Myanmar
၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁၀ ရက် အတွက် မြန်မာနိုင်ငံ ပြည်တွင်းသတင်းကောက်နုတ်ချက်
-ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့ ဘိုကလေးပညာရေးဒီဂရီကောလိပ်၏ (၄)နှစ်သင်ပညာရေးဒီဂရီကောလိပ် ပထမနှစ်သင်တန်းသား/သူများ မောင်မယ်သစ်လွင်ကြိုဆိုပွဲသို့တက်ရောက်(၁၀/၁၂/၂၀၂၄ -MOI)
-ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ကုန်ဈေးနှုန်းတည်ငြိမ်ရေးနှင့်ကုန်စည်စီးဆင်းမှု မှန်ကန်မြန်ဆန်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်၊ နှစ် (၅၀) ပြည့် ရွှေရတုရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ ကြည့်ရှုအားပေး (၁၀/၁၂/၂၀၂၄ – MOI)
-တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ၏ (၅/၂၀၂၄) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက် (၁၀/၁၂/၂၀၂၄ – MOI)
-မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းပေးအပ်ပွဲ အခမ်းအနား တက်ရောက် (၁၀/၁၂/၂၀၂၄ – MOI)
-သဘာဝဘေးရေကြီးနစ်မြုပ်မှုကြောင့် နွားများသေဆုံးမှုကို ပြန်လည်ဖြည့်ဆည်းရေးအတွက် တိရစ္ဆာန်နှင့်ဆေးများထောက်ပံ့ (၁၀/၁၂/၂၀၂၄ – MOI)
-မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ ကိုရီးယားနိုင်ငံ ဗဟိုဘဏ် (Bank of Korea)နှင့် အရှေ့တောင်အာရှ ဗဟိုဘဏ်များအဖွဲ့ (The SEACEN Center) တို့မှ ကြီးမှူးကျင်းပသည့် (၆၀)ကြိမ်မြောက် အရှေ့တောင်အာရှ ဗဟိုဘဏ်များအဖွဲ့ ဗဟိုဘဏ်ဥက္ကဋ္ဌများကွန်ဖရင့်၊ အဆင့်မြင့်အရာထမ်းများ ဆွေးနွေးပွဲနှင့် (၄၄)ကြိမ်မြောက် အရှေ့တောင်အာရှ ဗဟိုဘဏ်များအဖွဲ့ ဥက္ကဋ္ဌ အစည်းအဝေးသို့ တက်ရောက် (၁၀/၁၂/၂၀၂၄ – MOI)
-မြန်မာအသင်းယှဉ်ပြိုင်မည့် ၂၀၂၇ အာရှဖလား တတိယအဆင့် ခြေစစ်ပွဲ အုပ်စု မဲခွဲမှုအရ မြန်မာအသင်း အုပ်စု(E)တွင် ကျရောက် ( ၁၀/၁၂/၂၀၂၄ – MRTV )
-ပေါင်မြို့နယ်တွင် (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုသောအားဖြင့် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲပြုလုပ် ( ၁၀/၁၂/၂၀၂၄ – MRTV )
-၂ဝ၂၄ ခုနှစ်၊ ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်ဖွင့်ပွဲအခမ်းအနား ကျင်းပ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့် ( ၉/၁၂/၂၀၂၄ – MRTV )
-အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြား ( ၉/၁၂/၂၀၂၄ – MRTV )