Media
မြန်မာနိုင်ငံတွင် ရေပန်းစားလာသည့် တရုတ်နိုင်ငံထုတ် လျှပ်စစ်နှစ်ဘီးတပ်ယာဉ်များ
ရန်ကုန်၊ အောက်တိုဘာ ၁၈ ရက် (ဆင်ဟွာ)
သမားရိုးကျ လောင်စာစွမ်းအင်သုံး မော်တော်ဆိုင်ကယ်များထက် ဈေးနှုန်းချိုသာပြီး ဂေဟစနစ်နှင့်လျော်ညီသော အစားထိုးယာဉ်များအဖြစ် တရုတ်နိုင်ငံမှ တင်သွင်းသည့် လျှပ်စစ်မော်တော်ဆိုင်ကယ်များသည် မြန်မာနိုင်ငံတစ်ဝန်းတွင် ပိုမိုဆွဲဆောင်မှုရှိလာကြောင်း ဒေသတွင်းရောင်းချသူများက ပြောကြားခဲ့ကြသည်။ Myanmar Industrial & All Printing Expo ပြပွဲကို အောက်တိုဘာ ၁၇ ရက် မှ ၁၉ ရက်အထိ မြန်မာနိုင်ငံ ရန်ကုန်မြို့ Yangon Convention Center (YCC) တွင် ကျင်းပလျက်ရှိပြီး လျှပ်စစ်မော်တော်ဆိုင်ကယ်များလည်း ထည့်သွင်းပြသလျက်ရှိကြောင်း သိရသည်။ လျှပ်စစ်မော်တော်ဆိုင်ကယ်များသည် ဓာတ်ဆီသုံးယာဉ်များထက် သိသိသာသာ သာလွန်သည့် အကျိုးကျေးဇူးများရှိသလို ယင်းတို့မှာ လောင်စာဆီမလိုအပ်ဘဲ၊ ပတ်ဝန်းကျင်ကို မထိခိုက်စေဘဲ နေအိမ်မှာပင် အဆင်ပြေပြေ အားသွင်းနိုင်ကြောင်း၊ အသံငြိမ်၍ ကုန်ကျစရိတ်သက်သာကာ ထိန်းသိမ်းရလွယ်ကူကြောင်း ပြည်တွင်းရှိ လျှပ်စစ်မော်တော်ဆိုင်ကယ် တပ်ဆင်ထုတ်လုပ်ရောင်းချသည့် ကုမ္ပဏီတစ်ခု၏ ဈေးကွက်ရှာဖွေရေး တာဝန်ခံ တစ်ဦးက သုံးသပ်ပြောကြားသည်။ (Xinhua)