Connect with us

Africa & Middle East

ဟစ်ဇ်ဘိုလာအဖွဲ့က အစ္စရေးဝန်ကြီးချုပ် ပြောဆိုချက်ကို ပယ်ချ၊ တိုက်ခိုက်မှုမှာ တရားဝင်တုံ့ပြန်မှုဖြစ်သည်ဟုဆို

အစ္စရေး-လက်ဘနွန်နယ်စပ်ဒေသ အစ္စရေးဘက်ခြမ်းတွင် စုစည်းထားသော အစ္စရေးစစ်တပ် တပ်ဖွဲ့ကို ၂၀၂၆ ခုနှစ် ဧပြီ ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဘေရွတ်၊ ဧပြီ ၂၇ ရက် (ဆင်ဟွာ)

လက်ဘနွန် ဟစ်ဇ်ဘိုလာအဖွဲ့သည် ဧပြီ ၂၆ ရက်တွင် ကြေညာချက်ထုတ်ပြန်၍ အစ္စရေး ဝန်ကြီးချုပ် နေတန်ယာဟု၏ အစ္စရေးဘက်က လက်ဘနွန်တွင် “လွတ်လပ်စွာလှုပ်ရှားပိုင်ခွင့်ရှိသည်” ဟူသော ပြောဆိုချက်ကို ပယ်ချခဲ့ပြီး ဟစ်ဇ်ဘိုလာအဖွဲ့က အစ္စရေးအား တိုက်ခိုက်ခြင်းသည် အစ္စရေးဘက်က အပစ်ရပ်ရေး သဘောတူညီချက်အား အကြိမ်များစွာချိုးဖောက်မှုအတွက် “တရားဝင် တုံ့ပြန်မှု” ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု လက်ဘနွန် ဟစ်ဇ်ဘိုလာအဖွဲ့ပိုင် Al-Manar TV ၏ ထိုနေ့ သတင်းဖော်ပြချက်အရ သိရသည်။

နေတန်ယာဟုသည် ထိုနေ့တွင် လက်ဘနွန် ဟစ်ဇ်ဘိုလာအဖွဲ့က အပစ်ရပ်ရေး သဘောတူညီချက်အား ချိုးဖောက်နေသည်ဟု ထောက်ပြခဲ့ပြီး အစ္စရေးဘက်က အမေရိကန်၊ လက်ဘနွန်အစိုးရတို့နှင့် ရရှိထားသည့် သဘောတူညီချက်နှင့်အညီ “အပြုသဘောဆောင်သော လှုပ်ရှားမှု” လုပ်ဆောင်လျက်ရှိကြောင်း၊ “ဒါကလည်း ကျွန်တော်တို့မှာ လွတ်လပ်စွာလှုပ်ရှားပိုင်ခွင့်ရှိတာကို ဆိုလိုနေပါတယ်၊ တိုက်ခိုက်မှုအပေါ် တုံ့ပြန်နိုင်တဲ့အပြင်…အရေးတကြီးဖြစ်နေတဲ့ ခြိမ်းခြောက်မှုကိုလည်း ဖျက်ဆီးနိုင်ကာ အသစ်ပေါ်ထွက်လာတဲ့ ခြိမ်းခြောက်မှုကိုလည်း ဖယ်ရှားနိုင်ပါတယ်” ဟု ပြောကြားခဲ့သည်။
လက်ဘနွန် ဟစ်ဇ်ဘိုလာအဖွဲ့က အထက်ပါပြောဆိုချက်ကို ပြစ်တင်ရှုတ်ချခဲ့ပြီး အစ္စရေးအနေဖြင့် လက်ဘနွန်အစိုးရကို အစ္စရေးနှင့် အမေရိကန်တို့သာ ရရှိထားပြီး လက်ဘနွန်ဘက်က ပါဝင်ထားခြင်းမရှိသလို အသိအမှတ်‌ပြုခြင်းလည်းမရှိတဲ့ သဘောတူညီချက်ထဲ ဆွဲသွင်းဖို့ လုပ်ဆောင်နေတာကြောင့် “အလွန်အမင်း အန္တရာယ်များတဲ့ လုပ်ဆောင်ချက်” ဖြစ်သည်ဟု သတိပေးပြောကြားခဲ့သည်။

အပစ်ရပ်မှု စတင်အသက်ဝင်လာကတည်းက အစ္စရေး၏ ချိုးဖောက်မှုလုပ်ရပ်သည် အကြိမ် ၅၀၀ ကျော်ရှိပြီးဖြစ်ကာ အမြောက်ဖြင့်တိုက်ခိုက်မှု၊ အရပ်သားပြည်သူ နေအိမ်များ ဖျက်ဆီးမှုနှင့် ထိခိုက်သေဆုံးမှုဖြစ်စေသည့် တိုက်ခိုက်မှုလည်း ပါဝင်ကြောင်း ကြေညာချက်တွင် ထောက်ပြထားသည်။
အပစ်ရပ်မှုကို သက်တမ်းတိုးခြင်းသည် စစ်မှန်သော အပစ်ရပ်မှု ဖော်ဆောင်ခြင်းအား တွန်းအားပေးရန်၊ ထိုမှတစ်ဆင့် အစ္စရေးက ၎င်းတို့သိမ်းပိုက်ထားသည့် လက်ဘနွန်၏ ပိုင်နက်နယ်မြေမှ ဆုတ်ခွာရန် မူလက ရည်ရွယ်ကြောင်း၊ သို့သော် အစ္စရေးဘက်ကမူ စစ်ရေးလှုပ်ရှားမှုကို အဆင့်မြှင့်တင်ခဲ့ကြောင်း လက်ဘနွန် ဟစ်ဇ်ဘိုလာအဖွဲ့က ပြောကြားခဲ့သည်။

ဒေသစံတော်ချိန် ဧပြီ ၁၇ ရက် ၀ နာရီတွင် ၁၀ ရက်ကြာသက်တမ်းရှိသည့် လက်ဘနွန်-အစ္စ‌ရေး အပစ်ရပ်မှု စတင်အသက်ဝင်ခဲ့သည်။ သို့သော် အစ္စရေးဘက်က လက်ဘနွန် ဟစ်ဇ်ဘိုလာအဖွဲ့သည် အပစ်ရပ်မှု သဘောတူညီချက်ကို ချိုးဖောက်နေသည်ဟူသော အကြောင်းပြချက်ဖြင့် တိုက်ခိုက်မှု ဆက်လက်လုပ်ဆောင်ခဲ့သည်။ အမေရိကန် သမ္မတ ထရမ့်က ဧပြီ ၂၃ ရက်တွင် လက်ဘနွန်-အစ္စရေး အပစ်ရပ်မှုသည် သီတင်းပတ်သုံးပတ် သက်တမ်းတိုးကြောင်း ကြေညာခဲ့သည်။
မတ် ၂ ရက်တွင် လက်ဘနွန်-အစ္စရေး စစ်မီးပြန်လည်လောင်ကျွမ်းလာကတည်းက လက်ဘနွန်အပေါ် အစ္စရေး၏တိုက်ခိုက်မှုများကြောင့် သေဆုံးသူ ၂,၅၀၉ ဦး ရှိကာ ထိခိုက်ဒဏ်ရာရသူ ၇,၇၅၅ ဦးရှိကြောင်း လက်ဘနွန် ကျန်းမာရေးဝန်ကြီးဌာန၏ ဧပြီ ၂၆ ရက်တွင် ထုတ်ပြန်သော အချက်အလက်များအရ သိရသည်။ (Xinhua)

——————
(Chinese Version)
黎真主党驳斥以总理言论 称袭击属正当回应
新华社贝鲁特4月26日电(记者申峰)据黎巴嫩真主党旗下灯塔电视台26日报道,真主党当天发表声明,驳斥以色列总理内塔尼亚胡所谓以方在黎“拥有行动自由”的言论,称真主党袭击以色列是对以方多次违反停火协议的“正当回应”。
内塔尼亚胡当天指认黎真主党破坏停火协议,称以方正根据与美国、黎巴嫩政府达成的协议,采取“积极行动”。“这意味着我们拥有行动自由,不仅可以对袭击作出回应……还可以挫败迫在眉睫的威胁,并消除新出现的威胁。”
黎巴嫩真主党谴责上述言论,并警告说,以色列试图让黎巴嫩政府卷入一项仅由以色列与美国达成、而黎方既未参与也未认可的协议,是“极其危险的做法”。
声明指出,自停火生效以来,以色列违规行为已超过500次,包括炮击、拆毁民宅以及造成死伤的袭击。
黎巴嫩真主党表示,延长停火原本旨在推动实现真正停火,并促使以色列从其占领的黎领土撤军,但以方反而升级军事行动。
当地时间17日零时,为期10天的黎以停火生效。但以色列继续以黎真主党违反停火协议为由发动袭击。美国总统特朗普23日宣布黎以停火延长三周。
黎巴嫩卫生部26日公布的数据显示,自3月2日黎以战火重燃以来,以色列对黎巴嫩发动的袭击已造成2509人死亡、7755人受伤。(完)
图说:这是4月26日拍摄的集结在以黎边界以色列一侧的以军部队。新华社发(吉尔·科恩·马根摄)