Social, Education & Health
တရုတ်နိုင်ငံက ကမ္ဘာပေါ်တွင် လုံခြုံမှုအရှိဆုံး နေရာတစ်ခုဖြစ်ဟု အီဂျစ်ကမ္ဘာလှည့်ခရီးသည် ပြော
နန်ချန်း၊ ဧပြီ ၂၆ ရက် (ဆင်ဟွာ)
အီဂျစ်နိုင်ငံသား စွန့်စားသွားလာသူနှင့် ကမ္ဘာလှည့်ခရီးသည်တစ်ဦးဖြစ်သူ အာမက် ဟက်ဂါဂိုဗစ်သည် နိုင်ငံပေါင်း ၁၉၁ နိုင်ငံသို့ သွားရောက်လည်ပတ်ခဲ့သူဖြစ်ကာ ၎င်းအတွက် ထူးထူးခြားခြား အမှတ်ရစရာကောင်းသည့် နိုင်ငံတစ်နိုင်ငံမှာ တရုတ်နိုင်ငံဖြစ်သည်။“အဲဒီက ရထားဘူတာမှာ လူပေါင်းသန်းဝက်လောက်ရှိပေမဲ့ ကျွန်တော့်အိတ်ကို ဒီအတိုင်းထားခဲ့လို့ရတယ်။ အဲဒီလိုထားခဲ့ရင် တစ်ယောက်ယောက်က ယူသွားလိမ့်မယ်လို့ မထင်ပါဘူး” ဟု ၎င်းက ပြောသည်။ “တရုတ်နိုင်ငံဟာ ကလေးငယ်တွေ၊ မိသားစုတွေနဲ့ အမျိုးသမီးတွေအဖို့ ညဘက်မှာသွားလာဖို့ ဘေးကင်းလုံခြုံတဲ့ နေရာတစ်ခုပါပဲ” ဟု ၎င်းက ဆက်လက်ပြောသည်။

တရုတ်နိုင်ငံ အရှေ့ပိုင်း ကျန်းရှီးပြည်နယ် နန်ချန်းမြို့၌ ဆင်ဟွာသတင်းဌာန၏ အင်တာဗျူးတစ်ခုကို လက်ခံဖြေကြားနေသည့် အီဂျစ်နိုင်ငံသား စွန့်စားသွားလာသူနှင့် ကမ္ဘာလှည့်ခရီးသည်တစ်ဦးဖြစ်သူ အာမက် ဟက်ဂါဂိုဗစ် (ယာ) အား ၂၀၂၆ ခုနှစ် ဧပြီ ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
“ခရီးသွားဘုရင်” ဟု လူသိများသည့် အသက် ၄၁ နှစ်အရွယ် ဟက်ဂါဂိုဗစ်မှာ ၂၀၀၇ ခုနှစ်တွင် ကမ္ဘာအနှံ့ ခရီးသွားလာမှုများကို စတင်ခဲ့ခြင်းဖြစ်သည်။ Facebook တွင် ပရိသတ် ၅.၂၅ သန်းရှိကာ Instagram တွင် ဖော်လိုဝါ ၁.၃၂ သန်းရှိရာ ကမ္ဘာကြီးအား မျှမျှတတနှင့် တိတိကျကျ ပုံဖော်ပေးရာတွင် များစွာအရေးပါလျက်ရှိသည်။
“မျက်မြင်ကိုယ်တွေ့မှ ယုံကြည်ကြတယ်လေ။ ကျွန်တော်က လက်တွေ့အရှိတရားကိုပဲ ရိုက်ကူးပြသတာမို့လို့ လူတွေက ကျွန်တော့်ရဲ့ဗီဒီယိုတွေကို ကြိုက်ကြတာပါ။ သူတို့က ကျွန်တော့်ရဲ့အမြင်အာရုံနဲ့ ဗီဒီယိုတွေကိုသုံးပြီး သူတို့ကိုယ်တိုင် ကမ္ဘာပတ်ပြီး ခရီးသွားနေသလိုမျိုး ခံစားပုံဖော်နေကြတာပါ” ဟု ၎င်းက ဆိုသည်။

တရုတ်နိုင်ငံ အရှေ့ပိုင်း ကျန်းရှီးပြည်နယ် နန်ချန်းမြို့ရှိ ပြည်ပတင်ပို့သည့် အဝတ်အထည်ကုမ္ပဏီတစ်ခု၌ ဆိုရှယ်မီဒီယာပေါ်မှ ပရိသတ်များအတွက် တီရှပ်များကို စိတ်တိုင်းကျပြုလုပ်နေသော အီဂျစ်နိုင်ငံသား စွန့်စားသွားလာသူနှင့် ကမ္ဘာလှည့်ခရီးသည်တစ်ဦးဖြစ်သူ အာမက် ဟက်ဂါဂိုဗစ် (ယာ) အား ၂၀၂၆ ခုနှစ် ဧပြီ ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
“ဒီတစ်ကြိမ်က တရုတ်နိုင်ငံကို ၁၅ ကြိမ်မြောက် အလည်အပတ်လာတာပါ။ ကျွန်တော်လာတဲ့ အကြိမ်တိုင်းမှာလည်း အသစ်အဆန်းတွေ ဖြစ်နေတတ်တယ်ဗျ။ ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်းမှာ တရုတ်နိုင်ငံက အကြီးအကျယ် ပြောင်းလဲသွားခဲ့တယ်” ဟု ဟက်ဂါဂိုဗစ်က ပြောသည်။ ၎င်းအနေဖြင့် အမျိုးမျိုးသော ဒေသအလိုက် ယဉ်ကျေးမှုဓလေ့များကို ကိုယ်တိုင်ကြုံတွေ့ခံစားနိုင်ရန် တစ်ကြိမ်နှင့်တစ်ကြိမ် မတူညီသော မြို့များသို့ သွားရောက်လည်ပတ်လေ့ရှိသည်။
တရုတ်နိုင်ငံ အရှေ့ပိုင်း ကျန်းရှီးပြည်နယ် နန်ချန်းမြို့ရှိ ပြည်ပတင်ပို့သည့် အဝတ်အထည်ကုမ္ပဏီ၏ အထည်ချုပ်စက်ရုံတစ်ရုံသို့ သွားရောက်စဉ် ဟက်ဂါဂိုဗစ်က အထည်များကို လက်ဖြင့်ကိုင်ကြည့်ကာ အရောင်များကို ဂရုတစိုက် ရွေးချယ်ခဲ့သည်။ “ကျွန်တော့်ရဲ့ ဆိုရှယ်မီဒီယာပေါ်က ပရိသတ်တွေအတွက် တီရှပ်ဒီဇိုင်းတွေကို စိတ်တိုင်းကျရွေးပေးချင်ပါတယ်” ဟု ၎င်းက ပြောသည်။
ဟက်ဂါဂိုဗစ်သည် ၂၀၁၀ ပြည့်နှစ်တွင် ရုရှားနိုင်ငံမှ တရုတ်နိုင်ငံသို့ ရထားဖြင့် ပထမဆုံးအကြိမ် လာရောက်ခဲ့ခြင်းဖြစ်သည်။ “ကျွန်တော် ရထားပေါ်မှာ တရုတ်လူမျိုးတွေနဲ့ ပထမဆုံးအကြိမ်ဆုံခဲ့တယ်။ သူတို့က အင်္ဂလိပ်စကား မပြောတတ်သလို ကျွန်တော်ကလည်း တရုတ်စကားမပြောတတ်ပေမဲ့ ကျွန်တော်တို့ အစားအသောက်တချို့ကို မျှဝေစားသောက်ခဲ့ကြတယ်” ဟု ၎င်းက ပြောပြခဲ့သည်။
“ကျွန်တော် တရုတ်နိုင်ငံကိုရောက်တဲ့အခါ တရုတ်နိုင်ငံက ကျွန်တော်ထင်ထားတာနဲ့ လုံးဝကွဲပြားခြားနားနေမှန်း သိလိုက်ရတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။ဟက်ဂါဂိုဗစ်က တရုတ်နိုင်ငံ၏ အခြေခံအဆောက်အအုံ၊ နည်းပညာနှင့် မြို့ပြအခင်းအကျင်းတို့တွင် အံ့အားသင့်ဖွယ် အပြောင်းအလဲများကို ရည်ညွှန်း၍ တရုတ်နိုင်ငံတစ်ဝန်း ဖွံ့ဖြိုးတိုးတက်မှုများကို အလေးထားပြောဆိုခဲ့သည်။
“မကြာခင်က ဒရုန်းနဲ့ ပစ္စည်းပို့တာတွေ၊ မြန်နှုန်းမြင့်ရထားတွေ၊ စက်ရုပ်တွေနဲ့ မောင်းသူမဲ့ မော်တော်ကားတွေအကြောင်းကို ကျွန်တော် ဗီဒီယိုတွေတင်ခဲ့တယ်။ တရုတ်နိုင်ငံကို အလည်အပတ်သွားချင်တယ်လို့ ကျွန်တော့်ကို ပြောလာတဲ့သူတွေ တစ်နေ့တခြား ပိုများလာတယ်” ဟု ဟက်ဂါဂိုဗစ်က ဆိုသည်။”ကျွန်တော် ခရီးသွားတစ်ယောက်အနေနဲ့ တရုတ်နိုင်ငံအကြောင်း လူတွေပိုပြီးသိလာအောင် ကမ္ဘာကြီးကို ဆက်ပြီးပြောပြချင်ပါတယ်” ဟုလည်း ၎င်းက ပြောသည်။ (Xinhua)
………………………………………………………….
(English Version)
China is one of the safest places on earth: Egyptian world traveler
NANCHANG, April 26 (Xinhua) — Egyptian adventurer and world traveler Ahmed Haggagovic has visited 191 countries. One country in particular stands out: China.
“I can leave my bag at the train station, even though there are half a million people there. I think it’s unlikely that someone will take it,” he said. “China is a safe place for children, families, and females to walk on the street at night.”
Known as “the king of travel,” the 41-year-old world adventurer began his global travels in 2007. With 5.25 million fans on Facebook and 1.32 million followers on Instagram, the stakes are high to portray the world fairly and accurately.
“Seeing is believing. People like my videos because I film reality. They use my eyes and videos as if they themselves are traveling the world,” he said.
“This is my 15th time visiting China, and each time I come, new things are happening. Over the past ten years, China has tremendously changed,” Haggagovic said. With each visit, he pops into different cities to experience various regional cultures.
Walking through a clothing factory in Nanchang, an export-trade clothing company in east China’s Jiangxi Province, Haggagovic carefully selects colors while touching the fabric with his hand. “I want to customize a batch of T-shirts for my social media and fans.”
In 2010, Haggagovic traveled by train from Russia to China for the first time. “On the train, I saw Chinese people for the first time. They didn’t speak English, and I didn’t speak Chinese, but we shared some food.”
“When I arrived in China, I realized China was completely different from what I had imagined,” he said.
Haggagovic noted developments across China, citing astonishing changes in the country’s infrastructure, technology, and urban landscapes.
“Recently, I posted the videos of drone delivery, high-speed trains, robots and self-driving cars in China. More and more people on social media tell me they want to visit China,” said Haggagovic.
“As a traveler, I want to keep promoting China to the world.”
English Caption 1
This photo taken with a mobile phone shows Egyptian adventurer and world traveler Ahmed Haggagovic (R) taking a selfie with a worker at an export-trade clothing company in Nanchang, east China’s Jiangxi Province, April 21, 2026. (Xinhua/Pan Xiaojing)
English Caption 2
This screenshot from a video clip shows Egyptian adventurer and world traveler Ahmed Haggagovic receiving an interview with Xinhua in Nanchang, east China’s Jiangxi Province, April 21, 2026. (Xinhua/Pan Xiaojing)
English Caption 3
This photo taken with a mobile phone shows Egyptian adventurer and world traveler Ahmed Haggagovic (R) customizing T-shirts for his social media and fans at an export-trade clothing company in Nanchang, east China’s Jiangxi Province, April 21, 2026. (Xinhua/Pan Xiaojing)
