Connect with us

Culture & Entertainment

စစ်ကိုင်းတိုင်းဒေသကြီး ရှိ အပူပိုင်းဇုန်အတွင်း ကျရောက်လျက်ရှိသော ဒေသများ ရေရရှိရေးအတွက် လုပ်ဆောင်မည်

ရေရရှိရေးဆောင်ရွက်နေမှုတစ်ခုအားတွေ့ရစဉ် (ဓာတ်ပုံ--MOI)

ရန်ကုန်၊ ဧပြီ ၁၁ ရက် (ဆင်ဟွာ)

စစ်ကိုင်းတိုင်းဒေသကြီး ရှိအပူပိုင်းဇုန်အတွင်း ကျရောက်လျက်ရှိသော ဒေသများ ရေရရှိရေးအတွက် လုပ်ဆောင်ပေးမည်ဖြစ် ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

အပူပိုင်းဇုန်အတွင်းသို့ ကျရောက် လျက်ရှိသော စစ်ကိုင်းတိုင်းဒေသကြီး အတွင်းမှ ခရိုင်(၄)ခုရှိ မြို့နယ် (၁၇) မြို့နယ်တွင် ဘဏ္ဍာနှစ်အလိုက် ကျေးလက်ဒေသများ ရရှိရေးကိုနည်းလမ်း(၅)သွယ်ဖြင့် လုပ်ဆောင်ပေးလျက်ရှိရာ ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ် ဧပြီလမှ စက်တင်ဘာအထိ (၆)လတာအတွင်း ရေကန်ငယ်နှင့် နှုန်းတား ဆည်(၃၅)ခု၊ မိုးရေစုကန် (၃)ကန် တိမ်ကောရေကန် ပြန်လည်ဆည်ယူခြင်း (၂)ခုတို့ကို လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီး စိမ်းလန်းစိုပြည်ရေး ဦးစီးဌာနမှ သိရသည်။

၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်တွင် အပူပိုင်း ဒေသ စိမ်းလန်းစိုပြည်ရေးအတွက် အကောင်အထည်ဖော် လုပ်ဆောင် ပေးမည့် မိုးရေစုကန်နှင့် နှုန်းတားဆည်များကို ရွှေဘိုခရိုင်၊ ယင်းမာပင်ခရိုင်၊ မုံရွာခရိုင်နှင့် စစ်ကိုင်းခရိုင်အတွင်း နှုန်းတားဆည်နှင့် ရေကန်ငယ် (၃၅)ခု၊ မိုးရေစုကန် (၃)ခုနှင့် တိမ်ကောရေကန် ပြန်လည်တူးဖော်ခြင်း (၂)ခုတို့ကို လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.