Connect with us

Latin America

၂၀၂၅ ခုနှစ် အာဂျင်တီးနား “တရုတ်-ရှန်ဟိုင်း ရုပ်ရှင် ရက်သတ္တပတ်” ကို ဗျူနိုအေးရိစ်မြို့တွင် ကျင်းပ

အာဂျင်တီးနားနိုင်ငံ မြို့တော် ဗျူနိုအေးရိစ်ရှိ Liberty Temple တွင် ရုပ်ရှင်မကြည့်ရှုမီ အပြန်အလှန် တုံ့ပြန်အားပေးနေသော ပရိသတ်များအား မေ ၁၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဗျူနိုအေးရိစ်၊ မေ ၁၂ ရက် (ဆင်ဟွာ)
၂၀၂၅ ခုနှစ် အာဂျင်တီးနား “တရုတ်-ရှန်ဟိုင်း ရုပ်ရှင်ရက်သတ္တပတ်” ကို အာဂျင်တီးနားနိုင်ငံ မြို့တော် ဗျူနိုအေးရိစ်ရှိ Liberty Temple တွင် မေ ၁၁ ရက်က ဖွင့်လှစ်ကျင်းပခဲ့ရာ ဒေသခံပြည်သူ ရာနှင့်ချီ၍ လာရောက် ကြည့်ရှုခဲ့ကြသည်။ ရှန်ဟိုင်းမြို့ ပုံရိပ်ပြပွဲသည်လည်း ယင်းနေ့တွင်ပင် ဖွင့်လှစ်ကျင်းပခဲ့ရာ ဓာတ်ပုံလက်ရာ၊ မှတ်တမ်းရုပ်ရှင်နှင့် ဗီဒီယို အတို ၈၀ ကျော် ပြသခဲ့ပြီး အာဂျင်တီးနား သတင်းမီဒီယာနယ်ပယ်၊ ယဉ်ကျေးမှုနယ်ပယ်မှ ကိုယ်စားလှယ်များနှင့် ဒေသခံပရိသတ် ၁၀၀ နီးပါးအား လာရောက်ကြည့်ရှုရန်ဆွဲဆောင်ခဲ့သည်။ (Xinhua)

အာဂျင်တီးနားနိုင်ငံ မြို့တော် ဗျူနိုအေးရိစ်ရှိ Liberty Temple တွင် ရှန်ဟိုင်းမြို့ ပုံရိပ်ပြပွဲကို လာရောက်ကြည့်ရှုသော ပရိသတ်အား မေ ၁၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

……………………………..
(Chinese Version)
2025阿根廷“中国·上海电影周”在布宜诺斯艾利斯举行
新华社照片,布宜诺斯艾利斯,2025年5月12日
2025阿根廷“中国·上海电影周”11日在位于阿根廷首都布宜诺斯艾利斯的自由宫开幕,近百名当地民众前来观影。上海城市影像展当天同时开幕,展出80余幅摄影作品以及纪录片和短视频,吸引阿根廷新闻界、文化界代表及当地观众近百人前来观展。
图说:5月11日,在阿根廷首都布宜诺斯艾利斯的自由宫,观众在观影前互动。 新华社记者 孟鼎博 摄
图说:5月11日,观众在阿根廷首都布宜诺斯艾利斯的自由宫参观上海城市影像展。新华社记者 孟鼎博 摄