China
ရှင်းကျန်းဒေသတွင် မွန်ဂိုလီးယားမြင်းရိုင်းအကောင်ရေ ၃၀ ကို သဘာဝတောအတွင်း ပြန်လည်လွှတ်ပေး၊ တောရိုင်းမျိုးစိတ်အုပ်စု အဖွဲ့ဝင်အသစ်တိုး
ချန်းကျီ (ရှင်းကျန်း)၊ ဧပြီ ၂၃ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ရှင်းကျန်းဒေသ ခါလားမိုက်လီတောင်တန်း ခွာပါတောရိုင်းတိရစ္ဆာန် သဘာဝထိန်းသိမ်းကာကွယ်ရေးဇုန်တွင် ဧပြီ ၂၂ ရက်က အဖွဲ့အသစ်များကို ကြိုဆိုခဲ့သည်။ ၎င်းတို့မှာ တောရိုင်းတွင် ရှင်သန်ရေး လေ့ကျင့်မှုများ ပြီးမြောက်ခဲ့သည့် မွန်ဂိုလီးယားမြင်းရိုင်း (Przewalski’s horse) အကောင်ရေ ၃၀ ဖြစ်ပြီး ၎င်းတို့အား သဘာဝတောအတွင်းသို့ ပြန်လည်လွှတ်ပေးခဲ့သည်။
၂၀၂၅ ခုနှစ် အောက်တိုဘာလနှောင်းပိုင်းတွင် မွန်ဂိုလီးယားမြင်းရိုင်းအကောင်ရေ ၃၀ ကို ကီလိုမီတာ ၁၈၀ အကွာရှိ တောရိုင်းမြင်းမွေးမြူရေးသုတေသနဌာနမှ စောင့်ကြည့်စစ်ဆေးရေးစခန်းသို့ ၃ သုတ်ခွဲ၍ ပို့ဆောင်ခဲ့ကြောင်း၊ ၎င်းတို့သည် ဆောင်းရာသီတွင် အစာစားရန် ပြန်လည်ရောက်ရှိလာကြသည့် မွန်ဂိုလီးယားမြင်းရိုင်း ၁၀၀ ကျော်နှင့် ခြံဝင်းထဲတွင် သဘာဝအတိုင်း ပေါင်းစည်းခဲ့ပြီး ဆောင်းရာသီကာလတစ်လျှောက် အသားကျအောင် နေထိုင်ခြင်း၊ အုပ်စုအတွင်း လွတ်လပ်စွာ ယှဉ်ပြိုင်ခြင်းများပြီးနောက်တွင် တည်ငြိမ်သော အုပ်စုအသစ်တစ်ခုအဖြစ် တဖြည်းဖြည်းဖြစ်လာခဲ့ကြောင်း မိတ်ဆက်ပြောကြားချက်အရ သိရသည်။
မွန်ဂိုလီးယားမြင်းရိုင်းသည် ကမ္ဘာပေါ်တွင် တည်ရှိနေသေးသည့် တစ်ခုတည်းသော တောရိုင်းမြင်းမျိုးစိတ်ဖြစ်ပြီး သဘာဝတောတွင် မျိုးသုဉ်းလုနီးပါးဖြစ်ခဲ့ဖူးသည်။ ၁၉၈၅ ခုနှစ်တွင် တရုတ်နိုင်ငံသည် “တောရိုင်းမြင်းများ ဇာတိမြေပြန်ရေး” အစီအစဉ် စတင်ဖော်ဆောင်ခဲ့ပြီး နိုင်ငံခြားမှ မြင်းရိုင်းများ ပြန်လည်တင်သွင်းခဲ့ပြီး ရှင်းကျန်းဒေသတွင် အာရှတိုက်ရှိ အကြီးဆုံး မွန်ဂိုလီးယားမြင်းရိုင်း သားဖောက်မျိုးပွားမွေးမြူရေးအခြေစိုက်စခန်း တည်ဆောက်ခဲ့သည်။
ထိန်းသိမ်းကာကွယ်ခြင်းနှင့် မျိုးပွားခြင်း၊ မွေးမြူရေး၊ တောရိုင်းအသွင်လေ့ကျင့်ရေး၊ သဘာဝအတွင်း ပြန်လွှတ်ပေးရေးလုပ်ငန်းများကို နှစ်ပေါင်းများစွာ လုပ်ဆောင်ခဲ့ပြီးနောက် တရုတ်နိုင်ငံ၏ လူအကူအညီဖြင့် မွန်ဂိုလီးယားမြင်းရိုင်း မွေးဖွားမှုနှင့် တောရိုင်းမျိုးစိတ်အုပ်စု ပမာဏမှာ စဉ်ဆက်မပြတ် ကြီးမားလာခဲ့ပြီး ဂေဟစနစ်နှင့် လိုက်လျောညီထွေရှိမှုမှာ အစဉ်မပြတ် မြင့်တက်လာခဲ့သည်။ ၂၀၀၁ ခုနှစ်တွင် ပထမအကြိမ် မွန်ဂိုလီးယားမြင်းရိုင်း ၂၇ ကောင်အား သဘာဝအတွင်း ပြန်လွှတ်ပေးခဲ့သည်မှစ၍ ယနေ့တိုင် ရှင်းကျန်းဒေသတွင် သဘာဝတောအတွင်း ပြန်လွှတ်ပေးခဲ့သော မွန်ဂိုလီးယားမြင်းရိုင်းအကောင်ရေမှာ ၁၇၆ ကောင်အထိ ရှိလာခဲ့သည်။ တောရိုင်းမျိုးစိတ်အုပ်စု အရေအတွက်မှာ တည်ငြိမ်စွာ မြင့်တက်လာခဲ့ပြီး ၃၉၂ ကောင်အထိ ရှိလာခဲ့သည်။ (Xinhua)

တရုတ်နိုင်ငံ ရှင်းကျန်းဒေသ ခါလားမိုက်လီတောင်တန်း ခွာပါတောရိုင်းတိရစ္ဆာန် သဘာဝထိန်းသိမ်းကာကွယ်ရေးဇုန်တွင် ဝန်ထမ်းများက သဘာဝတောအတွင်းသို့ ပြန်လည်လွှတ်ပေးတော့မည့် မွန်ဂိုလီးယားမြင်းရိုင်း (Przewalski’s horse) များ၏ အခြေအနေအား စောင့်ကြည့်နေသည်ကို ၂၀၂၆ ခုနှစ် ဧပြီ ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

……………………………
(Chinese Version)
新疆野化放归30匹普氏野马 野外种群再添新成员
新华社照片,昌吉(新疆),2026年4月22日
4月22日,新疆卡拉麦里山有蹄类野生动物自然保护区迎来新成员——30匹普氏野马完成野化训练,成功放归野外。
据介绍,2025年10月下旬,30匹普氏野马分三批次从180公里外的野马繁育研究所运抵监测站,它们在围栏区内与冬季返回补饲的百余匹普氏野马自然融合,经过一个冬季的适应,以及种群内的自由竞争,逐渐形成新的稳定群体。
普氏野马是地球上唯一存活的野生马种,曾一度濒临野外灭绝。1985年,我国启动了“野马返乡”计划,从国外引回普氏野马并在新疆建立亚洲最大的普氏野马繁殖基地。
历经多年保护繁育、野化放归工作,我国普氏野马人工繁育与野外种群规模持续扩大,生态适应性不断提升。自2001年首次放归27匹普氏野马至今,新疆放归普氏野马总数达到176匹,野外种群数量稳定增长,已经达到392匹。
图说1:在新疆卡拉麦里山有蹄类野生动物自然保护区乔木希拜普氏野马监测站,等待野放和返回补饲的普氏野马在围栏内吃草(2月4日摄)。 新华社记者 丁磊 摄
图说2:在新疆卡拉麦里山有蹄类野生动物自然保护区,工作人员在观察即将野放的普氏野马状态(4月22日摄)。新华社记者 丁磊 摄
