Myanmar
မြန်မာနိုင်ငံ အလယ်ပိုင်းတွင် စိတ်ကြွရူးသွပ်ဆေးပြား ၁၇၀,၀၀၀ ကျော် ဖမ်းဆီးရမိ
ရန်ကုန်၊ ဖေဖော်ဝါရီ ၄ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ အလယ်ပိုင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် စိတ်ကြွရူးသွပ်ဆေးပြား ၁၇၀,၀၀၀ ကျော် ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးအလွဲသုံးမှုထိန်းချုပ်ရေး ဗဟိုကော်မတီ (CCDAC) က ဖေဖော်ဝါရီ ၄ ရက်၌ သတင်းဖော်ပြခဲ့သည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့သည် ဖေဖော်ဝါရီ ၂ ရက်က ချမ်းမြသာစည်မြို့နယ်ရှိ တည်းခိုခန်းတစ်ခုကို သတင်းအရဝင်ရောက်ရှာဖွေခဲ့ရာ စိတ်ကြွရူးသွပ်ဆေးပြား ၂,၀၀၀ ပြား သိမ်းဆည်းရမိခဲ့ပြီး သံသယရှိသူတစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။
ထို့ပြင် စစ်ဆေးဖော်ထုတ်ချက်အရ ပုသိမ်ကြီးမြို့နယ်တွင် သံသယရှိသူ၏ နေအိမ်တွင် စိတ်ကြွရူးသွပ်ဆေးပြား ၁၇၁,၀၀၀ ပြား ထပ်မံတွေ့ရှိသိမ်းဆည်းခဲ့ကြောင်း သတင်း၌ ဖော်ပြထားသည်။
အဆိုပါ ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများမှာ ဒေသကာလပေါက်ဈေး ကျပ် ၃၄၆ သန်းကျော်ရှိကြောင်း သိရသည်။
ယင်းအမှုနှင့်စပ်လျဉ်း၍ ဖမ်းဆီးရမိသူအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားပြီး ကွင်းဆက်များကို ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သတင်း၌ ဖြည့်စွက်ဖော်ပြထားသည်။ (Xinhua)
………………………
(English Version)
Over 170,000 stimulant tablets seized in central Myanmar
YANGON, Feb. 4 (Xinhua) — Myanmar authorities have seized over 170,000 stimulant tablets in the central Mandalay region, the Central Committee for Drug Abuse Control (CCDAC) reported on Tuesday.
Acting on a tip-off, the anti-narcotics police raided a guesthouse in Chanmyathazi township on Sunday, confiscating 2,000 stimulant tablets and arresting a suspect.
Further investigation led to the discovery of 171,000 more tablets at the suspect’s house in Patheingyi township, the report said.
The seized drugs had a street value of over 346 million kyats (about 0.164 million U.S. dollars), it said.
The suspect has been charged under the country’s laws, and a further investigation was ongoing, the report added.