Connect with us

China

သက်တမ်းကြာမြင့်သော အားကစား၊ China Open ပြိုင်ပွဲက ဂေါက်သီးရိုက်အားကစား တိုးတက်မှုကို မည်သို့ပုံဖော်ပေးသနည်း

တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ရှိ Enhance Anting ဂေါက်ကလပ်၌ ၃၁ ကြိမ်မြောက် Volvo China Open ဂေါက်သီးရိုက်ပြိုင်ပွဲ ကျင်းပနေပုံကို ၂၀၂၆ ခုနှစ် ဧပြီ ၂၆ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- Handout via Xinhua)

ပေကျင်း၊ ဧပြီ ၂၉ ရက် (ဆင်ဟွာ)

ဂေါက်သီးအားကစားက အားကစားလောက၏ သီးသန့်အဝန်းအဝိုင်းတစ်ခုကိုသာ လွှမ်းမိုးနေရာယူနိုင်ဆဲဖြစ်သည့် တရုတ်နိုင်ငံတွင် တိတ်တဆိတ် အသွင်ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်လျက်ရှိကာ ထိုသို့အသွင်ပြောင်းလဲမှုအား ဘာဒီ (birdie) ၊ ဘိုဂီ (bogey) စသည်တို့ဖြင့်သာမကဘဲ စိတ်ရှည်မှု၊ မဆုတ်မနစ်ကြိုးစားမှု၊ ရေရှည်မျှော်မှန်းချက်တို့ဖြင့်လည်း အကဲဖြတ်လျက်ရှိသည်။
ရှန်ဟိုင်းမြို့၌ ဧပြီ ၂၃ ရက်မှ ၂၆ ရက်အထိ ကျင်းပခဲ့သည့် ၃၁ ကြိမ်မြောက် Volvo China Open ပြိုင်ပွဲက တရုတ်နိုင်ငံတွင် ဂေါက်သီးအားကစား၏ လွှမ်းမိုးနေရာယူမှု တဖြည်းဖြည်း ချဲ့ထွင်လာပုံကို စိတ်ဝင်စားဖွယ် လေ့လာနိုင်မည့် အခွင့်အလမ်းတစ်ခုကို ပေးစွမ်းလျက်ရှိသည်။
“ဆယ်စုနှစ်သုံးခုကျော်အကြာမှာ China Open ပြိုင်ပွဲဟာ အလားအလာတွေ ပြည့်နှက်နေပြီး ဆက်လက်တိုးတက်နေတဲ့ အသက် ၁၈ နှစ်သား ဂေါက်သီးရိုက်အားကစားသမား တစ်ယောက်လိုပါပဲ။ ဒါပေမဲ့ မသေချာမရေရာမှုတွေ လုံးဝမရှိတာမျိုးတော့ မဟုတ်ဘူးပေါ့” ဟု အဆိုပါပြိုင်ပွဲ၏ ဥက္ကဋ္ဌဖြစ်သူ ကျောက်ချင်က ဆင်ဟွာသို့ ပြောသည်။
ကျောက်၏ သုံးသပ်အကဲဖြတ်မှုက ထိုပြိုင်ပွဲ၏ တိုးတက်ပြောင်းလဲမှုကို ဖြည့်ဆည်းပံ့ပိုးပေးနေသည့် ရည်ရွယ်ချက်အား ထင်ဟပ်စေသည်။ “ကျွန်မတို့အနေနဲ့ ရေတိုအားဖြင့် ချီးကျူးခံရတာထက် ရေရှည်တွေးခေါ်မြော်မြင်မှုနဲ့ လမ်းညွှန်ထိန်းကျောင်းပေးထားတဲ့ တိုးတက်မှုကို ဖော်ဆောင်မယ့် ကတိကဝတ်ကိုပဲ အာရုံစိုက်ထားပါတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
၁၉၉၅ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည့် Volvo China Open ပြိုင်ပွဲသည် တရုတ်ပြည်မကြီး၌ သက်တမ်းအကြာမြင့်ဆုံး ပရော်ဖက်ရှင်နယ်အဆင့် နိုင်ငံတကာ ဂေါက်သီးရိုက်ပြိုင်ပွဲအဖြစ် ရပ်တည်နေဆဲဖြစ်ကာ DP World Tour နှင့် China Tour အဖွဲ့အစည်းတို့၏ ပူးတွဲခွင့်ပြုချက်ဖြင့်ကျင်းပသည့် ပြိုင်ပွဲတစ်ခုလည်းဖြစ်သည်။
ယခုနှစ်ပြိုင်ပွဲတွင် နိုင်ငံနှင့် ဒေသပေါင်း ၂၈ ခုမှ ဂေါက်သီးရိုက်အားကစားသမား ၁၅၆ ဦးသည် Enhance Anting ဂေါက်ကလပ်၌ စုဝေးရောက်ရှိခဲ့ကာ စုစုပေါင်း ဆုကြေးပမာဏ အမေရိကန်ဒေါ်လာ ၂.၇၅ သန်းအတွက် ယှဉ်ပြိုင်ခဲ့ကြပြီး ချန်ပီယံဆုရရှိသူအား အမေရိကန်ဒေါ်လာ ၄၆၇,၅၀၀ ချီးမြှင့်ခဲ့ကြောင်း သိရသည်။
အပြောင်းအလဲကို ရှာဖွေခြင်း
လွန်ခဲ့သော ၃၁ နှစ်က ပြိုင်ပွဲစတင်ကျင်းပချိန်၌ ဂေါက်သီးအားကစားသည် တရုတ်ပြည်သူများအကြား ရေပန်းမစားသေးသည့် အားကစားနည်းတစ်ခုဖြစ်ခဲ့သည်။ တစ်နိုင်ငံလုံးတွင် ဂေါက်ကွင်း ၁၀ ကွင်းပင်မပြည့်ဘဲ ထိုစဉ်က လက်တွေ့ကစားနေသည့် ဂေါက်သီးအားကစားသမား ဦးရေမှာလည်း ၁၀၀,၀၀၀ မျှသာရှိသည်။ ယနေ့ခေတ်တွင်မူ ထိုအရေအတွက်မှာ သန်းနှင့်ချီကာ တစ်ဟုန်ထိုးများပြားလာခဲ့ပြီး ထိုကဲ့သို့ ပြောင်းလဲလာခြင်းမှာ China Open ပြိုင်ပွဲ တည်ရှိနေခြင်းနှင့် တစ်စိတ်တစ်ပိုင်း သက်ဆိုင်သည်ဟု ကျောက်က ဆိုသည်။
အစောပိုင်းနှစ်များတွင် ထိုပြိုင်ပွဲသည် တရုတ်ကစားသမားများအနေဖြင့် ကမ္ဘာ့အားကစားကို စူးစမ်းလေ့လာနိုင်သည့် ရှားရှားပါးပါး အခွင့်အလမ်းတစ်ခု ဖြစ်ခဲ့သော်လည်း အချိန်ကြာမြင့်လာသည်နှင့်အမျှ ထိုပြိုင်ပွဲသည် ပြည်တွင်းမှ ထူးချွန်အားကစားသမားများကို နိုင်ငံတကာပြိုင်ပွဲနှင့် ချိတ်ဆက်ပေးသည့် ပေါင်းကူးတံတားအဖြစ် ဆင့်ကဲပြောင်းလဲလာခဲ့ပြီး ပရိသတ်များကိုလည်း ဂေါက်သီးအားကစား၏ သိမ်မွေ့နက်နဲသော ကွဲပြားမှုနှင့် ဆွဲဆောင်မှုတို့ကို လှစ်ဟပြခဲ့သည်။
ယခုနှစ်ပြိုင်ပွဲတွင် တရုတ်ဂေါက်သီးရိုက်အားကစားသမား ၄၀ ကျော် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး DP World Tour အဖွဲ့အစည်းမှ ချန်ပီယံကစားသမားများနှင့်အတူ လေ့ကျင့်ရင်း ပြိုင်ပွဲဝင်ခဲ့ကြသည်။ သို့ဖြစ်၍ ထိုအတွေ့အကြုံမှာ တရုတ်ဂေါက်သီးရိုက်ကစားသမားများအတွက် နှိမ့်ချအတုယူစရာဖြစ်သလို မျက်စိဖွင့်ပေးသော အရာလည်းဖြစ်သည်။
“သူတို့အနေနဲ့ ကွာဟချက်ကို သိမြင်နိုင်သလို အဲဒီထက်ပိုပြီး အရေးကြီးတာကတော့ အဲဒီကွာဟချက်ကို ဘယ်လိုကျဉ်းမြောင်းအောင် လုပ်မလဲဆိုတာကို နားလည်သွားစေတာပါပဲ” ဟု ကျောက်က ဆိုသည်။ တစ်ချိန်တည်းတွင် ထိပ်တန်းအဆင့် စွမ်းဆောင်မှုများက ပရိသတ်များအကြား စိတ်ဝင်စားမှုပိုရလာအောင် အထောက်အကူပေးခဲ့ပြီး နောက်ထပ်မျက်နှာသစ်ကစားသမားများကိုလည်း ဂေါက်ကွင်းများဆီသို့ ဆွဲဆောင်နိုင်ခဲ့သည်။
လွန်ခဲ့သည့် ဆယ်စုနှစ်သုံးခုအတွင်း ပြိုင်ပွဲဝင်ဦးရေ သိသိသာသာတိုးလာရုံမျှမက ပြိုင်ပွဲစံချိန်စံနှုန်းများသည်လည်း သိသိသာသာ မြင့်မားလာခဲ့သည်။ Cheng Jun နှင့် Zhang Lianwei တို့ကဲ့သို့ ရှေ့ဆောင်လမ်းပြ ကစားသမားများမှသည် Wu Ashun နှင့် Li Haotong တို့ကဲ့သို့ ယနေ့ခေတ် ပြိုင်ပွဲဝင်များအထိ တရုတ်ဂေါက်သီးရိုက်အားကစားလောကသည် ကမ္ဘာ့ထိပ်တန်းအဆင့် ကစားသမားများနှင့် ကွာဟချက်ကို တဖြည်းဖြည်း လျှော့ချနိုင်ခဲ့သည်။
အဆိုပါ တိုးတက်မှုမှာ ကမ္ဘာ့ဇာတ်ခုံ၌ ပို၍မြင်သာထင်သာရှိလာခဲ့သည်။ တရုတ်ဂေါက်သီးအားကစားများသည် DP World Tour နှင့် PGA Tour အဖွဲ့အစည်းနှစ်ခုစလုံးတွင် အဖွဲ့ဝင်ဖြစ်ခွင့် ရရှိခဲ့သလို မေဂျာပြိုင်ပွဲများ ယှဉ်ပြိုင်ခွင့်လမ်းကြောင်းများသည်လည်း စွမ်းဆောင်ရည်အပေါ်တွင် ပိုမိုအခြေခံလာခဲ့သည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
https://english.news.cn/20260428/e606210e553447e9ba049d9ad7196efb/c.html

၃၁ ကြိမ်မြောက် Volvo China Open ဂေါက်သီးရိုက်ပြိုင်ပွဲတွင် တရုတ်ဂေါက်သီးရိုက်အားကစားသမား Wu Ashun ပြိုင်ပွဲဝင်နေပုံကို ၂၀၂၆ ခုနှစ် ဧပြီ ၂၆ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- Handout via Xinhua)

Volvo China Open ချန်ပီယံ ဩစတြီးယား ဂေါက်သီးရိုက်အားကစားသမား ဘန်းဒ် ဝေးစ်ဘာဂါ အမှတ်တရဓာတ်ပုံရိုက်နေသည်ကို ၂၀၂၆ ခုနှစ် ဧပြီ ၂၆ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- Handout via Xinhua)

…………………
(English Version)
The long game: How China Open is charting golf’s rise
BEIJING, April 28 (Xinhua) — In China, where golf still occupies a niche corner of the sporting landscape, a quiet transformation is underway, one measured not just in birdies and bogeys, but in patience, persistence and long-term vision.
The 31st edition of the Volvo China Open, held from April 23 to 26 in Shanghai, offers a compelling window into how the sport is steadily expanding its reach in the country.
“After more than three decades, I see the China Open as something like an 18-year-old golfer, still developing, full of promise, yet not without uncertainty,” tournament chairperson Zhao Qin told Xinhua.
Zhao’s assessment captures the ambition that underpins the event’s evolution. “We focus on a commitment to growth guided by long-term thinking rather than short-term acclaim,” she added.
Founded in 1995, the Volvo China Open remains the longest-running international professional golf tournament on the Chinese mainland and a co-sanctioned event by the DP World Tour and the China Tour.
This year, 156 players from 28 countries and regions gathered at the Enhance Anting Golf Club, competing for a purse of 2.75 million U.S. dollars, with 467,500 dollars awarded to the champion.
FIND THE SWING
When the tournament first teed off 31 years ago, golf was very much a fringe sport to the Chinese public. Fewer than 10 courses dotted the country, and the number of active players barely reached 100,000. Today, that figure has surged into the millions, a shift Zhao attributes in part to the China Open’s presence.
In its early years, the tournament served as a rare portal through which Chinese players could glimpse the global game. Over time, it has evolved into a bridge, connecting domestic talent with international competition, and exposing audiences to the sport’s nuances and appeal.
More than 40 Chinese players featured in this year’s field, practicing and competing alongside champions from the DP World Tour. For many, the experience is both humbling and instructive.
“They can see the gap, and more importantly, understand how to close it,” Zhao said. At the same time, elite-level performances have helped spark curiosity among spectators, drawing more newcomers to the fairways.
The past three decades have witnessed not only a surge in participation but also a marked rise in competitive standards. From pioneers such as Cheng Jun and Zhang Lianwei to modern contenders like Wu Ashun and Li Haotong, Chinese golf has steadily narrowed the gap with the world’s elite.
That progress is increasingly visible on the global stage. Chinese players have secured memberships on both the DP World Tour and the PGA Tour, while qualification pathways to majors have become more merit-based.
https://english.news.cn/20260428/e606210e553447e9ba049d9ad7196efb/c.html
English Caption 1
Photo shows the 31st Volvo China Open held at Enhance Anting Golf Club in Shanghai, April 26, 2026. (Handout via Xinhua)
English Caption 2
China’s Wu Ashun in action during the 31st Volvo China Open, April 26, 2026. (Handout via Xinhua)
English Caption 3
Volvo China Open champion Bernd Wiesberger of Austria poses for photos, April 26, 2026. (Handout via Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.