Connect with us

North America

အမေရိကန်စစ်တပ် USS George H.W. Bush လေယာဉ်တင်သင်္ဘော အရှေ့အလယ်ပိုင်းသို့ မောင်းနှင်လာ၊ “အချိန်စပြီး ရေတွက်နေပြီ” ဟု ထရမ့် ဆို

ခရိုအေးရှားနိုင်ငံ Spilt ဆိပ်ကမ်းမှ ထွက်ခွာလာသော အမေရိကန်ရေတပ် “USS Gerald R. Ford” လေယာဉ်တင်သင်္ဘောကို ၂၀၂၆ ခုနှစ် ဧပြီ ၂ ရက်က တွေ့မြင်ရစဉ် (ဓာတ်ပုံ - Zvonimir Barisin/PIXSELL/Handout via Xinhua)

ဝါရှင်တန်၊ ဧပြီ ၂၄ ရက် (ဆင်ဟွာ)

Nimitz-class USS George H.W. Bush လေယာဉ်တင်သင်္ဘောသည် ဧပြီ ၂၃ ရက်တွင် အမေရိကန်ဗဟိုကွပ်ကဲရေးဌာနချုပ် (CENTCOM) တာဝန်ယူရသည့်ဒေသဖြစ်သော အိန္ဒိယသမုဒ္ဒရာ ပင်လယ်ပြင်၌ ဖြတ်သန်းခုတ်မောင်းလျက်ရှိကြောင်း CENTCOM က ထိုနေ့တွင် လူမှုမီဒီယာ၌ ပုံဖြင့် ပို့စ်တင်ပြောကြားခဲ့သည်။ အမေရိကန် သမ္မတ ထရမ့်ကမူ “အချိန်စပြီး ရေတွက်နေပြီ” ဟု ဆိုခဲ့သည်။

အမေရိကန် စစ်တပ် မိတ်ဆက်ပြောကြားချက်အရ CENTCOM စီမံအုပ်ချုပ်သည့်ဒေသတွင် ပါရှန်ပင်လယ်ကွေ့၊ ပင်လယ်နီ၊ အိုမန်ပင်လယ်ကွေ့နှင့် အိန္ဒိယသမုဒ္ဒရာ အနောက်မြောက်ပိုင်းရှိ အာရေဗျပင်လယ်တို့ ပါဝင်ကြောင်း သိရသည်။
USS George H.W. Bush လေယာဉ်တင်သင်္ဘော တိုက်ခိုက်ရေးအုပ်စုသည် မတ် ၃၁ ရက်တွင် အမေရိကန် အရှေ့ကမ်းရိုးတန်း ဗာဂျီးနီးယားပြည်နယ် Norfolk ရေတပ်စခန်းမှ စတင်ထွက်ခွာခဲ့ပြီး အာဖရိက Good Hope အငူမှ လမ်းကြောင်းပတ်ကာ အရှေ့အလယ်ပိုင်းဒေသသို့ သွားရောက်ခဲ့သည်။ အမေရိကန် “Military Times” ဝက်ဘ်ဆိုက် သတင်းဖော်ပြချက်အရ USS George H.W. Bush လေယာဉ်တင်သင်္ဘော တိုက်ခိုက်ရေးအုပ်စုတွင် ဖျက်သင်္ဘောအချို့ ပါဝင်ပြီး စုစုပေါင်းစစ်အင်အား ၅,၀၀၀ ကျော် ပါဝင်ကြောင်း သိရသည်။

လက်ရှိတွင် အမေရိကန်စစ်တပ် USS Abraham Lincoln နှင့် USS Gerald R. Ford လေယာဉ်တင်သင်္ဘောနှစ်စင်း တိုက်ခိုက်ရေးအုပ်စုကို ပင်လယ်နီနှင့် အာရေဗျပင်လယ်မြောက်ပိုင်းတွင် သီးခြားစီဖြန့်ကြက်ထားသည်။ USS George H.W. Bush လေယာဉ်တင်သင်္ဘောသည် USS Gerald R. Ford လေယာဉ်တင်သင်္ဘောအား အစားထိုးနိုင်ခြေမြင့်မားကြောင်း၊ အပြောင်းအလဲပြုလုပ်သည့်ကာလအတွင်း အမေရိကန်စစ်တပ်သည် အရှေ့အလယ်ပိုင်းဒေသ၌ USS George H.W. Bush ၊ USS Gerald R. Ford ၊ USS Abraham Lincoln ဟူသည့် လေယာဉ်တင်သင်္ဘောသုံးစင်း ဖြန့်ကြက်ထားသည့် အခြေအနေ ဖြစ်နိုင်ခြေရှိကြောင်း အမေရိကန်မီဒီယာများ သတင်းဖော်ပြချက်အရ သိရသည်။

ထရမ့်က ထိုနေ့တွင် လူမှုမီဒီယာ၌ ပို့စ်တင်၍ ၎င်းအနေဖြင့် အီရန်နှင့်စစ်ပွဲအား အဆုံးသတ်ရန် အလျင်လိုနေသည်ကို ထပ်မံငြင်းဆိုခဲ့ပြီး ၎င်းအနေဖြင့် အချိန်ရှိကြောင်း၊ “ဒါပေမဲ့ အီရန်မှာအချိန် သိပ်မရှိတော့ဘူး၊ အချိန်စပြီး ရေတွက်နေပြီ” ဟု ဆိုခဲ့သည်။ (Xinhua)

——————
(Chinese Version)
美军“布什”号航母驶近中东 特朗普称“时间在倒计时”
新华社华盛顿4月23日电(记者黄强 徐剑梅)美军中央司令部23日在社交媒体发文配图,称“尼米兹”级核动力航空母舰“布什”号当天在该司令部责任区的印度洋海域航行。美总统特朗普称,“时间在倒计时”。
据美国军方介绍,中央司令部辖区覆盖波斯湾、红海、阿曼湾以及位于印度洋西北部的阿拉伯海。
“布什”号航母打击群于3月31日从美国东海岸的弗吉尼亚州诺福克海军基地出发,绕行非洲好望角,前往中东。据美国《军队时报》网站报道,“布什”号航母打击群包含数艘驱逐舰,总计有5000多名官兵。
目前,美军“林肯”号和“福特”号两个航母打击群分别部署在红海和阿拉伯海北部。据美国媒体报道,“布什”号很可能将接替“福特”号。交接期间,预计美军将在中东地区形成“布什”号、“福特”号、“林肯”号三航母部署态势。
特朗普当天在社媒发文,再度否认他急于结束对伊朗战事,并称他有的是时间,“但伊朗没有——时间在倒计时!”(完)
图说:4月2日,美国海军“福特”号核动力航母离开克罗地亚斯普利特港。新华社发(Pixsell图片社/兹沃尼米尔摄)