Connect with us

China

သမ္မတရှီ၏ နွေဦး သံခင်းတမန်ခင်းက မတည်ငြိမ်သော ကမ္ဘာကြီးအတွက် တည်ငြိမ်မှုများ ဖြည့်တင်းပေး

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် တရုတ်နိုင်ငံ မြို့တော်ပေကျင်းရှိ ပြည်သူ့ခန်းမဆောင်၌ ပြည်ပနိုင်ငံများမှ တရုတ်နိုင်ငံဆိုင်ရာ သံအမတ်ကြီးများ၏ သံအမတ်ခန့်အပ်လွှာကို လက်ခံပြီးနောက် မိန့်ခွန်းပြောကြားနေပုံကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မေ ၅ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မှုကို အင်တိုက်အားတိုက် လုပ်ဆောင်ခြင်း၊ ဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်းများကို မျှဝေခြင်း၊ သမာသမတ်ကျမှုနှင့် တရားမျှတမှုကို ထိန်းသိမ်းခြင်း စသည့် ကြိုးပမ်းအားထုတ်မှုများကို ဦးဆောင်ဦးရွက်ပြုရင်း ယခုနွေဦးရာသီ၌ အလုပ်များလျက်ရှိကာ ထိုနည်းအားဖြင့် မတည်ငြိမ်သော ကမ္ဘာကြီးအတွက် အရေးတကြီးလိုအပ်နေသော တည်ငြိမ်မှု၊ သေချာရေရာမှုတို့ကို ဖြည့်တင်းပေးလျက်ရှိသည်။
ဆက်ဆံရေးမြှင့်တင်ရန် အပြန်အလှန်ထိတွေ့ဆက်ဆံမှု တိုးမြှင့်ခြင်း
နိုင်ငံတကာအခင်းအကျင်းမှာ ကသောင်းကနင်း ဖြစ်ပေါ်နေခိုက် ရှီက ကမ္ဘာ့အင်အားကြီးနိုင်ငံများနှင့် မဟာဗျူဟာမြောက် ထိတွေ့ဆက်ဆံမှုကို နက်နက်ရှိုင်းရှိုင်းရှိစေခဲ့ပြီး အင်အားကြီးနိုင်ငံတစ်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံ၏ ခိုင်မာလေးနက်သော တာဝန်သိစိတ်ကို ထင်ထင်ရှားရှားပြသခဲ့သည်။
ယခုနှစ်သည် တရုတ်-ရုရှား မဟာဗျူဟာမြောက် ညှိနှိုင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေး ထူထောင်ခြင်း နှစ် ၃၀ ပြည့် အခါသမယနှင့် တရုတ်-ရုရှား အိမ်နီးချင်းကောင်းပီသရေးနှင့် ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်‌ရေး သဘောတူစာချုပ်၌ လက်မှတ်ရေးထိုးခြင်း ၂၅ နှစ်မြောက် အခါသမယလည်းဖြစ်ပေသည်။ ထို့အတူ တရုတ်နိုင်ငံနှင့် အမေရိကန်နိင်ငံတို့သည် APEC စီးပွားရေးခေါင်းဆောင်များ အစည်းအဝေးနှင့် G20 ထိပ်သီးအစည်းအဝေးတို့ကို အိမ်ရှင်အဖြစ် အသီးသီး လက်ခံကျင်းပသွားမည်ဖြစ်သည်။
ဖေဖော်ဝါရီ ၄ ရက်၌ သမ္မတရှီက ရုရှားနိုင်ငံ သမ္မတ ဗလာတီမာ ပူတင်နှင့် အွန်လိုင်းမှ တွေ့ဆုံဆွေးနွေးခဲ့သလို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့်လည်း တယ်လီဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့ရာ အင်အားကြီးနိုင်ငံများအကြား မဟာဗျူဟာမြောက် ထိတွေ့ဆက်ဆံမှုများ နက်နက်ရှိုင်းရှိုင်းရှိလာခဲ့သည်။
ထို့အတူ ပြည်ပမှရောက်ရှိလာသည့် အရေးကြီးဧည့်သည်တော်များကိုလည်း တခမ်းတနား ကြိုဆိုခဲ့သည်။
တောင်ကိုရီးယားနိုင်ငံ သမ္မတ လီဂျေမြောင်သည် ဇန်နဝါရီ ၄ ရက်မှ ၇ ရက်အထိ တရုတ်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ်အဖြစ် လာရောက်ခဲ့ရာ လွန်ခဲ့သည့် နှစ်လကျော်အတွင်း နှစ်နိုင်ငံခေါင်းဆောင်နှစ်ဦး အပြန်အလှန် ခရီးစဉ်သွားရောက်ခဲ့သည့် အမှတ်သင်္ကေတလည်းဖြစ်သည်။
အလားတူ အိုင်ယာလန်နိုင်ငံ ဝန်ကြီးချုပ် မိုက်ကယ် မာတင်သည်လည်း ဇန်နဝါရီ ၄ ရက်မှ ၈ ရက်အထိ တရုတ်နိုင်ငံသို့ တရားဝင်ခရီးစဉ်အဖြစ် လာရောက်ခဲ့ကာ ယင်းသည် ၁၄ နှစ်အတွင်း အိုင်ယာလန် ခေါင်းဆောင်တစ်ဦး၏ ပထမဆုံး တရုတ်နိုင်ငံခရီးစဉ်လည်းဖြစ်သည်။
ဖေဖော်ဝါရီ ၂၅ ရက်က ဂျာမနီနိုင်ငံ ဝန်ကြီးချုပ် ဖရီးဒရစ် မက်ဇ်နှင့် တွေ့ဆုံရာတွင်လည်း ရှီက မက်ဇ်၏ ခရီးစဉ်မှာ နွေဦးပွဲတော် ဆင်ယင်ကျင်းပသည့် အခါသမယနှင့် တိုက်ဆိုင်လျက်ရှိသည်ဟု မှတ်ချက်ပြုခဲ့သည်။ သို့ဖြစ်၍ အဆိုပါခရီးစဉ်သည် ဆွေမျိုးသားချင်းများ၊ မိတ်ဆွေသူငယ်ချင်းများ အပြန်အလှန် အလည်အပတ်သွားရောက်မှုနှင့် ပုံပမာခိုင်းနှိုင်း၍ ပြောဆိုနိုင်သည့်အတွက် တရုတ်-ဂျာမနီ ဆက်ဆံရေး၏ နီးနီးကပ်ကပ်ရှိ၍ အဆင့်အတန်းမြင့်မားသည့် သဘောသဘာဝကို ထင်ဟပ်စေသည်ဟု ရှီက ပြောကြားခဲ့သည်။
လေးနှစ်တာကာလအတွင်း တရုတ်နိုင်ငံသို့ စတုတ္ထအကြိမ် လာရောက်ခဲ့သည့် စပိန်နိုင်ငံ ဝန်ကြီးချုပ် ပက်ဒရို ဆန်းချက်ဇ်အား ဧပြီ ၁၄ ရက်၌ လက်ခံတွေ့ဆုံစဉ် ရှီက နိုင်ငံတကာအခြေအနေ ပြောင်းလဲရှုပ်ထွေးနေစေကာမူ တရုတ်-စပိန် ဆက်ဆံရေးမှာ တည်တည်ငြိမ်ငြိမ်ဖြင့် အစဉ်တစိုက် တိုးတက်ကောင်းမွန်လျက်ရှိရာ တရုတ်-အီးယူ ဆက်ဆံရေးကို တည်ငြိမ်မှု ဖြည့်တင်းပေးလျက်ရှိသည်ဟု ထည့်သွင်းပြောကြားခဲ့သည်။
နောက်တစ်နေ့၌ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်လည်းဖြစ်သူ ရှီက ဘုံဂရုပြု၍ ဘက်စုံအရေးကြီးသော မဟာဗျူဟာရေးရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဗီယက်နမ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်၊ ဗီယက်နမ်နိုင်ငံ သမ္မတ တိုလမ်နှင့် အချိန်ကြာမြင့်စွာ နက်နက်ရှိုင်းရှိုင်း အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ရာ အရေးကြီးဘုံသဘောတူညီမှုအသစ် အများအပြား ရရှိခဲ့သည်။
ထို့ပြင် ကနေဒါနိုင်ငံ ဝန်ကြီးချုပ် မာ့ခ်ကာနီ၊ ဖင်လန်နိုင်ငံ ဝန်ကြီးချုပ် ပက်ထရီ အော်ပို၊ ဗြိတိန်နိုင်ငံ ဝန်ကြီးချုပ် ကီယာ စတားမာ၊ ဥရုဂွေးနိုင်ငံ သမ္မတ ယာမန်ဒူ အော်ဆီ၊ မိုဇမ်ဘစ်နိုင်ငံ သမ္မတ ဒန်နီရယ် ချာပို စသည့် အခြားသော ပြည်ပခေါင်းဆောင် အများအပြားသည်လည်း ယခုနွေဦးရာသီ၌ တရုတ်နိုင်ငံသို့ အသီးသီးလာရောက်ခဲ့ကြသည်။
ထိုကဲ့သို့ ပြည်ပနိုင်ငံများမှ ခေါင်းဆောင်များ အဆက်မပြတ် ခရီးစဉ်လာရောက်ခြင်းက ငြိမ်းချမ်းမှု၊ တည်ငြိမ်မှုအတွက် ပြင်းပြသော တူညီဆန္ဒ၊ အပြန်အလှန်အကျိုးဖြစ်ထွန်းသော ပူးပေါင်းဆောင်ရွက်မှုများကို ထောက်ခံအားပေးမှု၊ တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ရန် ပိုမိုစိတ်အားထက်သန်လာမှုတို့ကို ထင်ဟပ်လျက်ရှိသည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
https://english.news.cn/20260505/d47f62ad2e894b8686f9ff852a3f0e06/c.html
………………
(English Version)
Xi’s spring diplomacy injects stability into volatile world
BEIJING, May 4 (Xinhua) — Chinese President Xi Jinping has been busy this spring, leading efforts to drive international cooperation, share development opportunities and uphold fairness and justice, thereby injecting much-needed stability and certainty into a volatile world.
ENHANCING COMMUNICATION TO BOOST TIES
Amid a turbulent international landscape, Xi has deepened strategic communication with major countries, demonstrating China’s strong sense of responsibility as a major country.
This year marks the 30th anniversary of the establishment of the China-Russia strategic partnership of coordination and the 25th anniversary of the signing of the China-Russia Treaty of Good-Neighborliness and Friendly Cooperation. China and the United States will host the APEC Economic Leaders’ Meeting and the G20 Summit, respectively.
On Feb. 4, Xi held a virtual meeting with Russian President Vladimir Putin and spoke by phone with U.S. President Donald Trump, deepening strategic communication among major powers.
Red carpets were rolled out for visiting dignitaries.
From Jan. 4 to 7, President of the Republic of Korea Lee Jae Myung paid a state visit to China, marking a reciprocal exchange of visits between the two heads of state within just over two months.
From Jan. 4 to 8, Taoiseach of Ireland Micheal Martin paid an official visit to China, the first by an Irish Taoiseach in 14 years.
In a meeting with German Chancellor Friedrich Merz on Feb. 25, Xi noted that Merz’s visit coincided with the period of Spring Festival celebrations. The visit could be likened to an exchange between relatives and friends, reflecting the close and high-level nature of China-Germany relations, according to Xi.
On April 14, in a meeting with Spanish Prime Minister Pedro Sanchez, who was on his fourth visit to China in four years, Xi said that despite the shifting and turbulent international situation, China-Spain relations have developed steadily all along, injecting stability into China-EU relations.
The next day, Xi, also general secretary of the Communist Party of China Central Committee, had a long and in-depth exchange of views on the strategic issues of common concern and overall importance with General Secretary of the Communist Party of Vietnam Central Committee and Vietnamese President To Lam, reaching many new and important common understandings.
Many other foreign leaders, including Canadian Prime Minister Mark Carney, Finnish Prime Minister Petteri Orpo, U.K. Prime Minister Keir Starmer, Uruguayan President Yamandu Orsi, and Mozambican President Daniel Chapo, also visited China in this spring.
The steady stream of visits by foreign leaders reflects a shared aspiration for peace and stability, support for win-win cooperation, and growing enthusiasm in engaging in cooperation with China.
https://english.news.cn/20260505/d47f62ad2e894b8686f9ff852a3f0e06/c.html
English Caption
Chinese President Xi Jinping delivers a speech after receiving the credentials of 18 new ambassadors to China at the Great Hall of the People in Beijing, capital of China, Jan. 16, 2026. (Xinhua/Li Xiang)