Connect with us

International Organizations

အလက်ဇန်းဒါး အာနိုးလ်မှာ ကာဗာဟယ်ထက် ပွဲထွက်ကစားခွင့်နှင့် ထိုက်တန်သည်ဟု ရီးရဲလ်မက်ဒရစ်နည်းပြ အာဘီလိုအာ ဆို

စပိန်နိုင်ငံ မက်ဒရစ်မြို့ရှိ ဆန်တီယာဂို ဘာနေဗျူး အားကစားကွင်း၌ ၂၀၂၆ ခုနှစ် ဧပြီ ၂၁ ရက်က ရီးရဲလ်မက်ဒရစ်အသင်းနှင့် အလာဗက်စ်အသင်းတို့ ယှဉ်ပြိုင်ကစားသည့် လာလီဂါဘောလုံးပွဲစဉ်၌ ရီးရဲလ်မက်ဒရစ်အသင်းမှ ထရန့် အလက်ဇန်းဒါး အာနိုးလ်နှင့် အလာဗက်စ်အသင်းမှ ဗစ်တာ ပရာဒါတို့ ဘောလုံးယှဉ်လုနေစဉ် (ဆင်ဟွာ)

မက်ဒရစ်၊ ဧပြီ ၂၄ ရက် (ဆင်ဟွာ)

အိမ်ကွင်း၌ ဘက်တစ်အသင်းနှင့် ယှဉ်ပြိုင်ကစားမည့် ရီးရဲလ်မက်ဒရစ်အသင်း၏ လာလီဂါပွဲစဉ်မတိုင်မီ ဧပြီ ၂၃ ရက်က နည်းပြ အယ်လ်ဗာရို အာဘီလိုအာနှင့် ဝါရင့်ညာနောက်ခံလူ ဒါနီ ကာဗာဟယ်တို့အကြား ဆက်ဆံရေးမှာ လူအများအာရုံစိုက်စရာ ဖြစ်လာခဲ့သည်။
အသက် ၃၄ နှစ်အရွယ် ကာဗာဟယ်မှာ ဒူးဒဏ်ရာခွဲစိတ်မှု ခံယူခဲ့ပြီးနောက် ယခုရာသီတွင် လအတန်ကြာ ပါဝင်ကစားနိုင်ခဲ့ခြင်းမရှိသဖြင့် ၎င်းအတွက် နောက်ဆုံးကမ္ဘာ့ဖလားပြိုင်ပွဲ ဖြစ်လာနိုင်သည့် လာမည့် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် စပိန်အသင်းနည်းပြ လူးဝစ်စ် ဒယ်လာဖွန်တေး၏ ရွေးချယ်ခြင်းခံရနိုင်ရန် ၎င်း၏ကြံ့ခိုင်မှုကို သက်သေပြရန် လိုအပ်နေသည်။
ရီးရဲလ်မက်ဒရစ်နည်းပြဟောင်း ဇာဘီ အလွန်ဆိုလက်ထက်၌ ကာဗာဟယ်အနေဖြင့် ကြံ့ခိုင်မှုပြည့်ဝနေပါက ညာနောက်ခံလူနေရာတွင် ထရန့် အလက်ဇန်းဒါး အာနိုးလ်ထက် ဦးစားပေးကစားသမားအဖြစ် ကစားခွင့်ရခဲ့ပုံပေါ်သော်လည်း အလွန်ဆို၏နေရာ၌ အာဘီလိုအာကို အစားထိုးခန့်အပ်ခဲ့ပြီးနောက် အခြေအနေ ပြောင်းလဲသွားခဲ့ရာ ကာဗာဟယ်အနေဖြင့် ဒဏ်ရာမှပြန်လည်သက်သာလာပြီးနောက်ပိုင်း ပွဲကစားခွင့်ရနိုင်သည့် မိနစ်အရေအတွက်၏ ၂၂ ရာခိုင်နှုန်းသာ ကစားခွင့်ရခဲ့သည်။
ဧပြီ ၂၁ ရက်တွင် ရီးရဲလ်မက်ဒရစ်က အလာဗက်စ်ကို ၂-၁ ဂိုးဖြင့် ပွတ်ကာသီကာ အနိုင်ရခဲ့သည့် ပွဲစဉ်အပြီးတွင် အဆိုပါကစားသမားနှင့် နည်းပြဖြစ်သူတို့ အပြန်အလှန် အငြင်းအခုံဖြစ်ခဲ့ပြီးနောက် ပြဿနာမှာ ပိုမိုကြီးထွားလာခဲ့ပုံရသည်။
“ဒါနီ ကစားခွင့်မရတဲ့ အကြောင်းရင်းကတော့ ကစားသမား ၁၁ ယောက်ပဲ ကစားခွင့်ရတာမို့လို့ပါ။ ဒါကြောင့် ကျွန်တော့်အနေနဲ့ ကစားသမားတွေအပေါ် မျှတမှုမရှိသလို ဖြစ်နေရတာပါ” ဟု အာဘီလိုအာက ထိုအခြေအနေနှင့်ပတ်သက်၍ မေးမြန်းမှုကို တုံ့ပြန်ဖြေကြားခဲ့သည်။
“ကာဗာဟယ်က အကောင်းဆုံးလုပ်ပြနေပါတယ်။ သူက ကွင်းတွင်းမှာရော ကွင်းပြင်မှာပါ အရေးပါတဲ့သူပါ။ သူဟာ ဒီအသင်းရဲ့သမိုင်းမှာ အရေးအပါဆုံး အကယ်ဒမီထွက် ကစားသမားဆိုတာကိုလည်း ကျွန်တော် တစ်ကြိမ်မက ပြောခဲ့ဖူးပါတယ်။ ကျွန်တော်တို့နှစ်ယောက်ကြားမှာ အမြဲတမ်း ဆက်ဆံရေးကောင်းမွန်ပါတယ်။ ကျွန်တော် သူ့ကို အမြဲတမ်း လေးလေးစားစား ဆက်ဆံပါတယ်” ဟု အာဘီလိုအာက ပြောကြားခဲ့ကာ ၎င်းတို့ကြား ဆက်ဆံရေးအဆင်မပြေမှုကြောင့် ကာဗာဟယ်ကို ပွဲထွက်လူစာရင်းမှ ချန်လှပ်ခဲ့သည်ဆိုသော မှန်းဆချက်များကို ငြင်းပယ်ခဲ့သည်။
“နည်းပြတစ်ယောက်အနေနဲ့ ဘောလုံးနဲ့ပတ်သက်တဲ့ အကြောင်းရင်းတွေကလွဲပြီး တခြားဘာအစွဲမှမရှိဘဲ လူစာရင်းရွေးချယ်ရတယ်ဆိုတာကို နားလည်သဘောပေါက်ဖို့ ခက်ပါတယ်။ သူတို့တွေ လေ့ကျင့်ပြင်ဆင်နေကြပြီး တော်တော်များများက ထူးထူးချွန်ချွန် လုပ်ပြနိုင်တာကို တွေ့ရပါတယ်။ ဒီထက်ပိုပြီး ပြောစရာမရှိတော့ပါဘူး” ဟု ၎င်းက အခိုင်အမာပြောခဲ့သည်။
ကာဗာဟယ်မှာ ရာသီကုန်၌ စာချုပ်သက်တမ်း ကုန်ဆုံးမည်ဖြစ်ကာ စာချုပ်သစ်ချုပ်ဆိုရခြင်း မရှိသေးသော်လည်း အာဘီလိုအာက ၎င်းအား အသင်း၌ဆက်ရှိစေလိုခြင်း ရှိမရှိဆိုသည်ကို မှတ်ချက်‌ပေးရန် ငြင်းဆန်ခဲ့သည်။
“ကျွန်တော်ပြောနိုင်တာကတော့ ဘယ်လိုအရာမျိုးပဲဖြစ်ပါစေ အသင်းဘက်ကရော ကစားသမားဘက်ကပါ ကျေကျေနပ်နပ်ရှိမယ်ဆိုရင် အဆင်ပြေပါတယ်” ဟု ၎င်းက ပြောသည်။
ထို့နောက် အာဘီလိုအာက အလက်ဇန်းဒါး အာနိုးလ်နှင့် ပတ်သက်၍ ဆွေးနွေးပြောဆိုရာတွင် အာနိုးလ်မှာ ဘောလုံးနှင့်ပတ်သက်၍ ၎င်း၏အရည်အသွေးကို ပြသခဲ့ပြီးဖြစ်သော်လည်း တစ်ခါတစ်ရံတွင် ခံစစ်ပိုင်း အားနည်းနေပုံရသည်ဟု ဆိုသည်။
“သူက ပွဲကစားခွင့်နဲ့ ထိုက်တန်ပြီး သူ့ရဲ့စွမ်းဆောင်ရည်ကလည်း သံသယဖြစ်စရာမရှိပါဘူး။ ပွဲစဉ်တိုင်းက ကျွန်တော့်အတွက် သေရေးရှင်ရေးတမျှ အရေးကြီးပါတယ်။ ကျွန်တော် ကစားသမားတစ်ယောက်ကို ထည့်သွင်းကစားစေပြီဆိုရင် သူက ပွဲထွက်ခွင့်နဲ့ ထိုက်တန်တယ်လို့ ယုံကြည်တာကြောင့်ရယ်၊ အနိုင်ကစားမယ်လို့ ယူဆတာကြောင့်ရယ်ပါ” ဟု အာဘီလိုအာက ပြောသည်။ (Xinhua)

စပိန်နိုင်ငံ အယ်လ်ဘာစီတီမြို့တွင် အယ်လ်ဘာစီတီအသင်းနှင့် ရီးရဲလ်မက်ဒရစ်အသင်းတို့ ယှဉ်ပြိုင်ကစားသည့် စပိန်ဘုရင့်ဖလား ၁၆ သင်းအဆင့် ဘောလုံးပွဲစဉ်၌ ရီးရဲလ်မက်ဒရစ် နည်းပြချုပ် အယ်လ်ဗာရို အာဘီလိုအာ (ဝဲ-ပထမ) က ဒါနီ ကာဗာဟယ် (ဝဲ-ဒုတိယ) အား ညွှန်ကြားနေစဉ် (ဆင်ဟွာ)

စပိန်နိုင်ငံ မက်ဒရစ်မြို့တွင် ၂၀၂၆ ခုနှစ် ဧပြီ ၇ ရက်က ရီးရဲလ်မက်ဒရစ်နှင့် ဘိုင်ယန်မြူးနစ်အသင်းတို့ ယှဉ်ပြိုင်ကစားသည့် ၂၀၂၅/၂၀၂၆ ယူအီးအက်ဖ်အေ ချန်ပီယံလိဂ်ပြိုင်ပွဲ ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်၌ ရီးရဲလ်မက်ဒရစ်အသင်း ပရိသတ်များ အားပေးနေပုံကို တွေ့ရစဉ် (ဆင်ဟွာ)

……………………
(English Version)
Real Madrid coach Arbeloa: Alexander-Arnold deserves to play ahead of Carvajal
MADRID, April 23 (Xinhua) — The relationship between Real Madrid coach Alvaro Arbeloa and veteran right back Dani Carvajal was in the spotlight on Thursday ahead of Real Madrid’s La Liga home game against Betis.
The 34-year-old Carvajal has missed several months of the season after knee surgery and needs to prove his fitness if he is to have a chance of earning a call-up from Spain coach Luis de la Fuente for what would almost certainly be his last World Cup.
Former Real Madrid coach Xabi Alonso appeared to prefer Carvajal at right back when fully fit ahead of Trent Alexander-Arnold, but that has changed since Arbeloa replaced Alonso, with the veteran playing only 22 percent of the available minutes since his return.
The issue appeared to come to a head when player and coach exchanged words at the end of Real Madrid’s narrow 2-1 win over Alaves on Tuesday, when Carvajal played only the final 27 minutes.
“The reason Dani isn’t playing is that only 11 can play. That’s why I say that I am, and have to be, unfair to the players,” Arbeloa responded when asked about the situation.
“Carvajal is doing very well. He’s important both on and off the field. I’ve said more than once that he’s the most important academy graduate in the club’s history. I’ve always had a great relationship with him. I’ve always treated him with respect,” added Arbeloa, who rejected suggestions that he had left Carvajal out because of a poor relationship between them.
“I find it hard to believe that a coach makes lineups for anything other than footballing reasons… I see them train, and many of them do a great job. That’s all there is to it,” he insisted.
Carvajal is out of contract at the end of the season and has yet to sign a new deal, but Arbeloa declined to say whether he wanted him to remain at the club.
“I can only say that whatever makes the club and the player happy will be good,” he commented.
Arbeloa then discussed Alexander-Arnold, who has shown his quality on the ball but at times has looked vulnerable in defense.
“He deserves to play, his performance is beyond question. Every match is a matter of life and death for me. When I put a player in, it’s because I believe they deserve it and because I think it’s to win,” concluded Arbeloa.
English Caption 1
Real Madrid’s Trent Alexander-Arnold vies with Deportivo Alaves’s Victor Parada during La Liga football match between Real Madrid and Deportivo Alaves at Santiago Bernabeu stadium, in Madrid, Spain, on April 21, 2026. (Photo by Gustavo Valiente/Xinhua)
English Caption 2
Alvaro Arbeloa (1st L), head coach of Real Madrid, talks to Dani Carvajal (2nd L) during the Copa del Rey round of 16 football match between Albacete and Real Madrid in Albacete, Spain, Jan. 14, 2026. (Stringer/Xinhua)
English Caption 3
Fans of Real Madrid cheer for the team during the 2025/2026 UEFA Champions League quarterfinal first leg football match between Real Madrid and Bayern Munich in Madrid, Spain, April 7, 2026. (Xinhua/Cheng Min)