Myanmar
၂၀၂၄ ခုနှစ် နိုဝင်ဘာ ၂၇ ရက် အတွက် မြန်မာနိုင်ငံ ပြည်တွင်းသတင်းကောက်နုတ်ချက်
-ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး၏ အကြံပေးပုဂ္ဂိုလ် H.E. Mr. Dusit Manapan နှင့်အဖွဲ့ကို လက်ခံတွေ့ဆုံ (၂၇/၁၁/၂၀၂၄ – MRTV)
-တာချီလိတ်မြို့၌ မယ်ဆိုင်-မယ်ဟောက် ချောင်းတစ်လျှောက် မြန်မာနိုင်ငံဘက်မှ ထိုင်းနိုင်ငံ နယ်နိမိတ်အတွင်း ကျူးကျော်တည်ဆောက်ထားသည့် အဆောက်အအုံများ စတင်ဖယ်ရှား (၂၇/၁၁/၂၀၂၄ – MRTV)
-မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မသန်စွမ်းပြေးခုန်ပစ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနား တက်ရောက် (၂၇/၁၁/၂၀၂၄ – MOI)
-၂၀၂၄ ခုနှစ် နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲ နဝမနေ့တွင် အုပ်စု(စီ)မှ ကျောက်စိမ်း အတွဲပေါင်း ၆၉၄ တွဲ ရောင်းချနိုင်ခဲ့ ( ၂၇/၁၁/၂၀၂၄ – MWD)
-ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့ ရေကြီးရေလျှံမှုမှ ကာကွယ်နိုင်ရေး ကမ်းထိန်းတမံ၊ ရေလျှံတားနံရံနှင့် ရေထိန်းတံခါးများ စတင်တည်ဆောက်နိုင်ရေး အကြိုစစ်ဆေးတိုင်းတာခြင်းလုပ်ငန်းများအတွက် ကွင်းဆင်းစစ်ဆေး (၂၇/၁၁/၂၀၂၄ – MOI)
-ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် “Training on Effective Strategies for New Curriculum” သင်တန်းဆင်းပွဲအခမ်းအနားသို့ တက်ရောက်ချီးမြှင့် (၂၇/၁၁/၂၀၂၄ – MOI)
-မြန်မာ – ဗီယက်နမ်ကုန်စည်ပြပွဲ (၂၀၂၄) ဖွင့်ပွဲ ကျင်းပ ပြခန်းပေါင်း ၁၂၀ ဖြင့် ကုန်ပစ္စည်းအမှတ်တံဆိပ်ပေါင်း ၉၇ ခုပြသ (၂၆/၁၁/၂၀၂၄ – မြန်မာ့အလင်း)
-ဥပဒေရေးရာဝန်ကြီးဌာနနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံရှေ့နေချုပ်ရုံးတို့ ပူးပေါင်း၍ ဥပဒေဆိုင်ရာ ဟောပြောပွဲ ကျင်းပ (၂၆/၁၁/၂၀၂၄ – မြန်မာ့အလင်း)
-ထန်းတပင်မြို့နယ်တွင် ငါးနှင့် ပုစွန်မွေးမြူရေးကန် ဧရိယာ (၁၈,၅၃၀ ဒသမ ၃၈)ဧကအထိ ရှိလာ (၂၆/၁၁/၂၀၂၄ – မြန်မာ့အလင်း)
-နိုင်ငံတကာ “ရောင်စုံကမ္ဘာ” လူငယ်များ ဖိတ်ခေါ်ပန်းချီပြိုင်ပွဲ မြန်မာနိုင်ငံမှ ကျောင်းသား ကျောင်းသူများ ဆုများရရှိ (၂၆/၁၁/၂၀၂၄ – မြန်မာ့အလင်း)
-မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ငွေကျပ် ၁၄ ဒသမ ၅ ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူ ၃၃၂ ကီလိုကျော်နှင့် စိတ်ကြွရူးသွပ်ဆေးပြား ၄၁ သိန်းကျော် ဖမ်းဆီးရမိ (၂၆/၁၁/၂၀၂၄ – MRTV)