North America
အလျင်စလိုနှင့် ဖိအား မရှိ ဟု ထရမ့် ထပ်မံပြောကြား၊ အီရန်နှင့် ရေရှည်တည်တံ့သည့် သဘောတူညီချက် ရယူလိုဟု ဆို
ဝါရှင်တန်၊ ဧပြီ ၂၄ ရက် (ဆင်ဟွာ)
အမေရိကန် သမ္မတ ထရမ့်က ၎င်းအနေဖြင့် အီရန်စစ်ပွဲကို အဆုံးသတ်ရန် ဖိအားမရှိသလို အီရန်နှင့် သဘောတူညီချက်ရယူရန် အလျင်မလိုကြောင်း ဧပြီ ၂၃ ရက်က ထပ်မံအလေးထားပြောကြားပြီး အကောင်းဆုံးနှင့် ရေရှည်တည်တံ့သည့် သဘောတူညီချက် ရယူလိုကြောင်း ပြောကြားခဲ့သည်။
ထရမ့်က ယင်းနေ့တွင် လူမှုကွန်ရက်မီဒီယာ၌ ပို့စ်တင်ကာ အချိန်သည် အမေရိကန်ဘက်တွင်ရှိကြောင်း၊ မိမိအနေဖြင့် စိတ်ဖိအားအနည်းဆုံးသူဖြစ်နိုင်ကြောင်း၊ မိမိသည် ကမ္ဘာတွင် အချိန်အလုံအလောက် အရှိဆုံးဖြစ်ပြီး အီရန်တွင်မူ မရှိကြောင်း ပြောကြားခဲ့သည်။ နောက်ဆက်တွဲအခြေအနေများက အီရန်ဘက်အတွက် ပို၍အကျိုးရှိလာမှာ မဟုတ်သလို အချိန်ကလည်း ၎င်းတို့ဘက်တွင် ရှိနေမည်မဟုတ်ကြောင်း ထရမ့်က ဆိုသည်။
ထိုနေ့နှောင်းပိုင်းတွင် ထရမ့်က ၎င်းအနေဖြင့် ဖိအား တစိုးတစိမျှ မရှိကြောင်း၊ အမှန်စင်စစ်ဖိအားများနေသူမှာ အီရန်ဘက်က ဖြစ်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် အမေရိကန်၏ ပင်လယ်ရေကြောင်းပိတ်ဆို့မှုကြောင့် ရေနံသယ်ယူပို့ဆောင်မှုများ ပြန်လည်လုပ်ဆောင်၍မရဘဲ ၎င်းတို့၏ ရေနံအခြေခံအဆောက်အဦစနစ်တစ်ခုလုံးက ပြိုလဲလုနီးပါး ဖြစ်နေကြောင်း အိမ်ဖြူတော်၏ အခမ်းအနားတစ်ခုတွင် မီဒီယာများကို ထပ်မံပြောကြားခဲ့သည်။
ထရမ့်က ၎င်းအနေဖြင့် ယခုပင် အီရန်နှင့် သဘောတူညီချက် ရယူနိုင်ကြောင်း၊ သို့သော် အီရန်ကို နျူကလီးယားလက်နက် ထာဝရ ပိုင်ဆိုင်ခွင့်မရရေး သဘောတူညီချက်ကို ရေရှည်တည်တံ့စွာ အကျုံးဝင်စေလိုကြောင်း ပြောကြားခဲ့သည်။
ထို့ကြောင့် ၎င်းအနေဖြင့် အလျင်စလိုမရှိကြောင်းနှင့် “ကျုပ်တို့မှာ အချိန်အပြည့်အဝရှိပါတယ်” ဟု ထရမ့်က ဆိုသည်။
တစ်ချိန်တည်းတွင်ပင် ၎င်းက အမေရိကန်ဘက်က အီရန်၏ ပစ်မှတ် ၇၅ ရာခိုင်နှုန်းခန့်ကို တိုက်ခိုက်ထားရာ အီရန်၏စစ်ရေးအင်အားကို ပြင်းပြင်းထန်ထန် ယုတ်လျော့သွားစေပြီးဖြစ်ကြောင်း၊ အကယ်၍ အီရန်က သဘောတူညီချက်မရယူလိုပါက ၎င်းအနေဖြင့် စစ်ရေးနည်းလမ်းဖြင့် ကျန်ရှိသည့်ကိစ္စများကို ပြီးပြတ်အောင် ဆောင်ရွက်မည် ဖြစ်ကြောင်း ခြိမ်းခြောက်ပြောကြားခဲ့သည်။
အီရန်အပေါ် နျူကလီးယားလက်နက်သုံးရန် စဉ်းစားမည်လောဟု မေးမြန်းသည့်အပေါ် ထရမ့်က အသုံးပြုမည်မဟုတ်ကြောင်းနှင့် အမေရိကန်အနေဖြင့် နျူကလီးယားဖြင့် တိုက်ခိုက်ခြင်းမပြုစေကာမူ အီရန်အား အဆုံးသတ်ချေမှုန်းပြီး ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
ထရမ့်က Fox News Channel ၏မေးမြန်းမှုကို ဧပြီ ၂၂ ရက်တွင် လက်ခံဖြေကြားရာ၌ ၎င်းအနေဖြင့် ကြားဖြတ်ရွေးကောက်ပွဲတွင် အနိုင်ရရန်အတွက် လက်ရှိစစ်ပွဲကို အလျင်စလိုအဆုံးသတ်လိုသည့်အပေါ် ငြင်းဆိုခဲ့ပြီး မည်သည့်အချိန်၌ စစ်ပွဲအဆုံးသတ်မည်မှာ အချိန်ဇယားမရှိသလို အလျင်စလိုလည်းမရှိကြောင်း ပြောကြားခဲ့သည်။ အလားတူပင် အီရန်နှင့် အပစ်အခတ်ရပ်စဲရေး သက်တမ်းတိုးရန်အတွက် ထရမ့်က နောက်ဆုံးအချိန် သတ်မှတ်ထားကြောင်းကိုလည်း အိမ်ဖြူတော်က ငြင်းဆိုခဲ့သည်။(Xinhua)
———————-
(Chinese Version)
特朗普再称“不着急”“没压力” 想同伊朗达成“永久协议”
新华社华盛顿4月23日电(记者黄强 徐剑梅)美国总统特朗普23日再次强调自己在结束对伊朗战事上没有压力、不急于同伊朗达成协议,并表示想达成“最好”、“永久”的协议。
特朗普当天在社交媒体发文,称时间在美国这边,说自己“或许是心理压力最小的那一个”,“我拥有全世界最充裕的时间,伊朗却没有”。接下来的形势只会对伊朗方面愈发不利,“时间并不站在他们那边”。
特朗普晚些时候在白宫一场活动上对媒体再次称,他“完全没有压力”,真正承受压力的是伊朗方面,因为在美国海上封锁下“无法让石油恢复运输,他们的整个石油基础设施体系都将面临崩溃边缘”。
特朗普表示,他现在就可以同伊朗达成协议,但想要协议“永久”有效,令伊朗永远没机会拥有核武器。所以,他不想让自己太着急,“我们有足够的时间”。
他同时威胁称,美方已打击伊朗大约75%的目标,严重削弱其军事力量。如果伊朗不想达成协议,他就会“用军事手段完成剩下的事情”。
被问及是否会考虑对伊朗动用核武器,特朗普回答“不会”,并称美国即便不发动核打击,也已将伊朗“彻底摧毁”。
特朗普22日接受福克斯新闻频道采访时,否认他为了保住中期选举而急于结束当前战事,称何时终战“没有时间表”,也无需着急。白宫同样否认特朗普就与伊朗停火的延长时间设最后期限。(完)
1. 4月16日,美国总统特朗普在华盛顿白宫南草坪接受媒体采访。 新华社发(李源清摄)
