Videos
တရုတ်ရိုးရာယဉ်ကျေးမှု လမုန့်ပွဲတော်
ပေကျင်း၊စက်တင်ဘာ ၂၄ ရက် (ဆင်ဟွာ)
တရုတ်ရိုးရာယဉ်ကျေးမှု လမုန့်ပွဲတော် ကို လွန်ခဲ့သည့် နှစ်ပေါင်း ၁ဝဝဝ ခန့်ကတည်းက တရုတ်နိုင်ငံ တွင်ကျင်းပပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။ ဆောင်းဦးရာသီ၏ အလယ်ကျရောက်သည့် လ၏ အပြည့်ဆုံးဖြစ်သည့် နေ့ကို လမုန့်ပွဲတော်နေ့ သို့မဟုတ် ဆောင်းကာလလယ်ပွဲတော်နေ့ဟုသတ်မှတ်ကြခြင်းဖြစ်သည်။ ယခုနှစ်တွင် လမုန့်ပွဲတော်နေ့မှာ စက်တင်ဘာလ ၂၄ ရက် တနင်္လာနေ့ ကျရောက်သည်။ လမုန့်ပွဲတော်ဟုဆိုသည့်အတိုင်း ပွဲတော်ရက်များအတွင် လမုန့်များကို စားသုံးရပြီး တရုတ်နိုင်ငံတစ်ဝန်းလုံး၌ လမုန့်နှင့်သက်ဆိုင်သည့် ပျော်ပွဲရွှင်ပွဲများကို ဆင်နွှဲလေ့ရှိသည်။ တရုတ်နိုင်ငံရှန်ဟိုင်းမြို့တွင်လည်း လမုန့်ပြိုင်ပွဲကို ကျင်းပကာ ပွဲတော်ကိုကြိုဆိုခဲ့ကြသည်။အဆိုပါပြိုင်ပွဲတွင် လမုန့်များကို ရိုးရာအစဉ်အလာမပျက်အောင်နှင့်ခေတ်နှင့် လျော်ညီအောင်ဖန်တီးပြုလုပ်ယှဉ်ပြိုင်ရသည်။ ထို့အပြင် တရုတ်နိုင်ငံ အရှေ့တောင်ပိုင်းဖူကျန့်ရှိ ရှမိန်ဒေသတွင်လည်း ပန်ဒါလေးများအတွက် ၎င်းတို့အကြိုက် အရသာများပါဝင်သည့်လမုန့်များကို ကျွေးမွေးကာ လမုန့်ပွဲတော်နေ့ကို ဆင်နွှဲခဲ့ကြသည်။တရုတ်နိုင်ငံအနောက်တောင်ပိုင်းကွေ့ကျိုးတွင်လည်း တရုတ်ရိုးရာ လမုန့်ပွဲတော်ကို ကြိုဆိုဂုဏ်ပြုရန် ရိုးရာ မီးအိမ်ကလေးများကို ဒေသခံများက ဖန်တီးပြုလုပ်ခဲ့ကြသည်။ (Xinhua)