Connect with us

China

တရုတ်နိုင်ငံ၏ နည်းပညာအချက်အချာမြို့က ဆန်းသစ်တီထွင်မှု မြှင့်တင်ရေး စီမံဆောင်ရွက်မှုများ ထုတ်ဖော်ကြေညာ

တရုတ်နိုင်ငံ အရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ် ဟန်ကျိုးမြို့တွင် တတိယအကြိမ်မြောက် ကမ္ဘာ့ဒစ်ဂျစ်တယ်ကုန်စည်ပြပွဲ၌ လူသားပုံစံတူစက်ရုပ်ပြခန်းဧရိယာကို ၂၀၂၄ ခုနှစ် စက်တင်ဘာ ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဟန်ကျိုး၊ ဖေဖော်ဝါရီ ၁၁ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ အရှေ့ပိုင်း တရုတ်နည်းပညာမြို့ဖြစ်ပြီး e-commerce လုပ်ငန်းကြီး အလီဘာဘာနှင့် ဉာဏ်ရည်တုနည်းပညာ (AI) နာမည်ကျော် DeepSeek တည်ရှိရာ ဟန်ကျိုးမြို့က အဆင့်မြင့် ဆန်းသစ်တီထွင်မှု အချက်အချာအဖြစ် ၎င်း၏ အနေအထားကို တစ်ဆင့်တိုးမြှင့်တင်သည့်အနေဖြင့် စီမံဆောင်ရွက်မှုများစွာကို ကြေညာလိုက်ကြောင်း သိရသည်။
အဆိုပါ ဆောင်ရွက်မှုများမှာ အဆင့်မြင့် တီထွင်ဆန်းသစ်မှုပလက်ဖောင်းများ မြှင့်တင်ခြင်း၊ နည်းပညာလွှဲပြောင်းမှုနှင့် အသုံးပြုမှုများ တိုးမြှင့်ခြင်း၊ နည်းပညာဆိုင်ရာ ဆန်းသစ်မှု၏ အဓိကမောင်းနှင်အားများအဖြစ် စီးပွားရေးလုပ်ငန်းများ၏ အခန်းကဏ္ဍ အားကောင်းစေခြင်း စသည်တို့အတွက် ရည်ရွယ်ခြင်းဖြစ်ကြောင်း ဟန်ကျိုးမြို့ သိပ္ပံနှင့် နည်းပညာဗျူရို အကြီးအကဲ လိုရှို့ဟွာက သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/04s
………………………..
(English Version)
China’s tech hub unveils measures to boost innovation
HANGZHOU, Feb. 10 (Xinhua) — The eastern Chinese tech city of Hangzhou, home to e-commerce giant Alibaba and rising AI star DeepSeek, has announced a series of measures to further elevate its status as a high-level innovation hub.
The measures are aimed at enhancing high-level innovation platforms, promoting the technology transfer and application, and strengthening the role of enterprises as the main drivers of technological innovation, Lou Xiuhua, head of the municipal bureau of science and technology, said at a press conference. xhtxs.cn/04s
Photo: The exhibition area of humanoid robots is pictured at the third Global Digital Trade Expo in Hangzhou, east China’s Zhejiang Province, Sept. 25, 2024. (Xinhua/Xu Yu)