China
၂၈ ကြိမ်မြောက် အာဆီယံနှင် တရုတ်-ဂျပန်-တောင်ကိုရီးယား အကြီးအကဲများ အစည်းအဝေးအား လီချန် တက်ရောက်
ပေကျင်း၊ အောက်တိုဘာ ၂၇ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီချန်သည် ဒေသစံတော်ချိန် အောက်တိုဘာ ၂၇ ရက်တွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၌ ၂၈ ကြိမ်မြောက် အာဆီယံနှင် တရုတ်-ဂျပန်-တောင်ကိုရီးယား အကြီးအကဲများ အစည်းအဝေးအား တက်ရောက်ခဲ့သည်။
အစည်းအဝေးတွင် လီချန်က ရှေးဦးစွာ အရှေ့တီမောနိုင်ငံ အာဆီယံမိသားစုဝင်ထဲ၌ တရားဝင်ပါဝင်လာခြင်းကို ဂုဏ်ပြုခဲ့သည်။
လွန်ခဲ့သည့်တစ်နှစ်အတွင်း အာဆီယံနှင့် တရုတ်-ဂျပန်-တောင်ကိုရီးယား ပူးပေါင်းဆောင်ရွက်မှု အခြေအနေတစ်ရပ်လုံးသည် ကောင်းမွန်သည့် အလားအလာကို ထိန်းသိမ်းထားပြီး အရှေ့အာရှစီးပွားရေး၏ ကြံ့ကြံ့ခံနိုင်မှုနှင့် ရှင်သန်မှုစွမ်းအားများကို ပြသခဲ့ကြောင်း၊ တစ်ချိန်တည်းတွင် နိုင်ငံတကာ စီးပွားရေးနှင့် ကုန်သွယ်ရေး အခင်းအကျင်း ရှုပ်ထွေးစွာပြောင်းလဲလာမှု၏ အကျိုးသက်ရောက်ခံရမှုကြောင့် အရှေ့အာရှ စီးပွားရေး ရင်ဆိုင်နေရသည့် အခက်အခဲနှင့် စိန်ခေါ်မှုများလည်း တိုးများလာကာ ဖွံ့ဖြိုးတိုးတက်ရေး မတည်ငြိမ်မှုနှင့် မသေချာမရေရာမှုများ သိသိသာသာ မြင့်တက်လာကြောင်း၊ လက်ရှိအခက်အခဲအား ရင်ဆိုင်ရာတွင် မိမိတို့အနေဖြင့် သမိုင်း၏အတွေ့အကြုံများမှ ဉာဏ်ပညာနှင့် အင်အားကို ရယူနိုင်ကြောင်း လီချန်က ပြောကြားခဲ့သည်။
လွန်ခဲ့သည့်ဆယ်စုနှစ်များအတွင်း အရှေ့အာရှသည် ကာလကြာရှည်စွာ ကမ္ဘာ့စီးပွားရေးတိုးတက်မှုနှုန်း အမြင့်ဆုံးဒေသ ဖြစ်ခဲ့ပြီး စီးပွားရေးအံ့ဖွယ်များ တစ်ခုပြီးတစ်ခု ဖန်တီးခဲ့ရာ ယနေ့တိုင် မိမိတို့က စိတ်အားတက်ကြွ၍ များစွာဂုဏ်ယူနေရဆဲဖြစ်ကြောင်း၊ တံခါးဖွင့်လှစ်၍ ပူးပေါင်းဆောင်ရွက်ခြင်းသည် မိမိတို့က လက်တွေ့လုပ်ဆောင်မှုများအတွင်း စူးစမ်းလေ့လာ၍ အနှစ်ချုပ်ရယူထားသော အဖိုးတန် အတွေ့အကြုံဖြစ်ရာ များစွာတန်ဖိုးထား၍ အစဉ်အမြဲ လက်ကိုင်ထားခြင်းဖြင့် ၎င်းကို အရှေ့အာရှစီးပွားရေး၏ ထင်ရှားသော အားသာချက်နှင့် အနိုင်ရယူသည့် အဖိုးတန်သော့ချက်အဖြစ် ဆက်လက်ထားရှိရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
အရှေ့အာရှ၏ အံ့ဖွယ်သည် အတိတ်ကာလ၌သာမဟုတ်ဘဲ လက်ရှိကာလ၌ ဖြစ်နေဆဲပင် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ဘက်အသီးသီးနှင့်အတူ ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာချိတ်ဆက်မှုများကို မြှင့်တင်သွားရန်၊ တံခါးဖွင့် ပူးပေါင်းဆောင်ရွက်မှုကို အခိုင်အမာလက်ကိုင်ထားရန်၊ စီးပွားရေးအလားအလာကို စဉ်ဆက်မပြတ် ဖော်ထုတ်ရန်၊ ပိုမိုကျယ်ပြန့်သော ဖွံ့ဖြိုးတိုးတက်ရေးအလားအလာ ချဲ့ထွင်ရန် ဆန္ဒရှိကြောင်း လီချန်က ထောက်ပြ ပြောကြားခဲ့သည်။
ပထမအနေဖြင့် ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေးအပေါ် အကျိုးဖြစ်ထွန်းစေသော ပတ်ဝန်းကျင်ကောင်းကို တည်ဆောက်မည် ဖြစ်ကြောင်း၊ အရှေ့အာရှ၏ ခဲယဉ်းစွာ ရရှိလာသော ငြိမ်းချမ်းတည်ငြိမ်ရေး အခင်းအကျင်းကို အစွမ်းကုန် ကာကွယ်ဆောင်ရှောက်သွားမည် ဖြစ်ပြီး ကွဲလွဲမှုများကို ဆွေးနွေးညှိနှိုင်းမှုမှတစ်ဆင့် ကောင်းမွန်သင့်လျော်စွာဖြေရှင်းရေးကို အခိုင်အမာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လွတ်လပ်သောကုန်သွယ်ရေးနှင့် နိုင်ငံပေါင်းစုံကုန်သွယ်ရေးစနစ်ကို အတူတကွ ကာကွယ်ထိန်းသိမ်းသွားမည် ဖြစ်ပြီး ပုံသဏ္ဌာန်အမျိုးမျိုးသော ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒကို ဆန့်ကျင်ကာ ဒေသတွင်းစီးပွားရေး တစ်သားတည်းအသွင်ပြောင်းရေး လုပ်ငန်းစဉ်ကို စဉ်ဆက်မပြတ် တွန်းအားပေးသွားမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ဒုတိယအနေဖြင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းကွင်းဆက်နှင့် ထောက်ပံ့ရေးကွင်းဆက် ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းအောင် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ကိုယ်စီအားသာချက်များကို ပို၍ကောင်းမွန်စွာ အသုံးပြုကာ ချိတ်ဆက်ပူးပေါင်းဆောင်ရွက်မှုများကို တစ်ဆင့်တိုးမြှင့်တင်သွားမည် ဖြစ်သလို တာဝန်ခွဲ၍ ညှိနှိုင်းပူးပေါင်းဆောင်ရွက်ခြင်းအဆင့်ကို မြှင့်တင်ပြီး အဓိကအကြောင်းအရာများ စီးဆင်းသည့်ထိရောက်မှုကို တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အစည်းအဝေးက ထုတ်ပြန်သည့် ဒေသတွင်းစီးပွားရေးနှင့် ဘဏ္ဍာရေးပူးပေါင်းဆောင်ရွက်မှု အားဖြည့်ရေးဆိုင်ရာ ကြေညာချက်ကို တရုတ်နိုင်ငံအနေဖြင့် ဘက်အသီးသီးနှင့်အတူ ကောင်းမွန်စွာ အကောင်အထည်ဖော်ဆောင်ရွက်လိုကြောင်း၊ ဘဏ္ဍာရေး၊ ကုန်သွယ်စီးပွားရေး၊ စားနပ်ရိက္ခာဖူလုံရေး စသည့် လက်တွေ့ပူးပေါင်းဆောင်ရွက်မှုများကို တွန်းအားပေးဆောင်ရွက်ကာ ပို၍များပြားသော ပူးပေါင်းဆောင်ရွက်ခြင်း၏ ထင်ရှားမှုများနှင့် တိုးတက်မှုများကို တည်ဆောက်သွားလိုကြောင်း လီချန်က ပြောကြားခဲ့သည်။
တတိယအနေဖြင့် ဖွံ့ဖြိုးတိုးတက်ရေးတွန်းအားသစ်ကို ကြီးထွားတောင့်တင်းအောင် အတူတကွ ပျိုးထောင်သွားမည် ဖြစ်ကြောင်း၊ သိပ္ပံနည်းပညာဆန်းသစ်တီထွင်ရေး ထောက်ခံအားပေးမှုကို ပို၍ အားဖြည့်ဆောင်ရွက်သွားမည် ဖြစ်ရာ ပူးတွဲ၍ သိပ္ပံနည်းပညာအခက်အခဲများကို ထိုးဖောက်မှုသွားမည် ဖြစ်ကြောင်း၊ “Zero-to-One” တီထွင်ဖန်တီးနိုင်စွမ်းကို စဉ်ဆက်မပြတ်မြှင့်တင်သွားမည် ဖြစ်သလို “1-to-N” အဖန်တလဲလဲ ထိရောက်မှုနှုန်းကို အဆင့်မြှင့်တင်သွားကာ ဖွံ့ဖြိုးတိုးတက်ရေး၏ ဆန်းသစ်ဖန်တီးမှုမောင်းနှင်အားကို မြှင့်တင်သွားမည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် ဘက်ပေါင်းစုံနှင့်အတူ ဒစ်ဂျစ်တယ်စီးပွားရေး၊ လျှပ်စစ်မော်တော်ယာဉ်၊ သန့်ရှင်းစွမ်းအင် စသည့် ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်ကာ ဖွံ့ဖြိုးတိုးတက်ရေး ဦးဦးဖျားဖျားအခွင့်အလမ်းကို လက်တွဲအတူ ဆုပ်ကိုင်သွားလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။
အစည်းအဝေးတက်ရောက်သော ခေါင်းဆောင်များက အာဆီယံနှင့် တရုတ်-ဂျပန်-တောင်ကိုရီးယား ပူးပေါင်းဆောင်ရွက်မှုယန္တရား ထူထောင်သည့်အချိန်မှစ၍ စိန်ခေါ်မှုများအား ကိုင်တွယ်စီမံခြင်း၊ ဖွံ့ဖြိုးတိုးတက်ရေးအား မြှင့်တင်ခြင်းတွင် အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်ကာ ကြွယ်ဝသော အောင်မြင်မှုရလဒ်များကို ရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။
လက်ရှိ နိုင်ငံတကာအခြေအနေ မရေရာမှုများ မြင့်တက်လျက်ရှိသလို ကုန်သွယ်ရေး ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒများက ဦးမော့ကာ စိန်ခေါ်မှုအမျိုးမျိုးနှင့် ရှုပ်ထွေးလျက်ရှိကြောင်း၊ ဘက်ပေါင်းစုံအနေဖြင့် တစ်ဆင့်တိုး စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်သင့်ရာ ဒေသတွင်း ဘုံအသိုက်အဝန်းအသိကို မြှင့်တင်ရန်၊ ငြိမ်းချမ်းတည်ငြိမ်သော ပတ်ဝန်းကျင်နှင့် နိုင်ငံပေါင်းစုံကုန်သွယ်ရေးစနစ်ကို ကာကွယ်ထိန်းသိမ်းရန်၊ တံခါးဖွင့်လှစ်၍ ဘုံအကျိုးဖော်ဆောင်မှုကို အခိုင်အမာလက်ကိုင်ထားရန်၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ဘဏ္ဍာရေး၊ စားနပ်ရိက္ခာဖူလုံရေး၊ အစိမ်းရောင်စီးပွားရေး၊ လူမှုယဉ်ကျေးမှု၊ ပြည်သူ့ကျန်းမာရေး၊ ဥတုရာသီပြောင်းလဲမှု၊ သဘာဝဘေးအန္တရာယ် လျော့နည်းရေး အရေးပေါ်ဆောင်ရွက်မှု၊ နိုင်ငံဖြတ်ကျော်ပြစ်မှုတိုက်ဖျက်ရေး စသည့် ကဏ္ဍပူးပေါင်းဆောင်ရွက်မှုများကို စဉ်ဆက်မပြတ် တွန်းအားပေးဆောင်ရွက်ရန်၊ ကုန်ထုတ်လုပ်မှုနှင့် ပံ့ပိုးမှုကွင်းဆက် ကြံ့ကြံ့ခံနိုင်ရည်ကို မြှင့်တင်ရန်၊ ဒေသတွင်းအပြန်အလှန်ချိတ်ဆက်မှုနှင့် စီးပွားရေး တစ်သားတည်းအသွင်ပြောင်းရေးကို တိုးမြှင့်ရန်၊ ဆန်းသစ်ဖန်တီးမှု၊ အားလုံးပါဝင်မှုနှင့် စဉ်ဆက်မပြတ်တိုးတက်ရေးကို တွန်းအားပေးဖော်ဆောင်ရန် လုပ်ဆောင်သင့်ကြောင်း ၎င်းတို့က ပြောကြားခဲ့သည်။
အစည်းအဝေးကို အာဆီယံ အလှည့်ကျဥက္ကဋ္ဌနိုင်ငံ မလေးရှားနိုင်ငံ ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်က ကြီးမှူးကျင်းပခဲ့သည်။ အစည်းအဝေးတွင် “ဒေသတွင်း စီးပွားရေးနှင့် ဘဏ္ဍာရေး ပူးပေါင်းဆောင်ရွက်မှု အားဖြည့်ရေးဆိုင်ရာ အာဆီယံနှင့် တရုတ်-ဂျပန်-ကိုရီးယား အကြီးအကဲများ ကြေညာချက်” ကိုလည်း ထုတ်ပြန်ခဲ့ကြောင်းသိရသည်။ (Xinhua)

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီချန်က ဒေသစံတော်ချိန် ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၇ ရက်တွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၌ ၂၈ ကြိမ်မြောက် အာဆီယံနှင် တရုတ်-ဂျပန်-တောင်ကိုရီးယား အကြီးအကဲများ အစည်းအဝေး တက်ရောက်စဉ် (ဆင်ဟွာ)
——————-
(Chinese Version)
李强出席第28次东盟与中日韩领导人会议
新华社吉隆坡10月27日电(记者毛鹏飞 王嘉伟)当地时间10月27日,国务院总理李强在马来西亚吉隆坡出席第28次东盟与中日韩领导人会议。
李强首先祝贺东帝汶正式加入东盟大家庭。李强表示,过去一年,东盟与中日韩合作总体保持向好势头,展现出东亚经济的韧性和活力。同时,受国际经贸格局复杂变化影响,东亚经济面临的困难挑战增多,发展的不稳定不确定性明显上升。面对眼前的困难,我们可以从历史经验中汲取智慧和力量。过去数十年,东亚长期是世界经济增速最快的地区,创造了一个又一个经济奇迹,时至今日依然令我们为之振奋,并倍感自豪。开放合作是我们在实践中探索和沉淀下来的宝贵经验,应当倍加珍惜、始终坚持,让它持续成为东亚经济的显著优势和制胜法宝。
李强指出,东亚奇迹不是过去时,而是进行时。中方愿同各方加强发展战略对接,坚持开放合作,持续释放经济潜力,开拓更广阔发展空间。一是营造有利于地区发展的良好环境。全力守护东亚来之不易的和平稳定局面,坚持通过对话协商妥善解决分歧,共同维护自由贸易和多边贸易体制,反对各种形式的保护主义,不断推进区域经济一体化进程。二是深化产业链供应链协同合作。更好发挥各自所长,进一步促进对接合作,提升分工协作水平,提高要素流通效率。中方愿同各方共同落实好会议发表的关于加强区域经济金融合作的声明,推进财金、经贸、粮食安全等务实合作,打造更多合作亮点和增长点。三是共同培育壮大发展新动能。更大力度支持科技创新,开展联合科技攻关,不断增强“从0到1”的创新能力,提升“从1到N”的迭代效率,加强对发展的创新驱动。中方愿同各方继续深化数字经济、电动汽车、清洁能源等合作,携手抢抓发展先机。
与会国家领导人表示,东盟与中日韩合作机制成立以来,在应对挑战、促进发展方面发挥重要作用,取得丰富成果。当前国际形势不确定性上升,贸易保护主义抬头,各类挑战复杂交织。各方应进一步团结协作,强化地区共同体意识,维护和平稳定环境和多边贸易体制,坚持开放共赢,持续推进贸易、投资、金融、粮食安全、绿色经济、人文、公共卫生、气候变化、应急减灾、打击跨国犯罪等领域合作,提升产供链韧性,促进地区互联互通和经济一体化,推动实现创新、包容和可持续发展。
会议由东盟轮值主席国马来西亚总理安瓦尔主持。会议发表《东盟与中日韩领导人关于加强区域经济金融合作的声明》。(完)
图说:当地时间10月27日,国务院总理李强在马来西亚吉隆坡出席第28次东盟与中日韩领导人会议。 新华社记者 李响 摄
