Connect with us

Latin America

ထရမ့်ထံ မာဒူရို စာလွှာ ပေးပို့ခဲ့ကြောင်း ဗင်နီဇွဲလား အတည်ပြု

ဗင်နီဇွဲလားနိုင်ငံ မြို့တော် ကရာကတ်စ်တွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲ၌ စကားပြောကြားနေသော ဗင်နီဇွဲလားသမ္မတ နီကိုလပ်စ် မာဒူရိုအား စက်တင်ဘာ ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကရာကတ်စ်၊ စက်တင်ဘာ ၂၂ ရက် (ဆင်ဟွာ)
ဗင်နီဇွဲလားနိုင်ငံ သမ္မတ နီကိုလပ်စ် မာဒူရိုက အမေရိကန်သမ္မတ ထရမ့်ထံ ယခုလဆန်းပိုင်းက ပေးပို့ခဲ့သော စာလွှာပါ အကြောင်းအရာကို ဗင်နီဇွဲလားနိုင်ငံ၏ ဒုတိယသမ္မတ Delcy Rodríguez က စက်တင်ဘာ ၂၁ ရက်တွင် လူမှုကွန်ရက်ပေါ်၌ ထုတ်ပြန်ခဲ့ကာ အမေရိကန်နိုင်ငံအနေဖြင့် ဗင်နီဇွဲလားနိုင်ငံ၊ ကာရေဘီယံပင်လယ်ပြင်နှင့် တောင်အမေရိကဒေသများကို ပစ်မှတ်ထားသော စစ်ရေးခြိမ်းခြောက်မှုများ ရပ်တန့်သင့်ကြောင်း ပြောကြားခဲ့သည်။
Rodríguez က ဤစာလွှာကို စက်တင်ဘာ ၆ ရက်က တောင်အမေရိက ကြားခံလူတစ်ဦးမှတစ်ဆင့် စာလွှာလက်ခံသူထံ လွှဲပြောင်းပေးခဲ့ကြောင်း၊ စာလွှာ၏ အကြောင်းအရာတစ်စိတ်တစ်ပိုင်းသည် အမေရိကန်မီဒီယာတွင် ပေါက်ကြားခဲ့သောကြောင့် ဗင်နီဇွဲလားအစိုးရအနေဖြင့် အကြောင်းအရာ အပြည့်အစုံကို လူသိရှင်ကြား ထုတ်ပြန်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ကိုလံဘီယာ၌ ထုတ်လုပ်သော မူးယစ်ဆေးဝါး၏ ၅ ရာခိုင်နှုန်းခန့်သာ ဗင်နီဇွဲလားမှတစ်ဆင့် ပြည်ပသို့ ပို့ဆောင်ရန် ကြိုးပမ်းနေခြင်းဖြစ်ပြီး ထိုမူးယစ်ဆေးဝါးများကို နှစ်နိုင်ငံနယ်စပ်မျဉ်းအနီးတွင် ကြားဖြတ်သိမ်းဆည်းကာ ဖျက်ဆီးခဲ့ကြောင်း မာဒူရိုက ကုလသမဂ္ဂ ဒေတာများကို ကိုးကား၍ စာလွှာတွင် ပြောကြားခဲ့သည်။ အနောက်ကမ္ဘာခြမ်းတစ်ခွင်လုံး ငြိမ်းချမ်းမှုကို ထိန်းသိမ်းကာကွယ်ရန် ၎င်းသည် စာလွှာတွင် သဘောကွဲလွဲမှုများအား ဆွေးနွေးမှုမှတစ်ဆင့် ကိုင်တွယ်ဖြေရှင်းရန် ထရမ့်အား ကမ်းလှမ်းခဲ့သေးသည်။
လတ်တလောတွင် ဗင်နီဇွဲလား-အမေရိကန် ဆက်ဆံရေး စဉ်ဆက်မပြတ် တင်းမာလျက်ရှိသည်။ အမေရိကန်သည် “လက်တင်အမေရိက မူးယစ်ဆေးဝါးရောင်းချသည့်အဖွဲ့အား တိုက်ဖျက်ရေး” ဟူသော အကြောင်းပြချက်ဖြင့် ဗင်နီဇွဲလားနိုင်ငံ အနီးတစ်ဝိုက်ရှိ ကာရေဘီယံပင်လယ်ပြင်တွင် စစ်သင်္ဘောအများအပြားကို ဖြန့်ကြက်ခဲ့သည်။ စက်တင်ဘာ ၂၁ ရက် အစောပိုင်းတွင် သတင်းထောက်က မာဒူရို၏ ပေးစာ လက်ခံရရှိခြင်း ရှိမရှိကို ထရမ့်အား မေးမြန်းခဲ့ရာ ထရမ့်က တိုက်ရိုက်ဖြေကြားခြင်းမရှိဘဲ “ဗင်နီဇွဲလား ဘာဖြစ်မလဲဆိုတာ ကျွန်တော်တို့ ကြည့်ရအောင်” ဟူ၍ ပြောကြားခဲ့သည်။ (Xinhua)

အမေရိကန်နိုင်ငံ မြို့တော် ဝါရှင်တန်ရှိ အိမ်ဖြူတော်တွင် သတင်းထောက်များ၏ မေးမြန်းမှုကို ဖြေကြားနေသော အမေရိကန် သမ္မတ ထရမ့်အား စက်တင်ဘာ ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

……………………..
(Chinese Version)
委内瑞拉证实马杜罗曾致信特朗普
新华社加拉加斯9月21日电(记者廖思维)委内瑞拉副总统罗德里格斯21日在社交媒体公布了总统马杜罗本月初致美国总统特朗普的信函内容,并表示美国应停止针对委内瑞拉、加勒比海域和南美洲的军事威胁。
罗德里格斯表示,这封信于6日通过一位南美洲中间人转交给收件人,由于信函部分内容已在美国媒体上泄露,委政府决定将全文公之于众。
马杜罗在信中援引联合国数据说,哥伦比亚生产的毒品仅有约5%试图通过委内瑞拉运输出境,而这些毒品在两国边境线附近被截获并销毁。他还在信中邀请特朗普通过对话解决分歧,维护整个西半球的和平。
近期,委美关系持续紧张。美国以“打击拉美贩毒集团”为由在委内瑞拉附近的加勒比海域部署多艘军舰。21日早些时候,曾有记者问及特朗普是否收到过马杜罗的信函,他没有直接回答,而是说“让我们看看委内瑞拉会发生什么”。(完)
图说1:9月1日,委内瑞拉总统马杜罗在首都加拉加斯举行的新闻发布会上讲话。新华社发(萨尔戈多摄)
图说2:9月16日,在美国首都华盛顿白宫,美国总统特朗普回答记者提问。新华社记者 胡友松 摄