Asia
သံတမန်ရေးနည်းလမ်းဖြင့် အရှေ့အလယ်ပိုင်းအပစ်ရပ်ရေး တွန်းအားပေးရန်၊ ဟော်မုဇ်ရေလက်ကြားတွင် လွတ်လပ်စွာ ရေကြောင်းသွားလာရေး အာမခံပေးရန် ဥရောပသမဂ္ဂ တိုက်တွန်း
နီကိုးရှား၊ ဧပြီ ၂၅ ရက် (ဆင်ဟွာ)
အရှေ့အလယ်ပိုင်းဒေသတွင် ဖြစ်ပွားနေသော စစ်ပွဲများသည် ကပ်ဘေးအသွင် နောက်ဆက်တွဲ ဆိုးကျိုးများ ဖြစ်ပေါ်စေခဲ့ကြောင်း၊ သံတမန်နည်းလမ်းသည် ပြဿနာကို ဖြေရှင်းသည့် တစ်ခုတည်းသော စဉ်ဆက်မပြတ်ဖြစ်သည့် ထွက်ပေါက်ဖြစ်ကြောင်း၊ ဟော်မုဇ်ရေလက်ကြားတွင် လွတ်လပ်စွာ ရေကြောင်းသွားလာမှုသည် တစ်ကမ္ဘာလုံးအတွက် အလွန်အမင်းအရေးကြီးကြောင်း ဥရောပကောင်စီ ဥက္ကဋ္ဌ António Costa က ဧပြီ ၂၄ ရက်တွင် ပြောကြားခဲ့သည်။
ဥရောပသမဂ္ဂခေါင်းဆောင်များသည် ယင်းနေ့တွင် ဆိုက်ပရပ်စ်နိုင်ငံ မြို့တော် နီကိုးရှား၌ အရှေ့အလယ်ပိုင်း နိုင်ငံအချို့မှ ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးပွဲအပြီးတွင် António Costa က အရှေ့အလယ်ပိုင်းဒေသတွင် ဖြစ်ပွားနေသော စစ်ပွဲများသည် ဒေသခံပြည်သူများ၏ လူနေမှုဘဝ၊ အခြေခံအဆောက်အအုံနှင့် ကမ္ဘာ့စီးပွားရေးအပေါ် ကပ်ဘေးအသွင် နောက်ဆက်တွဲဆိုးကျိုးများ သက်ရောက်စေကြောင်း၊ အချိန်ကြာလာသည်နှင့်အမျှ အကယ်၍ ပြဿနာ ဖြေရှင်းရန် နှောင့်နှေးနေပါက အခြေအနေများသည် ပိုမိုဆိုးရွားလာရုံသာ ရှိမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
မကြာသေးမီက အီရန်အပေါ် အမေရိကန်နိုင်ငံက အပစ်အခတ်ရပ်စဲရေး သက်တမ်းတိုးခဲ့ခြင်းမှာ ကြိုဆိုထိုက်သော အပြုသဘောဆောင်သည့် လုပ်ဆောင်ချက်တစ်ခုဖြစ်ကြောင်း၊ သက်ဆိုင်ရာ ဆွေးနွေးညှိနှိုင်းမှုများကို ဆက်လက်တွန်းအားပေးရမည်ဖြစ်ပြီး စစ်ပွဲကို အဆုံးသတ်နိုင်ပြီး အဓိကပြဿနာရပ်များကို ဖြေရှင်းသည့် ရေရှည်တည်တံ့သောနည်းလမ်းတစ်ခု ရှာဖွေရန် ရည်မှန်းချက်ထားသင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
António Costa က ဟော်မုဇ်ရေလက်ကြားတွင် သင်္ဘောများ ပြန်လည်ဖြတ်သန်းသွားလာနိုင်ရေးကို ချက်ချင်း ဘက်စုံ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ သက်ဆိုင်သူများအနေဖြင့် နိုင်ငံတကာဥပဒေနှင့် လွတ်လပ်စွာ ရေကြောင်းသွားလာခွင့်ဆိုင်ရာ အခြေခံမူများကို အပြည့်အဝ လေးစားလိုက်နာသင့်ကြောင်း၊ ယင်းမှာ တစ်ကမ္ဘာလုံးအတွက် လွန်စွာ အရေးကြီးကြောင်း အလေးထား ပြောကြားခဲ့သည်။
လက်ဘနွန်နိုင်ငံအခြေအနေနှင့်စပ်လျဉ်း၍ ဥရောပသမဂ္ဂအနေဖြင့် အထူးစိုးရိမ်ပူပန်နေဆဲဖြစ်ကြောင်း၊ ထိုဒေသတွင် ရေရှည်အပစ်အခတ်ရပ်စဲရေး ဖော်ဆောင်နိုင်ရန် မျှော်လင့်ကြောင်း António Costa က ဆိုသည်။ ဘက်အသီးသီးအနေဖြင့် သံတမန်နည်းလမ်းအရ ဆက်လက်ကြိုးပမ်းကြရန်လည်း ၎င်းက တိုက်တွန်းခဲ့သည်။
ဥရောပကော်မရှင် ဥက္ကဋ္ဌ Ursula von der Leyen က လက်ဘနွန်တွင် စစ်မက်မီးလျှံများ ဆက်လက်တောက်လောင်နေပါက အရှေ့အလယ်ပိုင်းနှင့် ပင်လယ်ကွေ့ဒေသတို့တွင် တည်ငြိမ်မှုကို ဖော်ဆောင်ရန် မဖြစ်နိုင်ကြောင်း ဧပြီ ၂၄ ရက်တွင် ပြောကြားခဲ့သည်။ ဥရောပသမဂ္ဂအနေဖြင့် ဘက်အသီးသီးအား လက်ဘနွန်နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေပြည့်စုံမှုကို လေးစားကြရန် တိုက်တွန်းကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
——————-
(Chinese Version)
欧盟呼吁外交推动中东停火 保障霍尔木兹海峡航行自由
新华社尼科西亚4月24日电(记者张兆卿 丁英华)欧洲理事会主席科斯塔24日表示,中东地区爆发的战争已造成灾难性后果,外交是解决问题的唯一可持续出路,霍尔木兹海峡的航行自由对全球至关重要。
欧盟领导人当天在塞浦路斯首都尼科西亚与部分中东国家领导人举行会谈。科斯塔在会谈后说,中东地区爆发的战争对当地民众生活、基础设施与全球经济已造成灾难性后果。随着时间推移,如果问题迟迟得不到解决,局势只会进一步恶化。
他说,美国近期延长对伊朗停火是值得欢迎的积极举措,相关谈判必须继续推进,目标应是找到结束战争、解决核心问题的持久方案。
科斯塔强调,霍尔木兹海峡必须立即全面恢复通航,各方应充分尊重国际法和航行自由原则,这对全球至关重要。
关于黎巴嫩局势,科斯塔说,欧盟仍深感关切,希望当地能够实现长期停火。他呼吁各方继续开展外交努力。
欧盟委员会主席冯德莱恩24日说,如果黎巴嫩战火持续,中东和海湾地区就不可能实现稳定。她说,欧盟呼吁各方尊重黎巴嫩的主权和领土完整。(完)
1. 4月24日,在塞浦路斯首都尼科西亚,参加欧盟领导人非正式会议的欧洲理事会主席科斯塔(左)和欧盟委员会主席冯德莱恩会后出席新闻发布会。 新华社记者 吕优 摄
