Media
အီရန်သမ္မတနှင့် လွှတ်တော်ဥက္ကဋ္ဌတို့ ပူးတွဲကြေညာချက်ထုတ်ပြန်၍ အမေရိကန်၏ ပြောဆိုချက်များကို ပယ်ချ
တီဟီရန်၊ ဧပြီ ၂၅ ရက် (ဆင်ဟွာ)
ရန်သူဘက်က အီရန်ပြည်သူလူထု၏ အတွေးအခေါ်များကို ခြယ်လှယ်ရန်၊ အီရန်စည်းလုံးညီညွတ်မှုနှင့် လုံခြုံရေးကို ဖျက်ဆီးရန် ကြံစည်ကာ မီဒီယာဝါဒဖြန့်ဝေမှုများ လုပ်ဆောင်နေကြောင်း အီရန်ထိပ်တန်းခေါင်းဆောင် မို့ချ်တာဘာက ဧပြီ ၂၃ ရက် ညပိုင်းတွင် ဆိုရှယ်မီဒီယာ၌ ပို့စ်ရေးသား၍ ထောက်ပြခဲ့သည်။ မိမိတို့ဘက်၏ ပေါ့လျော့မှုကြောင့် ရန်သူ၏ ဤယုတ်မာသော ကြံစည်မှု အောင်မြင်ခြင်း လုံးဝအဖြစ်မခံနိုင်ကြောင်း ၎င်းက သတိပေးပြောကြားခဲ့သည်။
လက်ရှိ အီရန်သွေးချင်းများအကြား အံ့ဖွယ် စည်းလုံးညီညွတ်မှုကြောင့် ရန်သူဘက်တွင် ခွာပြဲမှုများ ဖြစ်ပေါ်ခဲ့ကြောင်း မို့ချ်တာဘာ၏ ဆိုရှယ်မီဒီယာအကောင့်တွင် ရေးသားခဲ့သည်။
အမေရိကန်ဘက်၏ “အီရန်နိုင်ငံအတွင်း ခွာပြဲမှုရှိ” ဟူသော ပြောကြားချက်ကို အီရန်သမ္မတ မာဆော့ ပါဇက်ရှ်ကီရမ်နှင့် အီရန် လွှတ်တော်ဥက္ကဋ္ဌ မိုဟာမက် ဂါလီဘတ်ဖ်တို့က ထိုညတွင် ဆိုရှယ်မီဒီယာ၌ ပူးတွဲ ကြေညာချက်ထုတ်ပြန်၍ ပယ်ချခဲ့သည်။
အီရန်နိုင်ငံတွင် “သဘောထားတင်းမာသူ” သို့မဟုတ် “သဘောထားပျော့ပျောင်းသူ” ဟူ၍ မရှိကြောင်း၊ “မိမိတို့အားလုံးသည် အီရန်နိုင်ငံသားများ၊ တော်လှန်ရေးသမားများဖြစ်ကြကြောင်း”၊ နိုင်ငံနှင့် ပြည်သူများ၏ “သံမဏိပမာ ခိုင်ခံ့သော စည်းလုံးညီညွတ်မှု” နှင့် အီရန်ထိပ်တန်းခေါင်းဆောင်အပေါ် သစ္စာရှိမှုတို့ဖြင့် အီရန်သည် ကျူးကျော်သူများကို ပေးဆပ်သွားစေမည်ဖြစ်ကြောင်း ကြေညာချက်တွင် ပြောကြားခဲ့သည်။
ထိုနေ့တွင်ပင် အီရန်နိုင်ငံခြားရေးဝန်ကြီး အာရက်ဂ်ချီကလည်း ဆိုရှယ်မီဒီယာတွင် ပို့စ်ရေးသား၍ အီရန်ပြည်သူများသည် ယခင်မည်သည့်အချိန်ထက်မဆို ပို၍စည်းလုံးညီညွတ်မှုရှိကြောင်းကို အလေးထားပြောကြားခဲ့သည်။
အီရန် “သဘောထားတင်းမာသူ” နှင့် “သဘောထားပျော့ပျောင်းသူ”တို့ “အပြန်အလှန်တိုက်ခိုက်နေ” ကြကြောင်း အမေရိကန်သမ္မတ ထရမ့်က ထိုနေ့ အစောပိုင်းတွင် ဆိုရှယ်မီဒီယာတွင် ရေးသားဖော်ပြခဲ့သည်။ ထရမ့်က အီရန်အစိုးရ “အတွင်းပိုင်းမှာ အပြင်းအထန် ခွာပြဲမှုများ ရှိနေပြီ” ဖြစ်ကြောင်း၊ ပါကစ္စတန်၏ တောင်းဆိုချက်အရ ၎င်းသည် အီရန်ဘက်မှ တစ်ပြေးညီ သဘောတူထားသည့် အဆိုပြုချက်တစ်ခု တင်သွင်းလာသည်အထိ အပစ်ရပ်စဲရေးကို သက်တမ်းတိုးသွားမည်ဖြစ်ကြောင်း ဧပြီ ၂၁ ရက်တွင် ပြောကြားခဲ့သည်။ (Xinhua)
……………………
(Chinese Version)
伊朗最高领袖警告险恶图谋 总统议长联合发声驳斥美方
新华社德黑兰4月23日电 伊朗最高领袖穆杰塔巴23日晚在社交媒体上发文指出,敌人发动媒体宣传,企图操纵伊朗民众思想,破坏伊朗团结与安全。他警告说,绝不能因己方疏忽而让敌人这一险恶图谋得逞。
穆杰塔巴的社媒账号写道,当前伊朗同胞之间的惊人团结已使敌方阵营出现分裂。
伊朗总统佩泽希齐扬与伊斯兰议会议长卡利巴夫当晚联合在社交媒体上发表声明,驳斥美方所谓“伊朗内部分裂”的言论。
声明说,在伊朗,没有“强硬派”或“温和派”,“我们都是伊朗人,都是革命者”。凭借国家和民族“钢铁般的团结”以及对伊朗最高领袖的忠诚,伊朗将让侵略者付出代价。
同一天,伊朗外交部长阿拉格齐也在社交媒体发文,强调伊朗人民比以往任何时候都更加团结一致。
美国特朗普当天早些时候在社交媒体发文,称伊朗“强硬派”同“温和派”正在“内斗”。他21日称,伊朗政府“内部已严重分裂”,应巴基斯坦请求,他将延长停火,直至伊朗方面拿出一份意见一致的提案。(完)
图说:3月9日,在伊朗首都德黑兰革命广场,民众参加集会表达对伊朗新任最高领袖穆杰塔巴·哈梅内伊的忠诚。新华社记者 沙达提 摄
