的战略合作伙伴,“中泰一家亲”有着牢固民意和社会基础,正在展现更加广阔前景。面对变乱交织国际形势,中方愿同泰方相互尊重、相互信任、相互支持,弘扬传统友谊,加强战略协作,拓展新能源、基础设施建设、农业等领域合作,推动构建更为稳定、更加繁荣、更可持续的中泰命运共同体,不断为地区稳定与发展作出新贡献。
王毅说,中方将支持总理阁下带领泰新一届政府加快发展经济,改善民生福祉。希望泰方加大打击网赌电诈力度,为中泰关系营造良好环境。作为泰柬共同朋友,中方愿继续为双方接触对话、重建互信、改善关系搭建平台。(完)
图说:4月24日,泰国总理阿努廷在曼谷会见中共中央政治局委员、外交部长王毅。 新华社记者 孙玮彤 摄
